Jan 06, 2026
၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သံတမန်ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရေပြာဂေါက်ကွင်း၌ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူး၍ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့အခြေစိုက် ပြည်ပသံရုံးများမှ သံတမန်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
Jan 06, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jan 06, 2026
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားရေးကောလိပ် (Judicial College) ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။
Jan 06, 2026
နိုင်ငံတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် တစ်ဦးတစ်ဖွဲ့၊ အစိုးရတစ်ရပ်က ဆောင်ရွက်ခြင်းထက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် စွမ်းဆောင်နိုင်သူများ၏ ပါဝင်ဆောင်ရွက်မှုအားသည် ပို၍အဓိကကျသည်ကို တွေ့မြင်နိုင်သည်။ ထိုသို့အင်အားများ စုစည်းပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် သမိုင်းကြောင်းတွင်လည်းကောင်း၊ မျက်မှောက်အခြေအနေတွင်လည်းကောင်း ထိရောက်သည့် အောင်မြင်မှုများ ရရှိခဲ့သည်ကို နိုင်ငံတော်က လက်ခံယုံကြည်အသိအမှတ်ပြုပြီး ဂုဏ်ပြုလျက်ရှိသည်။
Jan 06, 2026
မြန်မာနိုင်ငံကို နယ်ချဲ့တို့ အပြီးအပိုင်သိမ်းခဲ့သည့် အချိန်အခါကို စာပေတို့က မြန်မာ့ဦးစွန်းအနောက်သို့ ယွန်းချိန်ဟု ဖွဲ့ဆိုမှတ်တမ်းတင်သည်။ နယ်ချဲ့တို့က မြန်မာဘုရင်နှင့် မိဖုရားကို ကြက်ကလေး၊ ငှက်ကလေးဖမ်းသလို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်ဟုလည်း ရေးသားခဲ့ကြသည်။ နိုင်ငံ၏ အထွတ်အထိပ်ရေမြေ့ရှင် ဘုရင်တစ်ပါးကို ဤမျှ အလွယ်တကူ ဖမ်းယူနိုင်ခဲ့ခြင်းမှာ မြန်မာတို့ စည်းလုံးညီညွတ်မှုပျက်ပြားနေခြင်းနှင့် ယင်းအခြေအနေကို နန်းတော်အတွင်းစည်းအထိ ရောက်ရှိနေသည့် သူလျှိုဒလန်များမှတစ်ဆင့် နယ်ချဲ့တို့က သတင်းများ အဆက်မပြတ်ရရှိနေခဲ့ခြင်းတို့ကလည်း အကြောင်းရင်းတစ်ရပ်ဖြစ်သည်။
Jan 05, 2026
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းခံရသော အရာရှိ၊ စစ်သည်များနှင့် အမွေခံမိသားစုဝင်များသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း ကြည့်ရှုလေ့လာကြသည်။
Jan 05, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 05, 2026
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရာနှုန်းပြည့်မဲပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 05, 2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 05, 2026
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၂၆ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Jan 05, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Jan 05, 2026
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Jan 05, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 05, 2026
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။
Jan 05, 2026
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားများကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အသီးသီး၌ကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jan 05, 2026
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Jan 05, 2026
မြိတ်မြို့နယ်၌ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ပြည်သူ့ရင်ပြင်၌ ကျင်းပလျက်ရှိသည့် MSME စျေးရောင်းပွဲတော်တွင် ဝယ်ယူအားပေးသူပြည်သူများဖြင့် အထူးစည်ကား
Jan 05, 2026
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော် စျေးဆိုင်ခန်းများတွင် နိုင်ငံအတွင်းရှိ ဒေသအသီးသီးမှ ထွက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိရာ လာရောက်ဝယ်ယူအားပေးသူ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Jan 05, 2026
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်းရှိ အနော်ရထာခန်းမရှေ့ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။
Jan 05, 2026
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ၊ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၃)နှင့် (၄) တို့၌ ကျင်းပသည်။
