Mar 07, 2020
ပဲခူး မတ် ၇
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်ကာ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကာလအတွင်း မှတ်တမ်းလုံးဝ မရှိသေးသည့် ငှက်မျိုးစိတ် ငါးမျိုးကို တွေ့ရှိမှတ်တမ်းသစ် တင်နိုင်ခဲ့ကြောင်း မတ် ၅ ရက်က မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ တောအုပ်ကြီး ဦးစိုင်းဝဏ္ဏကြည်က ပြောသည်။
Mar 07, 2020
နေပြည်တော် မတ် ၆
ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ရန်ကုန်တရား မျှတမှုစင်တာတို့၏ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်နှင့် ရန်ကုန်တရားမျှတမှုစင်တာမှ Program Director ဦးကျော်မြင့်တို့က အမှာစကား ပြောကြားကြသည်။
Mar 07, 2020
နေပြည်တော် မတ် ၆
Mar 07, 2020
ကင်းထောက်ဆိုသည်မှာခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ဒုတိယကင်းထောက်ချုပ် ဦးသာစိန်၊ အပြည်ပြည်ဆိုင်ရာ ကင်းထောက်မှူးချုပ် ဦးမောင်မောင်ဝင်း၊ သီဟကင်းထောက်ကြီး ဦးဧကျော်၊ ကင်းထောက်ကြီး အလင်္ကာကျော်စွာ၊ ဂီတစာဆို ဟင်္သာတမြင့်ငွေနှင့် ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်တို့ပါဝင် ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်။
ယမန်နေ့မှအဆက်
Mar 06, 2020
နေပြည်တော် မတ် ၆
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲတွင် ကော်မရှင်ရုံး၊ စုပေါင်း ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီး အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၀) ၌ ပထမရရှိသော ဒေါ်အိရွှေဇင်အောင်၊ ဒုတိယရရှိသော ဒေါ်သိမ့်သီရိဆွေ၊ တတိယရရှိသော ဒေါ်မြတ်ပန်းဖြူတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
Mar 06, 2020
နိုင်ငံတော်အစိုးရသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်ကဏ္ဍပေါင်းစုံ ချောမွေ့စွာ လည်ပတ်နိုင်အောင် နိုင်ငံတော် ဘဏ္ဍာငွေကို နှစ်စဉ်ကျခံသုံးစွဲရသည်။ ဘဏ္ဍာငွေများ ကျခံသုံးစွဲနိုင်အောင် နိုင်ငံတော်၏ အခွန်အခငွေများကို အဓိကအားထားရာ၌ နိုင်ငံတော်မှ ရရှိသည့် အခွန်ငွေစုစုပေါင်း၏ ခြောက်ပုံ တစ်ပုံကို နိုင်ငံ့ဝန်ထမ်းပင်စင် ရန်ပုံငွေအတွက် အသုံးပြုသည်။
Mar 06, 2020
တပေါင်းသည် မြန်မာပြက္ခဒိန်တွင် ဆယ့်နှစ်လမြောက် နောက်ဆုံးလဖြစ်သည်။ မြန်မာသက္ကရာဇ်အရ နှစ်တစ်နှစ် ကုန်ဆုံးတော့မည့် အခါသမယလည်းဖြစ်သည်။ ဆောင်းအကုန် နွေသို့အကူး၊ နေ့တွင်ပူ၍ ညတွင်ချမ်းသည့် ဤကာလမှာ လောကဓာတ်တစ်ခွင်မှာလည်း သာယာလှသည့်အလျောက် တပေါင်းသည် လတကာတို့၏သခင် ဟူ၍လည်း စာဆိုရှိသည်။
Mar 06, 2020
ရန်ကုန် မတ် ၆
မြန်မာရုပ်ရှင်နှစ်တစ်ရာပြည့် အထိမ်း အမှတ်အနေဖြင့် ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် ဂျပန် ဂန္ထဝင်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ ဆူးလေဘုရား လမ်းရှိ နေပြည်တော် အဆင့်မြင့် ရုပ်ရှင်ရုံ၌ ကျင်းပသည်။