Skip to main content

Oct 01, 2020

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း ခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့် ကနဦး ဖွင့်လှစ် ခြင်း (Soft Opening) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ ၌ Zoom Application ဖြင့် ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး၊ ယင်းနှင့် ပူးတွဲ ကျင်းပ သော US-ASEAN Business Council – ASEAN Finance Minister and Central Bank Governors' Meeting ကို ယနေ့ နံနက်ပိုင်းတွင် Video Conferencing ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

နေပြည်တော် အောက်တိုဘာ ၁

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန် နိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့်  မြန်မာနိုင်ငံသား (၁၅၈) ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် (၈) ကြိမ်မြောက်  All Nippon Airways (ANA) လေကြောင်းလိုင်း ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀) နှစ်မှ (၈၅) နှစ်ကြားရှိ ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက အိမ်တိုင်ရာ ရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့အနေဖြင့် အကျပ်အတည်းတစ်ခုအတွင်းသို့ ကျရောက်လျက်ရှိနေသည်ကို အားလုံးအနေဖြင့် ကောင်းစွာသိရှိခံစားနားလည်ထားကြပြီးဖြစ်မည်ဟု မျှော်လင့်ပါသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို တစ်ဦးတစ်ယောက်ချင်းသာမက အစုအဖွဲ့လိုက် ခံစားရလျက်ရှိပါသည်။ ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာအနေဖြင့် ရောဂါကူးစက်ခံရလျက်ရှိပြီး အချို့မှာ မိမိတို့၏ချစ်ခင်မြတ်နိုးရသူများ ဆုံးရှုံးရလျက်ရှိသကဲ့သို့ လူဦးရေအများအပြားမှာလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးကြရလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အာရ်စီနှစ်ထပ် စံပြကျောင်းဆောင်သစ်အား မကွေးမြို့၊ အောင်ပဒေသာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိရာ စက်တင်ဘာလ ၂၅ ရက်နေ့က ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း   အဆိုပါ တာဝန်ယူ ဆောက်လုပ်သည့်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ကို ထံက သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးတို့၏ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်မှ ပါဝင်တက်ရောက် သည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

လူထုပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း(ခ) ပါစီပြည်ဟိန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီဥက္ကဋ္ဌ ဦးမင်းသူက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၃၀ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူ များ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြ လိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

ကိစ္စများမြောင် လူတို့ဘောင်ဆိုသည့်အတိုင်း ဘဝရှင်သန်နေထိုင် ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရှိသည်များကို လုပ်ဆောင်နေကြရင်း ဗြုန်းဆိုပေါ်ပေါက်လာသည့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်ကြီးနှင့် ကြုံရသည့်အခါ ကိစ္စများ မြောင်ဆိုတာထက် မကနိုင်တော့။ ကိစ္စများမြောင်ထက်ပိုသော တွေးတောဆင်ခြင်ရသည်များ၊ သမားရိုး ကျ လုပ်နေရသည်ထက် ပိုမိုပြင်ဆင်ရသည်များ၊ ပုံမှန်ကြုံတွေ့နေကျများထက် ဖြေရှင်းရသည်များက ပိုလာတော့၏။ ထို့ပြင် ပုံမှန်နေ့စဉ်လုပ်ကိုင်နေရသည်တို့ထက် ပိုမိုလာသည့် မဖြစ်မနေ လုပ်ရမည်များက ပခုံးပေါ်ရောက်လာ၏။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ မိသားစုဝင်ဖြစ်စေ၊ ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်စေ ၎င်းတို့ကြားတွင် ဖြစ်လေ့ ရှိသည့် ရည်ရွယ်ချက်ရှိရှိနှင့်ပြုလုပ်သော အကြမ်းဖက်မှုကို ဆိုလိုပါသည်။ အိမ်တွင်း အကြမ်းဖက်မှုသည် အသေး အမွှားလေးများမှ အစပြုပြီး ကြီးကြီးမားမား ဒုစရိုက်မှုပုံသဏ္ဌာန် မျိုးအထိ ဖြစ်လာတတ်သည်ကို တွေ့ရ သည်။ သို့သော် နယ်ပယ်အသိုက်အဝန်းတိုင်း၊ အိမ်တိုင်းအိမ်တိုင်း တော့ မဟုတ်ပေ။ အချို့ မိသားစုအိမ်တွင်း၌ ဖြစ်တတ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2020

(၃၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

(၂၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၃၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၆,၂၆၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၉၄၆)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2020

လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) အပေါ် ဦးစားပေး လုပ်ငန်း အစီအစဉ်ဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်း စီမံချက်ရေးဆွဲရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2020

UNOPS အဖွဲ့မှ ဝန်ကြီးဌာန၏ COVID-19 တုံ့ပြန်ဆောင်ရွက်ရေး ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူ ပံ့ပိုးမှု အခြေအနေ၊ Global Fund ထောက်ပံ့ငွေဖြင့် တီဘီ၊ ခုခံကျ/ကာလ သားနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေး အတွက် (၂၀၂၁-၂၀၂၃) ခုနှစ် အထိ သဘောတူညီ ချက်လက်မှတ် ရေးထိုးရေးကိစ္စများနှင့် စပ်လျဉ်းသည့် ဆွေးနွေး ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2020

Information Matrix က ကြီးမှူးကျင်းပသော ခေတ်မီ လူထုဆက်သွယ်ရေးနည်းလမ်းများ သရုပ်ပြ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၊ ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ အမြဲ တမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင် နှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှ ချိတ်ဆက် ပါဝင် တက်ရောက်ကြပြီး Information Martrix နှင့် Sprinklr မှ တာဝန်ရှိသူများ၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း များက သက်ဆိုင်ရာ နေရာ များမှ ချိတ်ဆက်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2020

မြန်မာ့ရော်ဘာ အရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးတက်ရေးနှီးနှော ဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၃) ဦးအား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ စီစဉ်သည့် မြန်မာ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်