Skip to main content

Feb 28, 2020

ဘားအံ  ဖေဖော်ဝါရီ  ၂၈

ကရင်ပြည်နယ်အတွင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ လူမှုအားမာန်အဖွဲ့များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ထောက်ငွေပေးအပ်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၁နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားဆွတ်ခူးခဲ့သည့် ကရင်ပြည်နယ် ဘောလုံးအသင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဘားအံ ဇွဲကပင် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

ပုသိမ်  ဖေဖော်ဝါရီ  ၂၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများ၊ စက်ရုံမှူးများ၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လတာကာလအတွင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဧရာရွှေဝါခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

ဘားအံ  ဖေဖော်ဝါရီ  ၂၈

ကရင်ပြည်နယ်အစိုးရအဖွဲ့မှဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် တွေ့ဆုံ၍ရပ်ကွက်နှင့် ကျေးရွာများဖွံ့ဖြိုးရေးကိစ္စများတင်ပြတောင်းဆိုမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ တွင် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် သန့်ရှင်းရေး အထူးအလေးထားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၂၈

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်ကုန်းမြို့နယ်၊ သစ်ဆိန်ပင်ကျေးရွာအုပ်စု၊ သစ်ဆိန်ပင် ကျေးရွာဘုန်းတော်ကြီးကျောင်း၊ သီရိမင်္ဂလာဓမ္မာရုံ၌ သစ်ဆိန်ပင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမျိုးအောင် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

ဘားအံ ဖေဖော်ဝါရီ ၂၈

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀) အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီ က ဘားအံမြို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး Pyi Thu Dana Co.,Ltd ၏ တည်ဆောက်ရေးကာလအား ပထမအကြိမ် (၃)လနှင့် ဒုတိယအကြိမ်(၃)လ၊ စုစုပေါင်း(၆)လ သက်တမ်းထပ်မံတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စရပ်အား အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သဘောတူ ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

 

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

ညောင်ရွှေ  ဖေဖော်ဝါရီ ၂၈

ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် အင်းလေးနှင်းဆီ ပုဂ္ဂလိကအမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးကုမ္ပဏီတို့ လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်စည်ပင်သာယာရေးဌာန၌ ကျင်းပကြောင်းသိရသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့် တာဝန်ရှိသူများက အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၇

 

ဘွဲ့လွန်သင်တန်းများ ဝင်ခွင့်ရွေးချယ်ရေး နှီးနှောဖလှယ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည် အခြေခံ လိုအပ်ချက်ဖြစ်သည်။ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးခြင်း၊ နိုင်ငံတိုးတက်ခြင်းတွင် လျှပ်စစ် ဓာတ်အား လုံလောက်စွာရရှိရေးသည် အဓိကအကြောင်းရင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

“တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 ဗိုင်းရပ်စ်ပိုးကြောင့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါကို ဖြစ်ပွားသောနိုင်ငံများ၌ ထိန်းချုပ်နိုင်ခြင်းမရှိသေးချေ။ လူတို့အား အလွယ်တကူ ကူးစက်နိုင်ပြီး အသက်ပင်သေဆုံးနိုင်သော ထိုရောဂါပိုးသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံမှ စတင်ဖြစ်ပွားသဖြင့် ဖြစ်ပွား လျှင်ဖြစ်ပွားချင်း ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှု၊ သံသယရှိသည်ဟုယူဆလျှင် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုတို့ကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲ အတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသေးပေ။

ဆက်လက်ဖတ်ရှုရန်