Nov 14, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 14, 2025
ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်တွင် ကျရောက်သည့် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခါသမယ၌ ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး မင်္ဂလာအပေါင်းခညောင်းပြီး ကာယသုခ၊ စိတ္တသုခနှစ်ဖြာသောသုခတို့နှင့် ပြည့်စုံပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါသည်။
Nov 14, 2025
၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့သည် သမိုင်းတွင်၊ သမိုင်းဝင် ဂုဏ်ယူဖွယ်ရာဆောင်သည့် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ မြန်မာတို့၏ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ် ပိုမိုကိန်းအောင်းလာမှုကြောင့် အမျိုးသားကျောင်းသားကြီးများဦးဆောင်သည့် နယ်ချဲ့ဆန့်ကျင်ရေး တစ်နိုင်ငံလုံးလှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသား အောင်ပွဲနေ့အဖြစ် နှစ်စဉ်နှစ်တိုင်း နိုင်ငံတစ်ဝန်းကျင်းပလျက်ရှိသည်။
Nov 14, 2025
အိန္ဒိယဘုရင်ခံချုပ်၏ အမိန့်တော်အရ အထက်မြန်မာနိုင်ငံကို ဧကရီအရှင်မဖုရားပိုင်နိုင်ငံတော်များနှင့်အတူ အမြဲပေါင်းစည်း ထားရှိပြီးဖြစ်သည့်အတိုင်း ယခုမှစ၍ အင်္ဂလိပ်အစိုးရအရာရှိ မင်းတို့တိုက်ရိုက်အုပ်စိုးခြင်းကို ခံကြရမည်ဟူ၍ ဖော်ပြချက်ပါရှိသော ကြေညာချက်တစ်စောင် ၁၈၈၆ ခုနှစ် မတ်လ ၃ ရက်နေ့ တွင် ထုတ်ပြန်လိုက်ချိန်မှစ၍ မြန်မာတစ်နိုင်ငံလုံး၏ ကျွန်ဘဝစတင်ခဲ့ရသည်။
Nov 13, 2025
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့ရှိ “ရောင်နီဦး” ရတနာရွှေဆိုင်ကို နိုဝင်ဘာလ ၁၀ ရက်နေ့က သေနတ်ဖြင့်ထောက်၍ ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
Nov 13, 2025
နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်လျက်ရှိသည်။
Nov 13, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမှ ကချင်ပြည်နယ်၊ ဝိုင်းမော်သို့ သယ်ဆောင်ရောင်းဝယ်မည့် ခန့်မှန်းတန်ဖိုးငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၇ ကီလိုကျော်နှင့် စိတ်ကြွဆေးပြား ၇ သိန်းကျော် သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ နတ်မြစ်ခတံတားအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
Nov 13, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် ၄၅ ရက်သာလိုတော့သည်။
Nov 13, 2025
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြစ်သော မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၅)ဖြင့် “Student’s Cultural Exchange Programme” ကို နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ကျင်းပသည်။
Nov 13, 2025
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်နှင့် သားသမီးများအား ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။
Nov 13, 2025
နိုင်ငံတိုင်းတွင် ထူးမြတ်သည့် သမိုင်းဝင်နေ့များ ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း နေ့ထူးနေ့မြတ်များအဖြစ် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ အာဇာနည်နေ့များနှင့် အမျိုးသားအောင်ပွဲနေ့စသည်ဖြင့်် ရှိသည်။ အမျိုးသားအောင်ပွဲနေ့သည် မျိုးချစ်စိတ်ဓာတ်ဖြင့် နယ်ချဲ့တို့အားဆန့်ကျင်ခဲ့သော သမိုင်းဝင်နေ့တစ်နေ့ ဖြစ်သည်။
Nov 13, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System-CMRS)အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
Nov 13, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Nov 13, 2025
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် The Great Merger Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် AVATR 12A (ULTRA) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ UV Automotive Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် HONGQI EHS7 အမျိုး အစား လျှပ်စစ်သုံးမော်တော်ယာဉ် များနှင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Leapmotor B10 အမျိုး အစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် နိုဝင်ဘာ ၁၂ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။
Nov 13, 2025
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများအပန်းပြေစေရန်နှင့်စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး Friday NightLiveShowတေးဂီတ ဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် “ခေတ်ဆန်း ချိန်”အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၄ ရက် သောကြာနေ့ ည၉ နာရီခန့်၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel နှင့် MRTV Entertain-ment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည် ဖြစ်သည်။
Nov 13, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကြေညာချက်
Nov 13, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနကြေညာချက်
Nov 13, 2025
အရာထမ်းလောင်း(အထူး) သင်တန်းအမှတ်စဉ်(၁၅)၏ သင်တန်းဆင်းစစ်ရေးပြ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) စစ်ရေးပြကွင်း၌ ကျင်းပသည်။
Nov 13, 2025
၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် သောင်းကျန်းသူများ၏ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်ရှိ ရှေးဟောင်းအမွေအနှစ် ဂုတ်ထိပ်တံတားကြီး၏ ပျက်စီးသွားသော အစိတ်အပိုင်းများကို မြန်မာ့မီးရထား အင်ဂျင်နီယာများက ရှေးမူရင်းလက်ရာဒီဇိုင်းအတိုင်း အောင်မြင်စွာ ပြန်လည်ပြင်ဆင်ပြီးစီးခဲ့ပြီးဖြစ်သဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဒုတိယဝန်ကြီးဦးအောင်မြိုင်နှင့် မြန်မာ့မီးရထားမှတာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ယမန်နေ့တွင် ဂုတ်ထိပ်တံတားကြီးပေါ်၌ ရထားစမ်းသပ်မောင်းနှင်နေခြင်းအား သွားရောက်စစ်ဆေးသည်။
Nov 13, 2025
နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့ အခြေစိုက် သံတမန်များနှင့်ကုလသမဂ္ဂအဖွဲ့အစည်းမှကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားခြင်းအစီအစဉ်ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။
