Skip to main content

Feb 07, 2020

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

ဘားအံ ဖေဖော်ဝါရီ ၇

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး  H.E Mr.Dan Chuggg နှင့်အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ဘားအံမြို့၊ ပြည်ထောင်စုဧည့်ရိပ်သာ ပဒိုဒေးဗစ်တောခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

ထားဝယ်     ဖေဖော်ဝါရီ ၇

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြု စီမံကိန်းကို တိုင်းဒေသကြီးအတွင်းရှိမြို့နယ်(၁)မြို့နယ်တွင် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရ ယူခြင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ ဟိုတယ် ထားဝယ်၌ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

ဖားဆောင်း ဖေဖော်ဝါရီ ၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့၊ မြို့အဝင် မြောက်ပိုင်းရပ်ကွက်၌ တည်ထားကိုးကွယ်လျက်ရှိသော ရတနာဈာန်အောင် စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲအချိန် ဖားဆောင်းမြို့၊ ရတနာဈာန်အောင် စေတီတော် ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၆

နေပြည်တော်၌ ကျင်းပမည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုဖျော်ဖြေပွဲတွင် ရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များသည် ယနေ့တွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။

အဖွဲ့နှစ်ဖွဲ့ခွဲ၍ လေ့လာ

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

ရန်ကုန်  ဖေဖော်ဝါရီ   ၆

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ စာရေးဆရာ အသင်းက ကြီးမှူး၍ သုတဘဏ်စာတမ်းဖတ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်းခန်းမ၌ ကျင်းပသည်။

အဆိုပါ စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ချိုချိုတင် (မစန္ဒာ)က အဖွင့်အမှာစကား ပြောကြားပြီး အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က စာတမ်းရှင်များနှင့် မိတ်ဆက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

နေပြည်တော်  ဖေဖော်ဝါရီ   ၆

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်ခြင်း ဖွင့်ပွဲ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)ရှိ လောကနတ် အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းမှ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) စောင့်ကြပ်ကြည့်ရှုမှုနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (WWW. mohs.gov.mm) က အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိသည်။ ဖေဖော်ဝါရီလ ၆ ရက် ညနေ ၆ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) သံသယလူ နှစ်ဦးအပါအဝင် လူနာခုနစ်ဦးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေများ သက်သာကောင်းမွန်လျက်ရှိကြောင်း အဆိုပါ အင်တာနက် စာမျက်နှာတွင် တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်