Skip to main content

Mar 21, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကို မတ် ၁၅ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ခဲ့ပြီး သမ္မတလောင်း ၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲရေတွက်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီးချိန်တွင် Vladimir Vladimirovich Putin က ၈၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ Nikolai Mikhailovich Kharitonov က ၄ ဒသမ ၃၁ ရာခိုင်နှုန်း၊ Vladislav Andreevich Davankov က ၃ ဒသမ ၈၅ ရာခိုင်နှုန်း၊ Leonid Eduardovich Slutsky က ၃ ဒသမ ၂၀ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပြီး Vladimir Vladimirovich Putin က ပြတ်သားသည့် မဲရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

လူတို့အသက်ရှည်ကျန်းမာရေးအတွက် သန့်ရှင်းသောလေ၊ သန့််ရှင်းသောရေ အပြည့်အဝရရှိရန်လိုအပ်သည်။ သန့်ရှင်းသောလေကို နေ့စဉ်ရှူရှိုက်ပြီး သန့်ရှင်းသော ရေကို နေ့စဉ်ပြည့်ပြည့်ဝဝ သောက်သုံးနိုင်ပါမှ သက်ရှည်ကျန်းမာသော လူ့ဘဝကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ သို့သော် မြို့ပြများတွင် လူဦးရေထူထပ်လာမှု၊ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမှုတို့ကြောင့် သန့််ရှင်းသောလေနှင့်ရေကို အပြည့်အဝရရှိနိုင်ရန်မှာ ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2024

ကမ္ဘာတစ်ဝန်းလုံးရှိ လူသားမျိုးနွယ်တစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးပြဿနာသည် မိမိတို့နိုင်ငံတွင်လည်း လူငယ်ထုအတွင်း ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အန္တရာယ်များကို ကျရောက်စေနိုင်သည့်အပြင် နိုင်ငံ၏လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး၏ အစီရင်ခံစာတစ်ရပ်ကို ကိုးကား၍ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ် လုပ်မှုတိုးလာကြောင်း ပြည်ပသတင်းဌာနအချို့က သတင်းများ ဖော်ပြခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ်စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

ရုရှား-မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ ခုနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

ရခိုင်ပြည်နယ်အတွင်း ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲများဖော်ဆောင်ခြင်း၊ သာသနိကအဆောက်အဦများနှင့် စာသင်ကျောင်းများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် ၎င်းတို့၏လုပ်ရပ်များအား ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်မှုမရှိဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

TNLA အဖွဲ့များသည် ဒေသခံတိုင်းရင်းသားလူငယ်များကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ကာ စစ်သင်တန်းများတက်ရောက်စေပြီး စစ်မှုတာဝန်များ ထမ်းဆောင်စေခြင်းကြောင့် သောင်းကျန်းသူအဖွဲ့တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော တိုင်းရင်းသားလူငယ်များ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၄ ခုနှစ်) (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၂၀ /၂၀၂၄) ၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်(၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်)

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁၉/၂၀၂၄) ၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် (၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်)

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ခဲ့သည့်အတွက် ပြည်သူများ နယ်စပ်နှင့်ပြည်ပများသို့ ထွက်ခွာသူများပြားနေကြောင်း ကောလာဟလသတင်းအမှားများကို ပြည်ဖျက် NUG အဖွဲ့မှ ပြည်သူများကို ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် စစ်မှုထမ်း စာရင်းများကောက်ခံရာတွင် အမျိုးသမီးများကိုပါ ကောက်ခံလျက်ရှိကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို ပြည်သူများ စိုးရိမ်စိတ်များဖြစ်ပေါ်စေရန် တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

​​​​​​​၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုအဖွဲ့သည် ပြည်တွင်းရှိ ဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့် မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာမှုရှိသော ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

စစ်ကိုင်းတိုင်းဒေသကြီး ကလေးနည်းပညာ တက္ကသိုလ်အနီးရှိ ထိုမာကျေးရွာနှင့် ဇင်းကလင်းကျေးရွာကြားရှိ နေအိမ်အချို့ကို မတ် ၁၇ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် စွပ်စွဲရေးသားထားသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

ဟိုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ဘိုကုန်းရပ်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မော်လမြိုင်ရုံးသို့ သွားရောက်ကာ ရုံးအဆောက်အအုံအသစ်တည်ဆောက်မည့် မြေနေရာကိုလှည့်လည်ကြည့်ရှုပြီး မော်လမြိုင်ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်းအမှုထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

​​​​​​​၁။ အကောက်ခွန်ဦးစီးဌာနသည် ရန်ကုန်ဧရိယာ၊ မြဝတီနယ်စပ်ဒေသ၊ မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတို့တွင် မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System)ကို အသုံးပြုလျက်ရှိပြီးယခုအခါ တိုးချဲ့ဒေသအဖြစ် တာချီလိတ် နယ်စပ်ဒေသတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှစတင်၍ အသုံးပြုသွားမည် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်နှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိ သူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေအားလျှပ်စစ်အကောင်အထည်ဖော် ရေးဦးစီးဌာန၏ စက်မှုယန္တရားဌာနခွဲ(လှော်ကား) သို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက ပစ္စည်းများရရှိ/ ထုတ်ပေး/ သုံးစွဲ/လက်ကျန်စာရင်းများကို စနစ်တကျမှတ်တမ်းရေးသွင်း ဆောင်ရွက်ကြရန်၊ ပြင်ဆင်ထားရှိသော စက်ယန္တရားများ၊ စီမံကိန်းအတွက် စက်ပစ္စည်းများနှင့်တာဘိုင်၊ ဂျင်နရေတာများကို စနစ်တကျထိန်းသိမ်းထားသိုရန်၊ နွေရာသီကာလ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးတားလမ်းများ ပြုလုပ်သွားရန်နှင့် အခြားလိုအပ်သည်များ မှာကြားပြီး ဂိုဒေါင်များတွင် ပစ္စည်းများသိုလှောင်/ ထိန်းသိမ်းထားရှိမှု အခြေအနေကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ လူမှုဖူလုံရေး-ခိုင်မေတ္တာဆေးရုံလူမှုဖူလုံရေးရုံးနှင့် လူမှုဖူလုံရေးဆေးခန်းတို့တွင် အာမခံအလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်