Apr 03, 2024
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧရာဝတီတံတား စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၃၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ မင်းလှမြို့နယ် အောက်ကိုင်းကျေးရွာ၌ တရားမဝင်စက်သုံးဆီဓာတ်ဆီ ဂါလန် ၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀)၊ အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀) နှင့် မင်းတုန်းမြို့နယ် ညောင်ကြပ် ကျေးရွာအနီး၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၂၁ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၉၄၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Luojia 110 ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၅၀၀၀၀)တို့ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ အရလည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၆၈၉၄၀၀ ကို သိမ်းဆည်း အရေးယူဆောင်ရွက်လျက်ရှိ သည်။
Apr 03, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ခရီးသွားကဏ္ဍမြှင့်တင်ရေးကို အထောက်အကူပြုနိုင်သော လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် အခွင့်အလမ်းများဆိုင်ရာ ဆွေးနွေးပွဲ (Investment Forum) ကို ယနေ့တွင် နေပြည်တော်ဆောက်လုပ် ရေးဝန်ကြီးဌာန ရုံးအမှတ် (၁၁) စုဝေးခန်းမ၌ကျင်းပသည်။
Apr 03, 2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပနိုင်ရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများမိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင်နိုင်ငံတော်၏ တာဝန်များကိုစွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန် မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဌာနဆိုင်ရာ များအလိုက် သင်္ကြန်ယိမ်းအဖွဲ့များဖြင့် သင်္ကြန်အကအလှများ ဇာတ်တိုက် လေ့ကျင့်လျက်ရှိသည်။
Apr 03, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး အောက်ဆီဂျင် ထုတ်လုပ်ရေးအလုပ်ရုံ၊ စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအလုပ်ရုံ၊ ဓာတ်အားခွဲရုံ၊ ရေသန့်စင်စက်ရုံ၊ သံရည်ကျိုအလုပ်ရုံတို့တွင် တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်နေမှု၊ စက်ပစ္စည်းကိရိယာများတပ်ဆင်နေမှု၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Apr 03, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်းသည် တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီအတွင်းရေးမှူး မစ္စတာကျန်းစမ်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် ရုံးအမှတ်(၃) အစည်းအဝေး ခန်းမ(၁) ၌ လက်ခံတွေ့ဆုံသည်။
Apr 03, 2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း၌ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ဌာနဆိုင်ရာများအလိုက် သင်္ကြန်ယိမ်းအဖွဲ့များဖြင့် သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်နေကြပြီ ဖြစ်သည်။
Apr 03, 2024
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းကဏ္ဍသည် အရေးပါလျက်ရှိရာ နိုင်ငံတော်က MSME လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်သည် စက်မှုဇုန်နယ်မြေဖြစ်သည့် အားလျော်စွာ စက်ရုံ၊ အလုပ်ရုံများဖြင့် စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီးထိုသို့ လုပ်ကိုင်ခြင်းကြောင့် အလုပ်အကိုင်များ ရရှိစေခြင်းနှင့် ပြည်ပလူသုံးကုန် ပစ္စည်းများကို အစားထိုးနိုင်သည့် ကုန်ပစ္စည်းများကို ပြည်တွင်း၌ပင်စျေးသက်သာစွာဖြင့် ဝယ်ယူနိုင်အောင် ထုတ်လုပ်ပေးနိုင်သည့် လုပ်ငန်းရှင်များပေါ်ထွက်လာသည်။ စက်မှုအတတ်ပညာဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းဖြစ်သော C Max လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် လျက်ရှိသည့် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးသီဟဘော်ဇံနှင့် တွေ့ဆုံမေးမြန်းမှုများကို ရေးသားဖော်ပြလိုက်ပါသည်-
Apr 03, 2024
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရတနာခန်းမ၌ ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အရာထမ်း၊ အမှုထမ်းများစုစုပေါင်း ၅၁၀ တက်ရောက်ကြသည်။
Apr 03, 2024
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကော်ဖီစီမံကိန်းဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဧပြီ ၁ ရက်ကကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့်ဌာနများမှ တိုင်းဦးစီးမှူးများ၊ ပြင်ဦးလွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
Apr 03, 2024
ရှမ်းပြည်နယ် တောင်ကြီးမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သည့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Apr 03, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
Apr 03, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(ပုသိမ်)ရှိ ကွန်ပျူတာစာမေးပွဲခန်း၌ IT ဌာနမှ ကျောင်းသား ကျောင်းသူများ Programming ဘာသာရပ်ကို စိတ်ပါဝင်စားစွာဖြေဆိုနေမှု၊ ရေးဖြေစာမေးပွဲခန်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးကာ ကျောင်းသားကျောင်းသူများ စိတ်ရွှင်လန်းချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး လိုအပ်သည်များပံ့ပိုးပေးနိုင်ရေးနှင့် စာမေးပွဲစည်းကမ်းများအတိုင်း အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးဆောင်ရွက်ရန်၊ ယင်းနောက်ပိုင်း၌ Academic Calendar အတိုင်း ဆက်လက်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။
Apr 03, 2024
အာဆီယံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများအစည်းအဝေး (20th ASEAN Central Bank Deputies Meeting-ACDM) နှင့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေး (ASEAN Finance and Central Bank Deputies Meeting-AFCDM) ကို ယနေ့တွင် Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် အဆင့်မြင့်အရာထမ်းများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
Apr 03, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ဟုန်ပြည်နယ်ခွဲပြည်သူ့အစိုးရနှင့် တက်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းကျင်းပသည့် တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီနှင့် စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ MGallery Hotel ဧရာဝတီခန်းမ၌ ကျင်းပသည်။
Apr 03, 2024
HEV/ EV ကားများနှင့်ပတ်သက်သည့် အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစံရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေးခန်းမ ဇဝနသိဒ္ဓိရပ်ကွက် ချင်းရွာအနီးသီရိရတနာလမ်းနှင့် နေကြာ (၈) လမ်းထောင့် နေပြည်တော်၌ကျင်းပရာ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သတ္တုနှင့်အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှုစံ သတ်မှတ်ရေးကော်မတီဥက္ကဋ္ဌ၊ စံကော်မတီဝင်များ၊ ကျွမ်းကျင်မှုစံ ရေးဆွဲကြမည့် Technical Working Group (TWG) အဖွဲ့ဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC)၊ NSSA မှ အဖွဲ့ဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
Apr 03, 2024
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ပရာဘွမ်မြို့တွင် ၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်မည့် (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ဆွေးနွေးပွဲများသို့တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Air Asia လေကြောင်း ခရီးစဉ်ဖြင့်ထွက်ခွာသွားရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှဌာန ဆိုင်ရာအကြီးအကဲများက လေဆိပ်တွင် လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။
Apr 03, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်အမှူးပြုသော အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဝန်ထမ်းမိသားစုများ၏ စုပေါင်း ဒုလ္လဘ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်အလှူတော်မင်္ဂလာ ရှင်လောင်းလှည့်အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင်ကျင်းပသည်။
Apr 03, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ဒုတိယဦးစီးမှူးနှင့် ဒုတိယလက်ထောက်ဦးစီးမှူးများအတွက် လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်တင် မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။
Apr 03, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များအား တွေ့ဆုံ၍လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီပေးမှုကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။
Apr 03, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများအား တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ရှိ အောင်ဆန်းခန်းမ၌တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
