Mar 25, 2024
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
Mar 25, 2024
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် လိုဏ်တော်ကြီးအတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မဟာမဏိမယ ရတနာကျောက်စိမ်းဗုဒ္ဓရုပ်ပွားဆင်းတုတော်လေးဆူနှင့် မဟာဆုတောင်းပြည့် (ပန်းပေါင်း) ဘုရားကြီးတို့ကို (၁၆) ကြိမ်မြောက် ရွှေကြာသင်္ကန်းတော်ကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲအခမ်းအနားကို ၁၃၈၅ ခုနှစ် (တပေါင်းလပြည့်နေ့) ယနေ့ နံနက် ၆ နာရီခွဲတွင် ကျင်းပသည်။
Mar 25, 2024
လိပ်ပြာပုံ (၂၀၀) ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုး ရောင်းချပေးသွားမည်
(၇၉) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများအား ဂုဏ်ပြုဖျော်ဖြေ
Mar 25, 2024
(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများအား ဂုဏ်ပြုဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ကြည့်ရှုအားပေးသည်။
Mar 25, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန်တိုင်းဒေသကြီး ဇေယျာသီရိဗိမာန်သံတမန်ခန်းမ၌ မတ်လ (၁၈) ရက်နေ့ နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media မှ ရုရှား - မြန်မာ နှစ်နိုင်ငံ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည်-
Mar 25, 2024
တပ်မတော်သည် နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။ တစ်ဖက်တွင် နက်ရှိုင်းရှုပ်ထွေးမှုများနှင့် ရောပြွမ်းနေသော နိုင်ငံရေးအခြေအနေများကို ဝင်ရောက်တာဝန်ယူရန် များစွာဝန်လေးသော်လည်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် မလွှဲသာမရှောင်သာ ဝင်ရောက်တာဝန်ယူခဲ့ရသည်။
Mar 25, 2024
တပေါင်းလသည် မြန်မာလများတွင် ၁၂ လမြောက်၊ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်ပြီး ဆောင်းအကုန်နွေအကူးကာလလည်း ဖြစ်သည်။ တပေါင်းလတွင် ပထမလဝက်သည် ဆောင်းဖြစ်ပြီး ဒုတိယလဝက်သည် နွေတွင်ကျရောက်လျက် ရာသီအကူးအပြောင်းနှင့်အတူ တောတောင်ရေမြေသဘာဝတို့ လွန်စွာသာယာလှပသည့်အလျောက် “တပေါင်းသာခေါင် လများနောင်” ဟုပင် ဆိုသည်။ တပေါင်းလ၏ သာယာလှပမှုမှာ လတကာတို့ထက် သာလွန်ကာ အထွတ်အထိပ်ဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။
Mar 24, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Mar 24, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် စစ်မှုထမ်းခြင်းမပြုလိုသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအားလုံးရှိ အသက်ပြည့်မီသည့် လူငယ်များအားလုံး ငွေ ၅၀၀၀၀ ပေးနေရကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Mar 24, 2024
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ တပေါင်းပွဲတော်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဘုရားကြီးရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ကြသည်။
Mar 24, 2024
၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့မှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲများနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ သက်ဆိုင်ရာနေရာများ၌ ပြုလုပ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ အသီးသီးတက်ရောက်ကြည်ညိုကြသည်။
Mar 24, 2024
သီတဂူနွေရာသီစံကျောင်း (ပြင်ဦးလွင်) ၊ သီတဂူစန္ဒြကန္တိကျောင်းဆောင်တော်နှင့် တစ်ပါးနေကျောင်းဆောင်တော်များ ကျောင်းလွှတ်ပူဇာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာ၊ သီတဂူကုန်းတော်၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ သောဠဿမ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Mar 24, 2024
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။
Mar 24, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကျူးဘားသံအမတ်ကြီးအဖြစ် မစ္စတာ ပဲဒရိုပါဘလိုစန်ဟိုဟဲရိုဒရီဂတ်စ်အား ခန့်အပ်ရန် ကျူးဘားသမ္မတ နိုင်ငံအစိုးရမှ အဆိုပြုလာခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
Mar 24, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး(၃၉)မိုင်ရှိ ဘောနက်ကြီးမီနီတိုးလ်ဂိတ်လမ်း အသုံးပြုခကောက်ခံနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနအင်ဂျင်နီယာချုပ် ဦးဝင်းရှိန်၊ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးနှင့် တိုးလ်ဂိတ်မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
Mar 24, 2024
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာ မတ် ၂၀ ရက်တွင် ကုန်းတွင်းဆိပ်ကမ်းရွာသာကြီး (Dry Port) ၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ ကုမ္ပဏီမှ စွန့်လွှတ်ကြောင်း လျှောက်ထားလာသည့် Bickford’s သစ်သီးဖျော်ရည် ဘူး ၄၈၀ အပါအဝင် ကုန်ပစ္စည်း၂၃ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂၀၄၅၉၅၄ ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာလေးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Freedom Craft Solar Battery အလုံး ၂၈၀၊ Xingfa Aluminium Profiles ကီလိုဂရမ် ၃၉၃၀ အပါအဝင် ကုန်ပစ္စည်း ၁၇ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၉၉၂၃၃၅၀ ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၁၉၆၉၃၀၄ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Mar 24, 2024
(၂၉)ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Mar 24, 2024
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများထံမှ (၁၉)ကြိမ်မြောက် သြဝါဒခံယူပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် စေတီတော်ရင်ပြင်ဓမ္မာရုံ အတွင်း၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် ဒေသခံသြဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်ချီးမြှောက်တော်မူခဲ့ကြသည်။
Mar 24, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
