Apr 12, 2024
CHID Bank ၏ အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings Account) တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ပမာဏပြည့်မီအောင် စုဆောင်းထားရှိသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချမည့် အောင်မြင့်မိုရ်အိမ်ရာရှိ အခန်း ၁၀၄ ခန်းကို အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း အဆိုပါဘဏ်က အသိပေးထားသည်။
Apr 12, 2024
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက် နိုင်ရန်အတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် ကိုရီးယား K-pop အနုပညာရှင်များ ပါဝင်သော ဒုတိယ အဖွဲ့သည် ယနေ့ ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
Apr 12, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၌ ကျင်းပရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်နှင့်ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) မှ ကျောင်းအုပ်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူ ၄၈၆ ဦး တက်ရောက်သည်။
Apr 12, 2024
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုကြောင့်နေလောင်ခြင်း၊ အသားအရောင်ညိုမဲလာခြင်းတို့ကိုဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလ ကြာလာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများအရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းလာခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။
Apr 12, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပဲ့ကန်ကျေးရွာအုပ်စုအတွင်း ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိရန် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ သွင်းအားစု၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ကူညီပံ့ပိုးပေးနိုင်ရေး၊ ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
Apr 12, 2024
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အခါသမယတွင် မြန်မာ - ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-Pop အနုပညာရှင် ၂၄ ဦးပါ ပထမအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်ကြသည်။
Apr 12, 2024
နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနား - တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံ ဧရိယာအထိ ကျင်းပမည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားအတွက် အစမ်းလေ့ကျင့် ဆောင်ရွက်နေမှုနှင့် ဇုန်များအလိုက် ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Apr 12, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ရောက်ရှိပြီး ရေသန့်စင်အလုပ်ရုံ၊ အောက်ဆီဂျင် ထုတ်လုပ်ရေးအလုပ်ရုံ၊ Direct Reduction Plant ၊ သံတိုသံစများ စုပုံကွင်း၊ သံရည်ကျိုအလုပ်ရုံ၊ စက်မှု လုပ်ငန်းပြုပြင်ရေးအလုပ်ရုံ၊ မီးခံအုတ်များ၊ စက်ပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်းများထားရှိသည့် သိုလှောင်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Apr 12, 2024
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr. Chen Hai အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။
Apr 12, 2024
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများ အတွက်ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 12, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပထမအကြိမ် စုပေါင်းရဟန်းခံ၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရတနာစံပရိယတ္တိ စာသင်တိုက်တွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့်ဇနီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။
Apr 12, 2024
မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ နေ့စဉ်ထုတ်သတင်းစာများကို အလှည့်ကျထုတ်ဝေမည်ဖြစ်ပါသည်။
Apr 12, 2024
ရန်ကုန် - မော်လမြိုင် အစုန်၊ အဆန်ရထားနှစ်စင်း ပြေးဆွဲခြင်းကို ယာယီရပ်နားထားပြီး လက်မှတ်ခငွေများကို ပြန်အမ်းပေးနေကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Apr 12, 2024
ထိုင်းသို့ စေလွှတ်နေသည့် MoU လုပ်သား ၁၅၀ ကို ဧပြီ ၂၉ ရက်မှ စတင်ကာလေကြောင်းခရီးဖြင့် ကနဦးစေလွှတ်ရန် စီစဉ်ထားကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း ရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Apr 12, 2024
နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် နိုင်ငံသားတိုင်း အသိပညာဗဟုသုတများ လုံလောက်အောင်ရရှိနိုင်ရေးသည် အရေးပါသည့်အချက်ဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများ၏ ပညာရည်ပြည့်ဝမှု၊ အသိပညာဗဟုသုတပြည့်စုံမှုတွင် လိုအပ်ချက်များရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းအချက်များအတွက် နိုင်ငံတော်က အဘက်ဘက်မှ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
Apr 12, 2024
မကူးစက်နိုင်သော ရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ သန်း ၄၀ ကျော် အသေအပျောက်ရှိနေသည်၊၊ မကူးစက်နိုင်သော ရောဂါများဆိုသည်မှာ နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ကင်ဆာ၊ သွေးချို/ ဆီးချို၊ နာတာရှည်အဆုတ်ရောင် စသည့် ရောဂါများဖြစ်ကြသည်။ မကူးစက်နိုင်သော ရောဂါများဖြစ်ပွားရခြင်း၏ အကြောင်းရင်းများမှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သည်အထိ အရက်ယမကာသောက်သုံးခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့်ဖြစ်ရာ ကြိုတင်ကာကွယ်တားဆီးနိုင်သည့် အကြောင်းရင်းများပင်ဖြစ်သည်၊၊
Apr 11, 2024
အကြမ်းဖက်မှုတိုက်ဖျက်ရေးနယ်ပယ်တွင် တုံ့ပြန်မှုများ လျှင်မြန်စွာပြုလုပ်နိုင်ရန်ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအစည်းအဝေးပထမရက်အား ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 11, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Apr 11, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
