Jan 23, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက် ပစ္စည်းအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် လုပ်ငန်းရှင်များ တက်ရောက် ကြသည်။
Jan 23, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ပိုက်ကျော်ခြင်း (အမျိုးသား) ပွဲစဉ်များကို Boxing Indoor Stadium လက်ဝှေ့အားကစားရုံနှင့် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံတို့၌ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ တာဝန်ရှိသူများသည် အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကာ ပြိုင်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသားအားကစား သမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အားပေး စကားပြောကြားသည်။
Jan 23, 2024
မန္တလေးတိုင်းဒေသကြီး နယ်မြေမဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဇန်နဝါရီ ၁၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပြင်ဦးလွင်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စု ၂၁ ခုမှ ပြည်သူ ၅၀၈ ဦး၊ အမရပူရမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ၂၇ ခုမှ ပြည်သူ ၄၂၀ စုစုပေါင်း ၉၂၈ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြသည်။
Jan 23, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်၌ တရားမဝင် လက်နက်/ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများဆောင်ရွက်စဉ် PNLO ယူနီဖောင်း ဝတ်ဆင်ထားသူများ လိုက်ပါလာသော မော်တော်ယာဉ်ငါးစီးကိုတွေ့ရှိရသဖြင့် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူ တစ်ဦးက သေနတ် စတင်ပစ်ဖောက်မှုဆောင်ရွက် လာသည့်အတွက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး PNLO အ ဖွဲ့က ၎င်းတို့ယာဉ်တန်းမှယာဉ်များကို မီးရှို့ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်များပေါ်ရှိ ခဲယမ်း ဟု ယူဆရသောပစ္စည်းများပေါက်ကွဲ၍ စံဖူးကျေးရွာ ရှိ ဒေသခံပြည်သူများ၏ နေအိမ်များသို့ မီးများကူးစက်ခဲ့ပြီး နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့သည့်သတင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အဆိုပါ မီးလောင်ပျက်စီးခဲ့သည့်နေရာသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဝင်းဇော်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မီးဘေးသင့်ပြည်သူများအားဆန်၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးအပ်သည်။
Jan 23, 2024
သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး) မှ နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေးခရီး လာရောက်ကြသည့် ဒုတိယနှစ် ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံးအမှတ် (၁၆) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီး၊ကြီးကြပ်သူ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
Jan 23, 2024
ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” သို့ တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း/ပြည်ပ သုတေသနပညာရှင်များနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။
Jan 23, 2024
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် အခမ်းအနားကျင်းပမည့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Jan 23, 2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-12 သို့ တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးသမိုင်း ပြခန်း၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Jan 23, 2024
(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဆေးသုတေသနဦးစီးဌာန အမှတ် (၅) ဇီဝကလမ်း ဒဂုံမြို့နယ် ရန်ကုန်မြို့တွင် ယနေ့နံနက်ပိုင်းကကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 23, 2024
ဘဏ်များနှင့်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများပူးပေါင်း၍ အများပြည်သူသို့ မိုဘိုင်းငွေပေးချေမှုလမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦးဆောင်၍ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၊ Grand Ballroom ၌ ကျင်းပသည်။
Jan 23, 2024
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူဆောင်ရွက်မည့် အိမ်ရှင်ယူဂန်ဒါသမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ ယူဂန်ဒါနိုင်ငံကမ်ပါလာမြို့၌ ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးနှင့် ဇန်နဝါရီ ၁၉ ရက်မှ ၂၀ ရက် အထိ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိသည်။
Jan 23, 2024
Basic Social Work Skills Development သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 23, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်းနှင့်အမှုထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။
Jan 23, 2024
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး၊ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးတို့ကို ဆောင်ရွက်ရာ၌ ကျန်းမာသန်စွမ်းသော လူသားအရင်း အမြစ်များလိုအပ်သည်။ တိုးတက်ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရာတွင် ပညာအရည်အချင်းပြည့်ဝသည့် လူ့အရင်းအမြစ်များစွာလိုအပ်သည်။ ထိုအရင်း အမြစ်များကို မွေးထုတ်ပေးနိုင်ရန်အတွက် ကျန်းမာရေးသည် အဓိကအကျဆုံးဖြစ်သည်။
Jan 23, 2024
နှစ်သစ်၏အစ ယခုလပိုင်းအတွင်းမှာ မူးယစ်ဆေးဝါးပမာဏ အမြောက်အမြားဖမ်းဆီးရမိသည့်သတင်းများ ခပ်စိတ်စိတ်တွေ့နေရသည်။ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုကင်းမဲ့နေခြင်း၊ နိုင်ငံ၏အတွင်းပိုင်းဒေသအချို့၌ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေခြင်း စသည်တို့ကိုအခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ပိုမိုပြုလုပ်လာ ကြခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့အပြင်အချို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများတွင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များ တိုက်ရိုက်ပါဝင်နေကြသလို အချို့မူးယစ်ဆေးဝါးအမှုများမှာ နောက်ကွယ်၌ အဆိုပါအဖွဲ့များက ကြိုးကိုင်ဆောင်ရွက်နေကြသည့် သဲလွန်စအချို့ရှိနေကြသည်။
Jan 22, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ မှ PNLO/ PNLA ဆက်ဆံရေးရုံး ကို တပ်မတော်မှ ဝင်ရောက်စီးနင်းပြီး PNLA အရာရှိ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jan 22, 2024
ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
Jan 22, 2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ပင်စည်ဈေးအား ၂၁ ရက်နေ့ကစ၍ ဖျက်သိမ်းရန် ပဲခူးမြို့စည်ပင်မှပြောကြားခဲ့ပြီးဈေးဖျက်သိမ်းတဲ့နေရာမှာ လမ်းနှင့်မလွတ်သော နေရာအဆောက်အဦများဖျက်ပေးရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာဖြစ်သည့် DVB မှ သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jan 22, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၅) ရပ်ကွက်ရှိ စစ်ရှောင်ပြည်သူများ၏ နေအိမ် (၅၀) လုံးထက်မနည်းအား ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တပ်ချထားခြင်းမရှိဘဲ တပ်မတော်က နေအိမ်ရှိပစ္စည်းများဝင်ခိုးပြီး မီးရှို့ဖျက်ဆီးသည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
