Skip to main content

Oct 23, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၄ ဦးအား All Nippon Airways လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2020

အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD) မှ စီစဉ်ကျင်းပသည့် Ethics & Best Practices ခေါင်းစဉ်ဖြင့် ရုပ်သံမှတ်တမ်းများ (Visual Archives) ဆိုင်ရာ အကြောင်းအရာများ၊ မှတ်တမ်းထိန်းသိမ်းခြင်း (Archiving) နှင့်စပ်လျဉ်းပြီး သိသင့်သိထိုက်သည့် ကျင့်ဝတ်များနှင့် စည်းမျဉ်းစည်းကမ်းများကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပို့ချသည့် သင်တန်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ ဝန်ထမ်းခြောက်ဦး တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2020

Young Insurance Co.,Ltd နှင့် SME-Development Bank တို့၏ ဘဏ်နှင့် အာမခံလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဖြစ်သော Bancassurance စတင်ဆောင်ရွက်ခြင်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ကျင်းပရာ Young Insurance Company မှ အကြီးတန်း အထွေထွေမန်နေဂျာ ဦးအောင်စိုးဦးနှင့် SME Development Bank CEO ဒေါက်တာဇေယျာညွန့် တို့က နှစ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလဲလှယ်လိုက်ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2020

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2020

အကြိမ် (၂၀) မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းက Blue Jeans Application အသုံးပြု၍ Virtual Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2020

မြန်မာစီးပွားရေးသံမှူးများ၏ ၎င်းတို့ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ရောဂါပိုး ရှိ၊ မရှိ လူဦးရေ ၅၃၈၀၈၆ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့သူ ၃၈၅၀၂ ဦး၊ သေဆုံးသူ ၉၄၅ ဦးနှင့် ရောဂါပျောက်ကင်းသူ ၁၈၁၄၇ ဦးရှိသည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2020

ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်မဟာဗျူဟာ (၂၀၁၈-၂၀၂၁) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ ဆန်းစစ်အကဲဖြတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2020

(၂၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၂-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၇၇၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁,၃၁၂)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် Shinhan Bank ၊ Shwe Daehan Motors Co., Ltd နှင့် NongHyup Bank and NongHyup Finance Myanmar တို့က Covid-19 Antigen Test Kits များနှင့် PPE များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2020

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများ၊ လူမှုဖူလုံရေးအကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်းများအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြု ထုတ်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2020

(၂၁-၁၀-၂၀၂၀) ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၉၄) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2020

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF)၊ ဦးဆောင် ညွှန်ကြားရေးမှူး Ms. Kristalina Georgieva နှင့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ များ စားပွဲဝိုင်းအစည်းအဝေး (Roundtable Meeting) ကို ယနေ့ နံနက် ၇ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2020

မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်ရှိ အတ္ထရံ မြစ်ကူးတံတား(စံပယ်ဂူ) တည်​​ဆောက်ပြီးစီး​နေမှုအ​ခြေအ​နေများအား ယမန်​နေ့ည​နေ ၄ နာရီခန့်က မွန်ပြည်နယ်ဝန်ကြီးချုပ်​ ဒေါက်တာ​အေးဇံနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီး၊ စည်ပင်သာယာ​ရေးနှင့်​ ဆောက်လုပ်​ရေးဝန်ကြီး၊

ဆက်လက်ဖတ်ရှုရန်

Oct 22, 2020

ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး (၈)ရုံးတို့မှ ပေးပို့လာသော ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များပါဝင်သည့် ချိတ်ပိတ်ထားသော သံတမန်ချောအိတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2020

၂၀၂၀ ပြည့်နှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့က ကြီးမှူးကျင်းပသည့် (၉) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက် ၈ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2020

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ ပန်းချီပြိုင်ပွဲ ကို “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့်  ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ကြီး၏ သာယာလှပမှုများ၊ အေးချမ်းပျော်ရွှင်မှုများ၊ ကြည်နူးဝမ်းမြောက်ဖွယ်ရာများ၊  နိုင်ငံ့ ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများ၊ သမိုင်းအစဉ်အလာကြီးမားခဲ့မှုများနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်နေပုံများ စသည်တို့ကို ဖော်ညွှန်းရေးဆွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။  

ဆက်လက်ဖတ်ရှုရန်

Oct 22, 2020

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသမှု လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2020

မြန်မာနိုင်ငံ ဒီဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီက စီစဉ်ကျင်းပမည့် “ဒီဂျစ် တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏ အရွေ့ (Digital Platforms and Future Direction of Book Industry Webinar)” အွန်လိုင်းဆွေးနွေးပွဲကို ၂၄−၁၀−၂၀၂၀(စနေနေ့) မွန်းလွဲ (၂)နာရီတွင် ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်