Skip to main content

Apr 03, 2024

လူတို့အတွက် မဖြစ်မနေလိုအပ်သော အဓိကလိုအပ်ချက်များဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေးဟူသော အရေးသုံးပါးတွင် ဝတ်ရေးကို ဒုတိယအရေးအကြီးဆုံးကဏ္ဍအနေဖြင့် အသိအမှတ်ပြုထားသည်။ အဝတ်အစားသည် စားရေးကဲ့သို့ပင် လူသားတို့အတွက် အစဉ်အမြဲလိုအပ်နေသော ကုန်ပစ္စည်းဖြစ်သည်။ ထိုကုန်ပစ္စည်းအတွက် ဝါသီးနှံကို စိုက်ပျိုး၍ ချည်ထည်ကုန်ချောများ ထုတ်လုပ်ကြသည့်လုပ်ငန်းများကို နိုင်ငံတိုင်းနိုင်ငံတိုင်းက ဦးစားပေးလုပ်ကိုင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2024

မျက်မှောက်ကာလ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာကိုကာကွယ်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့ကို အာဏာတည်သက်ဝင်စေခဲ့ပြီးဖြစ်သည်ကို နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့ သိကြပြီးဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတစ်ဦး၏တာဝန်အဖြစ် စစ်မှုထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးအတွက် မွန်မြတ်သောတာဝန်ကို ထမ်းဆောင်ခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့က ရန်ကုန်မြို့ရှိ စင်ကာပူ-မြန်မာ သက်မွေးပညာသင်ကျောင်း (SMVTI) သို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး U - 25 ဘောလုံးပြိုင်ပွဲ (အမျိုးသား) တံခွန်စိုက်ဆုရ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဘောလုံးအသင်းနှင့် MFF Fit Futsal League (II) 2023 ချန်ပီယံဆုရ YRG FC ဘောလုံးအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ကျင်းပသည့် နိုင်ငံတစ်ဝန်း သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေကြောရှာဖွေစက်နှင့် ရေတွင်းတူးစက် ကျွမ်းကျင်စွာအသုံးပြုနိုင်ရေး သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက် (ရာဟုထောင့်) အောင်မြေ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

စွမ်းအင်ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် စိစစ်သုံးသပ်ခြင်းအစည်းအဝေးကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ များနှင့် (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁) နေပြည်တော်၌ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ လုပ်ငန်းကော်မတီ ၂၂ ခုမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့တို့ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်နှင့် ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဤရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် စာရင်းချုပ်ရုံး၊ ခရိုင်/ မြို့နယ် ဒေသ စာရင်းစစ်ရုံးတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ ဝန်ထမ်းများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ဌာနဆိုင်ရာများအလိုက် သင်္ကြန်ယိမ်းအဖွဲ့များဖြင့် သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်နေကြပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၄-၃-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၃-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၈,၂၆၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၈) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၀) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံ ကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

မန္တလေးတိုင်းဒေသကြီး ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များ၊ သင်တန်းနည်းပြ၊ ကြီးကြပ်နှင့် သင်တန်းသား ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ် တပ်ကုန်းစာဖြေဌာန အောင်ဆန်းခန်းမ၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ လေးထောင့်ပုံ သံမဏိချောင်း ထုတ်လုပ်ခဲ့မှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ သံမဏိများအား လျာထားချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထား အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ ယနေ့တွင် တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု၊ အဆိုပါ ရထားလမ်းပိုင်းရှိ ဘူတာများ၊ ယာဒ်ဝင်းများနှင့် ရထားလမ်းတံတားများ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၈၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်