Skip to main content

Oct 07, 2020

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးခြင်း လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်နယ်၏ ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှု မဖြစ်ပေါ်စေရေး အတွက် လွိုင်ကော်မြို့၊ အထက(၆)၌ ဖွင့်လှစ်ထားရှိသည့် ယာယီကုန်တင်ယာဉ် ရပ်နားစခန်းကို အထက(ခွဲ)ဝါရီကောခူကျောင်းဝန်းအတွင်း ပြောင်းရွေ့ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘော့စ်ကိုနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုထံ မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ မှာ လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော    ပူးပေါင်းအဖွဲ့သည်   အောက်တိုဘာ ၅ ရက် ည ၁၀ နာရီ ၄၅ မိနစ်က 

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးလှခမ်ဒေါင်ခမ့်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

ပြည်သူ့အလုပ်သမားပါတီဥက္ကဋ္ဌ ဦးကျော်ဇင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက် စာမူအား ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

အမျိုးသမီးပါတီ (မွန်) ဥက္ကဋ္ဌ မိသန်းရှင်နှင့် ပါတီဝင် ဒေါ်အေးဝင်းတို့က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက် စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းနိုင်နိုင်ကျော်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စုပေါင်း လှူဒါန်းသည့် ဒုတိယအကြိမ် အလှူငွေ ပေးအပ်ပွဲကို ယနေ့ညနေပိုင်းက နေပြည် တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၆ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်း စရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေသည် ယခုအခါ ဒုတိယလှိုင်းဟု ခေါ်ဆိုနိုင်ပြီး နောင်များတွင်လည်း ကူးစက်မှုလှိုင်းများ ရှိလာနိုင်သေးသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ နှင့်အတူ နေထိုင်နေရသည့်သဘောရှိသဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များအား အလေးအနက်ထားကာ ဆက်လက်လိုက်နာဆောင်ရွက်ကြရန် အထူးလိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

၂၀ ရာစုအကုန်ပိုင်းကာလကစ၍ ကမ္ဘာပေါ်တွင် သတင်းနှင့် နည်းပညာ ခေတ်သစ်တစ်ခု ပေါ်ထွန်းလာပြီဟု ကြွေးကြော်ခဲ့ကြ၏။ သတင်းအချက်အလက်နှင့် နည်းပညာ မဟာအဝေးပြေး လမ်းမကြီးပေါ်ဟု တင်စားကြ၏။ ကမ္ဘာနှင့်အဝန်းကို ချိတ်ဆက်သွယ်တန်းထားသည့် ကွန်ရက်များပေါ်တွင် အသစ်အသစ်သော သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ဖန်တီးတီထွင်မှု အမျိုးမျိုးတို့ အပြိုင်အဆိုင် အလုအယက် ပြေးလွှားကြကုန်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက် ပွဲ အတွက် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းများကို အောက်တိုဘာ(၁)ရက်မှစတင်ကာ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရေး အတွက် (Social Distancing)နှင့် အညီ မဲစာရင်းများ ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် (၂၅) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၁၀၀) ဦး၊ ရုရှားဖရက်ဒရေးရှင်းမှ (၆) ဦး၊ ဂျာမနီမှ (၂) ဦး၊ နယူးဇီလန်မှ (၁) ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀၉) ဦး လိုက်ပါလာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် (၁၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေ အရာရှိကြီးများ အစည်းအဝေး(ASLOM)နှင့် လုပ်ငန်းအဖွဲ့ (Working Group) အစည်းအဝေးကို အောက်တို ဘာ ၅ ရက် မှ ၇ ရက်အထိ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

နေပြည်တော်  အောက်တိုဘာ ၆

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (International Labour Organization-ILO) တို့ပူးပေါင်း၍ (၁၃) ကြိမ် မြောက်ရွှေ့ ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်အတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်းညှိနှိုင်း အစည်း အ‌ဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် Virtual Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် ပါဝင်ကူညီမည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇကို ဖော်ထုတ်နိုင်ပြီးချိန်မှအစပြုပြီး ကာကွယ် ဆေးထုတ်လုပ်သည့်လုပ်ငန်းများ စတင်ခဲ့သည်။ လူသား များတွင် ကာကွယ်ဆေး ဘေးကင်းမှုရှိ၊ မရှိ စမ်းသပ်မှု များကို ပထမဆုံးအနေဖြင့် မတ်လတွင် စတင်ခဲ့သည်။ လက်ရှိအနေအထားတွင် ကမ္ဘာ တစ်ဝန်းရှိ သုတေသီ များက ကိုဗစ်-၁၉ ကို ကာကွယ်ရန်အတွက် ကာကွယ် ဆေးအမျိုးပေါင်း ၃၂၀ ကို စမ်းသပ် လေ့လာလျက်ရှိသည်ဟု သိရသည်။ ယေဘုယျအားဖြင့် ကာကွယ်ဆေးထုတ်လုပ်မှု လုပ်ငန်း စဉ်သည် လက်တွေ့အသုံးပြုနိုင်သည့်အဆင့် မရောက်မီ နှစ်ပေါင်းများစွာ သုတေသနပြုရန် လိုအပ် သည်။ သို့ရာတွင် လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား မှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန်အတွက် သိပ္ပံပညာရှင် များက လာမည့်နှစ်တွင် လုံခြုံစိတ်ချရပြီး ထိရောက်သော ကာကွယ်ဆေးကိုထုတ်လုပ်ရန် အပြိုင်အဆိုင် အားထုတ် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့စေရေးနှင့် ကုန်စည် ဝင်/ထွက် မှုအခြေအနေ၊ ကုန်ဈေးနှုန်းများ ဖြစ်ပေါ်မှု အခြေအနေများနှင့်ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင် အသင်း အဖွဲ့များမှ တာဝန်ရှိ သူများက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်