Skip to main content

Jan 08, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးဦးတည်ချက်တွင် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် မိမိတို့နိုင်ငံ၏ ဒေသအလိုက်ထွက်ရှိသည့် သယံဇာတကုန်ကြမ်းများကိုအခြေခံကာ အရည်အသွေးကောင်းမွန်သည့် ကုန်ချောအမယ်အမျိုးမျိုးထုတ်လုပ်ပြီး ပြည်တွင်းပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရန်၊ ပြည်ပသွင်းကုန်များကို အစားထိုးနိုင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ်တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် NUG,CRPH လက်အောက်ခံ အကြမ်းဖက်အဖွဲ့အစည်းများက PDF Game Application များ တီထွင်ဖန်တီးအသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် PDF Game ဆော့ကစားခြင်းသည် အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ်အကြား‌ ရဲရွာ‌ရေလှောင်တမံသွားကားလမ်း‌ဘေးတွင် ဖွင့်လှစ်ထားရှိသည့် ဝါးနက်အပန်း‌ဖြေဆင်စခန်းတွင် ဆင်ထီးသုံးကောင်၊ ဆင်မငါးကောင်ဖြင့် အပန်းဖြေလာရောက်သူများအား ဖျော်ဖြေဝန်ဆောင်မှုပေးလျက်ရှိပြီး ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) နံနက် ၄ နာရီကျော်ခန့်က ဆင်မိခင်ငြိမ်းစောလေးမှ ဆင်ပေါက် (အထီး)ကလေးတစ်ကောင်မွေးဖွားခဲ့ရာ ငြိမ်းချမ်းဦးဟု အမည်ပေးထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

မြန်မာပြည်တောင်ဘက်စွန်း ကော့သောင်းမြို့နှင့် ရေမိုင် ၆၀ အကွာတွင်ရှိသည့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း ဖွင့်လှစ်ထားသည့် ဝါးအလယ်ကျွန်း(Wa Ale Resort)သို့ နိုင်ငံတကာမှ ခရီးသွားများ ပိုမိုဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို လာမည့် ဖေဖော်ဝါရီ ၁၄ ရက်(တပို့တွဲလဆန်း ၅ ရက်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၈ နာရီတွင် တွံတေးမြို့နယ် တလုတ္ထော်ကျေးရွာအနီး မွေးမြူရေးအထူးဇုန်သို့သွားရောက်၍ မွေးမြူရေးဇုန်အပိုင်း(၃)အတွင်း ဒေသကြက်အကောင်ရေ ၇၂၀ မွေးမြူထားရှိမှု၊ ဆိတ် ၁၅၇ ကောင်နှင့် တိရစ္ဆာန်အစာ နေဗီယာမြက်နှင့် အစ္စရေးမြက်များ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အကောင်ရေ ထပ်မံတိုးချဲ့မွေးမြူရန်နှင့် တိရစ္ဆာန်အစားအစာဖူလုံစေရေးအတွက် တိုးချဲ့စိုက်ပျိုးသွားရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြောင်းမြခရိုင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကြပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် မြောင်းမြမြို့ရှိ ၆၆ ကေဗွီဓာတ်အားခွဲရုံ၏ လက်ရှိဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ပုသိမ်စက်မှုစီမံကိန်းရုံး၌ ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၅ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ် မြို့ရှောင်လမ်းအနီး၌ တရားမဝင် အခြားသစ် ၃ ဒသမ ၅၉၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၅၈၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် စိုက်ပျိုးရေဖူလုံပိုလျှံစွာ အသုံးပြုနိုင်ရေး၊ ဒေသစိမ်းလန်းစိုပြည်စေရေးနှင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် သဘာဝရေချိုအရင်းအမြစ်များ ထိန်းသိမ်းသိုလှောင်နိုင်ရန် တည်ဆောက်ထားသော ရေလှောင်တမံကြီးများ၏ ကြံ့ခိုင်ရေးနှင့် ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံရေပိုလွှဲတွင် Hydraulic Elevator Dam (HED) တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ သွားရောက်၍ ပုသိမ်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့(Destination Management Organization – DMO)၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်များမှ တာဝန်ရှိသူများကို ပုသိမ်ဟိုတယ်၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းဖြင့် သင်ကြားခွင့်မရရှိခဲ့သူများအတွက် ကျောင်းပြင်ပပညာရေးနည်းလမ်းဖြင့် သင်ကြားပေးနိုင်ရေး ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း၏ ကဏ္ဍတစ်ရပ်ဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များ စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

ကမ္ဘာပေါ်ရှိနိုင်ငံများစွာသည် ၎င်းတို့နိုင်ငံနှင့်သင့်လျော်သည့် နိုင်ငံရေးစနစ်တစ်ခုခုကို ကျင့်သုံးဆောင်ရွက်နေကြသည်။ အများစုမှာ ပြည်သူအများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြသည်။ ချမ်းသာကြွယ်ဝသောနိုင်ငံအများစုသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ကြသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုအနေဖြင့်လည်း ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးနေကြသည်။ သို့သော် ဒီမိုကရေစီစနစ်အရ မတူကွဲပြားခြားနားမှုများကို ပေါင်းစည်းဆောင်ရွက်ရသဖြင့် နိုင်ငံများစွာတို့တွင် စိန်ခေါ်မှုများရှိနေကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

မျက်မှောက်ခေတ်သည် အင်တာနက်ဆက်သွယ်ရေး တိုးတက်သုံးစွဲလာကြသည့်အလျောက် အမျိုးမျိုးသောထုတ်ကုန်ပစ္စည်းများ အွန်လိုင်းများမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားလျက်ရှိသည်ကို သတိပြုမိပါသည်။ သို့သော်လည်း အချို့သော အွန်လိုင်းရောင်းချမှုများသည် အဆင်ပြေချောမွေ့မှုရှိသလို အချို့သော အွန်လိုင်းရောင်းချမှုများမှာ အဆင်ပြေချောမွေ့မှု မရှိသည်များလည်း ရှိနိုင်ပါသည်။ ထိုသို့ အဆင်မပြေချောမွေ့မှုများရှိနေခြင်းကပင် အီလက်ထရွန်နစ် စျေးကွက်စီးပွားရေး ပီပီပြင်ပြင်ဖြစ်ပေါ်လာရေးအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်နေသည်ကို တွေ့ရပေသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2024

ရခိုင်ပြည်နယ် မြို့နယ်အချို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကြောင့် မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ရမ်းဗြဲစသည့်မြို့နယ်များတွင် လျှပ်စစ်မီးပြတ်တောက်လျက်ရှိနေသည်ဟု သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ၊ အမှတ် ၅ ရပ် ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးသည်ဟု အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာ ခေတ်သစ်မှ သတင်းတု၊ သတင်းမှားများကို ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်