Feb 08, 2020
မုံရွာ ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီက ကလေးခရိုင်၊ မင်းကင်းမြို့နယ် လက်ပံဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သော ကျောင်းဆောင်သစ် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Feb 08, 2020
ရန်ကုန် ဖေဖော်ဝါရီ ၇
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကယားပြည်နယ် အစိုးရအဖွဲ့တို့၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ဦးဆောင်ကျင်းပ သော “သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀)” ပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက် အထိ ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစား ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Feb 08, 2020
မြစ်ကြီးနား ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်နေ ပြည်သူလူထုများနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်အတွင်းရှိ ဗက်လင်ဘုရားရှိခိုးကျောင်း၌ ကျင်းပပြုလုပ်သည်။
Feb 07, 2020
“တိုင်းရင်းသားပြည်သူများအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ ဘက်လိုက်မှုကင်းပြီး ဥပဒေနှင့်အညီ တရားမျှတသော စီမံဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုမျိုး ကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းမှာ ဒီမိုကရေစီ၏ အခြေခံအခွင့် အရေးဖြစ်ပါကြောင်း” ဖေဖော်ဝါရီလ ၇ ရက်နေ့ကတောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
Feb 07, 2020
နေပြည်တော် ဖေဖော်ဝါရီ ၇
အိန္ဒိယသမ္မတနိုင်ငံ၌ ရောက်ရှိနေသော ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat တို့သည် ယမန်နေ့နံနက်ပိုင်းတွင် (၁၁)ကြိမ်မြောက် ကာကွယ်ရေးပစ္စည်းများ ပြပွဲ (DefExpo India-2020) ကျင်းပသည့် ဧရိယာရှိ အိန္ဒိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ယာယီဧည့်ခန်းဆောင်၌ တွေ့ဆုံကြသည်။
Feb 07, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၈
မြန်မာ့တို့၏ (၁၂) လရာသီပွဲတော်များအနက် တစ်ခုဖြစ်သည့် တပို့တွဲလရာသီ မြန်မာ့ရိုးရာ ထမနဲထိုးပွဲတော်အား ယမန်နေ့ ညနေ ၃ နာရီက လွိုင်ကော်မြို့၊ သီရိမင်္ဂလာတောင်တော်၊ တောင်ကွဲစေတီတော်မြတ် ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်သည်။
Feb 07, 2020
မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈ - ၂၀၃၀) မကြာမီက ပေါ်ထွက်လာသည်။ ယင်းမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၁၉ ခု၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်သူ/ပုဂ္ဂလိက ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အဓိကပါဝင် ပတ်သက်သူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အကြံပေးပုဂ္ဂိုလ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ အားသွန်ခွန်စိုက် ပူးပေါင်းကြိုးပမ်းကာ ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
Feb 07, 2020
(၇-၂-၂၀၂၀ ရက်နေ့၊ ည (၇:၄၅) နာရီ)
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံ များနှင့်ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Feb 07, 2020
နေပြည်တော် ဖေဖော်ဝါရီ ၇
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည့် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၀) သို့ တက်ရောက်သည်။
Feb 07, 2020
နေပြည်တော် ဖေဖော်ဝါရီ ၇
မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ ၁/၂၀၂၀ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။