Skip to main content

Mar 05, 2020

ရန်ကုန် မတ် ၆

အခြေခံပညာ အလယ်တန်း၊ အထက်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲရေး အစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီခွဲတွင်  ရန်ကုန်မြို့ ပါမောက္ခချုပ်များ ကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ရန်ကုန် မတ် ၆

ဇီဝိတဒါန သံဃာ့ဆေးရုံကြီး(ရန်ကုန်)က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသား သွေးလှူဘဏ်သို့ COVID-19 ရောဂါကာကွယ်ရေးအတွက် အသုံးပြုရန် FACE MASK များ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက  ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး(ရန်ကုန်)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော် မတ် ၆

(၂၀၂၀) ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) ပွဲစဉ်များ အနက် ဇွဲကပင်ယူနိုက်တက် FC အသင်း နှင့် Southern Myanmar FC အသင်း တို့သည် မတ်လ(၇)ရက် ညနေ(၄)နာရီမှ စတင်၍ ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

အဆိုပါ ဘောလုံးပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် MRTV Sports Channel တို့တွင် ယင်းနေ့ ညနေ(၃) နာရီ(၄၅) မိနစ်မှ စတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ရန်ကုန် မတ် ၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၂၀ ခုနှစ် မတ်လ (၁၁)ရက်မှ (၂၀)ရက်အထိ ကျင်းပမည်ဖြစ်သော တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေကြရသည့် ကျောင်းသား/ကျောင်းသူများ နစ်နာမှုမရှိစေရန် ရည်ရွယ်လျက် ဆေးရုံစာဖြေဌာန ၃ ခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော် မတ် ၆

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော် မတ် ၆

ဘဏ္ဍာနှစ်အလိုက် လျာထားသတ်မှတ်ထားရှိသည့် စီမံကိန်းလုပ်ငန်းများ အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဘဏ္ဍာငွေကြေး လေလွင့်ဆုံးရှုံးမှုမရှိစေရန် ပြဋ္ဌာန်းသတ်မှတ်ထားသော ဥပဒေလုပ်ထုံးလုပ်နည်းမူဝါဒများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယမန်နေ့ နံနက် ၁၁ နာရီက နေပြည်တော် ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ကျင်းပသည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက  ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020


မန္တလေး မတ်  ၆

မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် အဆုတ်ရောဂါလက္ခဏာကြောင့် စောင့်ကြည့်နေသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသမီး ယနေ့မနက်ပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။

"တစ်သျှူးနမူနာ စစ်ဆေးတာက အဖြေမထွက်သေးဘူး။ အဖြေက ဒီညနေပိုင်းမှာ ရမှာဖြစ်တယ်"လို့ မန္တလေးဆေးရုံကြီး ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော် ကပြောသည်။

ပြီးခဲ့တဲ့ ၄ ရက်နေ့ ညနေပိုင်းက မန္တလေးဆေးရုံကြီးကို ဆီးချိုရောဂါဖြင့်တက်ရောက် ဆေးကုသနေစဉ် အဆုတ်ရောဂါလက္ခဏာကို တွေ့ရှိခဲ့သောကြောင့် ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော် မတ် ၆

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ဖားဆောင်း  မတ် ၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် နီပွန်ဖောင်ဒေးရှင်း ( စေတနာအဖွဲ့) တို့ ပူးပေါင်းဆောက်လုပ်သည့် ခဲမဖြူကျေးရွာရှိ အမှတ်(၂) အခြေခံမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်