Nov 12, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်စိုးနှင့်အတူ နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Samara မြို့၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအားကစားဖိုရမ်သို့ တက်ရောက်ခဲ့သည်။
Nov 12, 2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အိန္ဒိယသမ္မတနိုင်ငံ National Institute for Smart Government (NISG) မှ Advisor Technology & Consulting Mr. Sanjeev Bhatia နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 12, 2025
ပညာရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အထားအခြေပြု သုတေသနတွေ့ရှိချက်များဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 12, 2025
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းဆောင်ရွက်သည်။
Nov 12, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ပန်းဝါဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။
Nov 12, 2025
နိုင်ငံ၏ စားရေရိက္ခာဖူလုံရေးနှင့် ပို့ကုန်ကဏ္ဍမြင့်မားရေးအတွက် သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တိုးတက်ရေးလုပ်ငန်းများ မှာကြားဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Nov 12, 2025
ဘရာဇီးလ်နိုင်ငံ၏ (၂၀၃) ကြိမ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာရှိ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီး နေအိမ်၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်သည်။
Nov 12, 2025
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူထားသည့်ကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းစေရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရေး၊ လူတိုင်းကျန်းမာရေးကောင်းမွန်စေရေး၊ ပညာရေးကောင်းမွန်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ လူတိုင်းဝင်ငွေရရှိစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချ နိုင်ရေးတို့ကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
Nov 12, 2025
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည့်ရက်မှာ တစ်ရက်ထက်တစ်ရက် ပိုမိုနီးကပ်လာပြီဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၃) တို့ကို ရက်သတ္တပတ် နှစ်ပတ်စီခြား၍ ကျင်းပသွားမည်ဖြစ်ရာ လာမည့်နှစ်ဇန်နဝါရီလမကုန်မီ သုံးပိုင်းလုံးပြီးစီးနေမည်ဖြစ်သည်။ “ဤသည်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဟူသော ဦးတည်ချက်နှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ရာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုအားမှာ လွန်စွာအရေးကြီးသည်။
Nov 11, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရုပ်ရှင်အနုပညာရှင်များကလည်း အသိပညာပေးနှိုးဆော်မှုများ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
Nov 11, 2025
(၂ဝ၂၅) ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူများ အချိန်မီကျောင်းအပ်နှံရေး ကြေညာချက်
Nov 11, 2025
မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော်သလေး KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိသည့်အပြင် ၄င်းတို့ စုဖွဲ့နေထိုင်ခဲ့ကြသည့် KK Park အတွင်း ဇုန်အလိုက် အဆောက်အအုံများ ဖြိုချဖျက်ဆီးရှင်းလင်းလျက်ရှိသည်။
Nov 11, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၁၂၇ ဦး၊ ပါကစ္စတန်နိုင်ငံသား ငါး ဦးနှင့် ကာဇက်စတန်နိုင်ငံသား တစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃၃ ဦးတို့အား ယနေ့တွင် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၅၃ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
Nov 11, 2025
မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော်သလေး KK Park နယ်မြေများတွင် online လိမ်လည်မှုများ၊ online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြ သည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Nov 11, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Nov 11, 2025
တောင်သူများ ပူးပေါင်းပါဝင်သည့် မျိုးရွေးချယ်ခြင်း (Participatory Varietal Selection) နည်းလမ်းအား သုတေသီဝန်ထမ်းများအား နည်းပညာသရုပ်ပြခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးသုတေသနဦးစီးဌာန စပါးသီးနှံ သုတေသနဌာနခွဲ စပါးသုတေသန ဗဟိုဌာနစိုက်ကွင်း၌ကျင်းပသည်။
Nov 11, 2025
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၀-၂၀၂၅)
Nov 11, 2025
အင်္ဂလိပ်စာစွမ်းရည်မြင့်မားစေရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အင်္ဂလိပ်စာ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အင်္ဂလိပ်စာဌာနပါမောက္ခ(ဌာနမှူး)များက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
Nov 11, 2025
ပထမနှစ် နေ့သင်တန်း ဝင်ခွင့်ရစာရင်းများ ထုတ်ပြန်မည်
Nov 11, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုလာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဂီတအနုပညာရှင်များက အသိပညာပေးနှိုးဆော်မှုများ ရိုက်ကူးရေးတွင် ဆောင်ရွက်လျက်ရှိသည်။
