Skip to main content

Feb 07, 2020

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုစစ်တမ်း အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည်။ ယခုထုတ်ပြန်သည့် အစီရင်ခံစာသည် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးတို့ ပူးပေါင်းတိုင်းတာ၍ ရရှိခဲ့သည့် ၂၀၁၉ ခုနှစ် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်းကောက်ယူခြင်း ရလဒ်များကို တင်ပြသည့်အစီရင်ခံစာ ဖြစ်သည်။ အဆိုပါစစ်တမ်းအရ မြန်မာနိုင်ငံ၌ တရားမဝင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် ၂၀၁၄ ခုနှစ်မှစတင်၍ ယခုနှစ်အထိ ပြန်လည်ကျဆင်း ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2020

နေပြည်တော် ဖေဖော်ဝါရီ ၆

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2020

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019-nCoV လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ (၆-၂-၂၀၂၀) ရက်နေ့၊ နံနက်အထိ သံသယလူနာ (၂) ဦးအပါအဝင် လူနာ (၁၀) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့ပါသည်။

၂။ အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် -

(၁) လွိုင်ကော် ပြည်သူ့ဆေးရုံမှ အသက်(၂)နှစ်(၂)လအရွယ် ကလေးငယ် (မ) တစ်ဦး၊

(၂) ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၁၅) နှစ်အရွယ် ကလေး (ကျား) တစ်ဦး၊

ဆက်လက်ဖတ်ရှုရန်

Feb 06, 2020

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၆

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အား ခန့်အပ်တာဝန်ပေးလိုခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2020

နေပြည်တော်   ဖေဖော်ဝါရီ   ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံ ပြည်ထောင်စုနယ်မြေ ဒေလီ၏ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ လေ့လာရန်အတွက် ယနေ့ ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2020

နေပြည်တော်  ဖေဖော်ဝါရီ   ၆ 

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2020

နေပြည်တော်   ဖေဖော်ဝါရီ   ၆

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ 2019-nCoV Acute Respiratory Diseases နှင့်ပတ်သက်၍ ဆေးရုံများတွင် ရောဂါကူးစက်မှုကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း လမ်းညွှန်ချက်အရ ကြိုတင်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုအဖြစ် လူနာများနှင့် လူနာစောင့်များအား ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ အပါအဝင် အခြားကူးစက် ရောဂါများနှင့် စပ်လျဉ်း၍ ကျန်းမာရေးပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2020

နေပြည်တော် ဖေဖော်ဝါရီ ၅

 

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ စစ်ဆေးရေးစခန်းတို့မှ စစ်ဆေးမှုများဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၄ ရက်က မရမ်းချောင် စစ်ဆေးရေးစခန်းမှ တားဆီး/ဖမ်းဆီးမှု လေးမှု စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁ ဒသမ ၅၈၅ သန်းအား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်