Mar 31, 2024
၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပင်လောင်းမီးပွိုင့် လမ်းဆုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိသည်။
Mar 31, 2024
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ နှင့်စားသောက်ဖွယ်ရာများဂုဏ်ပြုပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ပင်လုံရိပ်သာ၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Mar 31, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာစည်သူကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက်နှင့် ဗလသိဒ္ဓိရပ်ကွက်တို့ရှိ အရာထမ်းများ၊ အမှုထမ်းများ နေထိုင်ရာ ဝန်ထမ်းအိမ်ရာများတွင် စည်းကမ်းများနှင့်အညီ နေထိုင်မှုရှိ/မရှိ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Mar 31, 2024
အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ကြောင်း ကြေညာ
Mar 31, 2024
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်
Mar 31, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 31, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လမ်းညွှန်မှုဖြင့် တောင်သူများနှင့် စိုက်ပျိုးရေးသုတေသီပညာရှင်များအကြား အတွေးအမြင်အယူအဆကွာဟမှုမရှိစေဘဲ တစ်သားတည်းဖြစ်စေရန် ရည်ရွယ်၍ အပတ်စဉ် စနေနေ့တိုင်း ကျင်းပလျက်ရှိသော အကြိမ် (၃၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Mar 31, 2024
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (၃/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်သည်။
Mar 31, 2024
၂ဝ၂၄ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ထုတ်ပြန်
Mar 31, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးငွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် သက်သာသော အတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ
Mar 31, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုးပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်များအတွင်း ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့် လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် PNLO ၊ KNDF ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ဒေသခံတိုင်းရင်းသားပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ သာသနိကအဆောက်အဦများနှင့် စာသင်ကျောင်းများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် ၎င်းတို့၏လုပ်ရပ်များအား ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်မှုမရှိဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။
Mar 31, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Mar 31, 2024
စစ်ကိုင်း-မင်းကွန်းသွာလမ်းပိုင်း၌ မတ်လ ၂၉ ရက်နေ့ ညနေခင်း လုပ်ငန်းမှ ပြန်လာသည့် ပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ငွေဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်းနှင့် မရွေးနိုင်သူများအား စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများအား တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Mar 31, 2024
၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပင်လောင်းမီးပွိုင့်လမ်းဆုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း၌ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိသည်။
Mar 31, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၂၈ ရက် နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) သို့ ရောက်ရှိပြီး လျှပ်စစ်နည်းပညာ (Electrical Technology) ဌာနတွင် National Skill Standard Authority (NSSA) Electrician Level-1 စစ်ဆေးခံရန်အတွက် ပြင်ဆင်လေ့ကျင့်လျက်ရှိသည့် ကျောင်းသား ၁၀ ဦးကို ကြည့်ရှုအားပေးကာ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေး On-the-job training ဖြင့် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Mar 31, 2024
နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ အမျိုးသားပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ ကျင်းပသည်။
ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်လျှောက်လွှာတင်သွင်းခြင်းကို ဧပြီ ၁၂ ရက်အထိ ရက်တိုးမြှင့်ခွင့်ပြုပေးထား
Mar 31, 2024
ရန်ကုန်တိုင်းဒေသကြီးရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒေသဆိုင်ရာကြီးကြပ်ရေး အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 31, 2024
၉။ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။
Mar 31, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်း၌ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ တိုင်း/ခရိုင် / မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Mar 31, 2024
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းနှင့် Global Direct Link Co.,Ltd တို့ အကျိုးတူဆောင်ရွက်လျက်ရှိသည့် The Global New Light of Myanmar သတင်းစာတွင် အသုံးအနှုန်းနှင့် နေ့စဉ်သုံးစွဲနေသော ဝေါဟာရများအား စံတစ်ခုအနေဖြင့် ပိုမိုစနစ်တကျရှိစေရန် သတင်းစာ စာတည်းဌာနမှ ဘာသာပြန်ဆိုခြင်းလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ Novotel Yangon Max Hotel ၌ ကျင်းပသည်။
