Skip to main content

Jan 07, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ဆက်လက်ဖတ်ရှုရန်

Jan 07, 2024

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို ယခင်အစိုးရက တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က နိုင်ငံတော်တာဝန်များ ထမ်းဆောင်ခဲ့သည်ကို CRPH၊ NUG အကြမ်းဖက်အဖွဲ့နှင့် လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်နှင့် နိုင်ငံပျက်စီးရန် အမျိုးမျိုးအဖုံဖုံလုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2024

၂၀၂၃ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံက ကော်ဖီတန်ချိန် ၁ ဒသမ ၆၁ သန်း ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၈ ဘီလီယံအထိ စံချိန်တင်ရှာဖွေနိုင်ခဲ့သည်ဆိုသည့် သတင်းမှာ စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်သည့် မိမိတို့နိုင်ငံအဖို့ စိတ်ဝင်စားအားကျဖွယ်ရာပင်ဖြစ်သည်။ ကမ္ဘာ့ဈေးကွက်တွင် ရေနံသည် အရေးပါဆုံးကုန်စည်ဖြစ်ပြီး ဒုတိယအရေးပါဆုံးမှာ ကော်ဖီဖြစ်ရာ ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်သည့် မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ဈေးကွက်တွင် နေရာတစ်နေရာ ရရှိလာနိုင်ရန် ကြိုးပမ်းကြဖို့ လိုမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ သစ်ပုတ်ကျေးရွာအုပ်စု၊ တောင်ခမောက်ကျေးရွာရှိ နေအိမ်များကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်မှမီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၂၀ လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ စိန်နန်းကျေးရွာကို ဇန်နဝါရီ ၄ ရက်နေ့တွင် တပ်မတော်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit Media က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် “မျှစ်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှု မြှင့်တင်ပေးနိုင်ရေးဆိုင်ရာစီမံကိန်း”၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် သိုလှောင်ထုပ်ပိုးခြင်း အလုပ်ရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၁၅) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ ညနေ ၄ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

(၁) ပြည်ထောင်စုကြီးထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ရေး။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများအသီးသီး ပေးပို့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိ မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် သီရိငါးမြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာနရုံးများသို့ သွားရောက် စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ တောင်ကြီးပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးနှင့် ရှမ်းပြည်နယ် ပညာရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးတက္ကသိုလ်သို့  သွားရောက်၍ စာသင်ခန်း များတွင် အေးချမ်းစွာ ပညာသင်ကြား၊ သင်ယူနေကြသည့် လွိုင်ကော်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်တို့မှ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

ကျန်းမာရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) တွင် တာဝန်ထမ်းဆောင်ကြမည့် ဓာတ်ခွဲခန်းပညာရှင်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းစုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန (Jiangsu CDC) သို့ ပညာတော်သင်စေလွှတ် ၍ ဓာတ်ခွဲခန်းဆိုင်ရာ ပညာရပ်များ လေ့ကျင့် သင်ကြားပေးလျက်ရှိရာ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကျန်းစုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနရှိ သင်တန်းခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနေသည့် သင်တန်းကျောင်းများမှ တာဝန်ရှိသူများကို ဝန်ကြီးဌာန၏ နီလာခန်းမမှ အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒနှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်စွမ်းအားမြင့်မားလာသည်နှင့်အမျှ ပြည်တွင်းစားသုံးမှု ဖူလုံစေမည့်အပြင် ပြည်ပပို့ကုန် ပိုမိုတိုးမြှင့်ပြီး နိုင်ငံသားတစ်ဦးချင်း၏ အသားတင်ထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေတို့ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် စတင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ရောက်ရှိပြီး စာသင်ခန်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2024

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ပြည်သူ့ဆေးရုံကြီး၊ ငါးထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ (ပြည်)မှ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ်ဆန်းဌေးမောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အထူးကုဆရာဝန်ကြီးများ၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်