Feb 05, 2020
ဖားဆောင်း ဖေဖော်ဝါရီ ၆
ဖားဆောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ပထမ(၃)လ ပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဖားဆောင်းမြို့၊ ဖားစည်သံလွင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 05, 2020
နေပြည်တော် ဖေဖော်ဝါရီ ၅
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေး ဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Feb 05, 2020
(က) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် 2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောက်ရွက်လျက်ရှိရာ ယနေ့ (၅-၂-၂၀၂၀) ရက်နေ့အထိ သံသယလူနာ (၂) ဦးအပါအဝင် လူနာ (၁၀) ဦးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါ လူနာများထံမှ ဓာတ်ခွဲနမူနာများ ရယူခဲ့ပြီး နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ယနေ့ညပိုင်းတွင် အောက်ပါလူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေများကို ရရှိခဲ့ပါသည် -
Feb 05, 2020
နေပြည်တော် ဖေဖော်ဝါရီ ၅
အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (၆) ကျောင်း၏ ဆောင်ရွက်နေမှုများ သုံးသပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပသည်။
Feb 05, 2020
နေပြည်တော် ဖေဖော်ဝါရီ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 05, 2020
နေပြည်တော် ဖေဖော်ဝါရီ ၅
Feb 05, 2020
နေပြည်တော် ဖေဖော်ဝါရီ ၅
နေပြည်တော်၌ ဝန်ကြီးဌာနများ စုပေါင်း၍ “ဒုတိယအကြိမ် မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲနှင့် ပျော်ပွဲ ရွှင်ပွဲ”အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 05, 2020
နေပြည်တော်၊ ဖေဖော်ဝါရီ ၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့နံနက် (၈) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ် ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၉/၂၀၂၀) သို့ တက်ရောက်ခဲ့သည်။
Feb 05, 2020
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် 2019-nCoV acute respiratory disease ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။