Mar 01, 2024
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်များနှင့် ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် ကာယပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်း( ၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လယ်ဝေးမြို့ အားကစားလေ့ကျင့်ရေးစခန်း အမှတ်(၂)တွင် ကျင်းပသည်။
Mar 01, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသတင်းမှားများကို အယုံလွယ်လမ်းမှား မရောက်ရှိစေရေး တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာ လေ့လာနိုင်ရေးအသိပညာပေးဆောင်ရွက်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
Mar 01, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 01, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးရှိ ညောင်တုန်းနှင့် မအူပင်(တောင်)ရေနံနှင့် သဘာဝဓာတ်ငွေ့မြေမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်နေမှုနှင့် ထပ်မံတိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။
Mar 01, 2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများနှင့် (Youth Camp)မှ လူငယ်အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
Mar 01, 2024
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 01, 2024
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၆/၂၀၂၃-၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 01, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်(တပ်ကုန်းမြို့)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ MRTV ၏ ရုပ်သံလိုင်း(Channel) များအလိုက် သတင်းဖတ်ကြားရန် ရွေးချယ်လေ့ကျင့်နေသည့် ဝန်ထမ်းသစ်များအား Screen Test ဆောင်ရွက်မှုနှင့် MRTV ၏ ဘဏ္ဍာရေးနှစ်အလိုက် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်နေသောလုပ်ငန်းကြီးများ ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Mar 01, 2024
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ်(၃၂) သင်တန်းဆင်းပွဲနှင့် တရားသူကြီးတာဝန်ပေးအပ်လွှာများ အပ်နှင်းခြင်း၊ ကျမ်းသစ္စာပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားရေးကောလိပ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်အမှာစကားပြောကြားသည်။
Mar 01, 2024
မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝအတွက် အသုံးပြုနေသောမော်တော်ယာဉ်များ သန်းနှင့်ချီ၍ရှိနေသည်။ အဆိုပါယာဉ်များ မောင်းနှင်အသုံးပြုနိုင်ရန်အတွက် လောင်စာဆီနှင့် အဆိုပါယာဉ်များမှ ပေါ်ထွက်လာသော အပူစွမ်းအားနှင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုပြဿနာများသည် ရေရှည်တွင် ကြီးမားသည့်စိန်ခေါ်မှုများအဖြစ် ပေါ်ထွက်နေပြီဖြစ်သည်။ ထို့ကြောင့် လောင်စာဆီအစားထိုးအသုံးပြုမှုကို မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသည်။
Mar 01, 2024
ကောလာဟလအမျိုးမျိုး နေ့စဉ်မပြတ်ထွက်ပေါ်နေသည့် မိမိတို့နိုင်ငံတွင် နောက်ဆုံးထွက်ပေါ်လာသည့် ကောလာဟလမှာ ရွှေဈေးနှုန်းနှင့်ပတ်သက်၍ ထွက်ပေါ်လာခြင်းဖြစ်သည်။ တရားဝင်ရွှေလုပ်ငန်းကို လုပ်ကိုင်နေသည့် ရွှေလောကသားများမဟုတ်ဘဲ ပြင်ပမှ ဝိသမလောဘသမားက ကောလာဟလလွှင့်ထုတ်၍ ဈေးကစားကာအမြတ်ရှာဖွေရန် ကြိုးပမ်းကြခြင်းသာဖြစ်ကြောင်းနှင့် ရွှေဈေး၊ ဒေါ်လာဈေး စသည်တို့ကို ကောလာဟလလွှင့်၍ ဈေးဆွဲတင်သည့်အလုပ်ကို နှစ်စဉ်လုပ်လေ့ရှိကြကြောင်း သိရသည်။ ရိုးသားစွာဖြင့် လုပ်ငန်းထူထောင်ဆောင်ရွက်ခြင်းမရှိဘဲ တရားမဝင်ဖြတ်လမ်းနည်းဖြင့် ငွေရှာမှုများက ပုံမှန်စီးပွားရေးကို ထိခိုက်စေမည်ဖြစ်သည်။
Feb 29, 2024
မကွေးတိုင်းဒေသကြီး၊ မြစ်ခြေမြို့နယ်ရှိ ဖလံအိုကျေးရွာ၊ ချိုင်ကျေးရွာနှင့် ရေကြည်ကျေးရွာတို့ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး အဖိုးတန်ပစ္စည်းများ ယူဆောင်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 29, 2024
တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် မကွေးမြို့ပတ်ဝန်းကျင်တစ်ဝိုက် လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် ပွင့်ဖြူမြို့ အနောက်မြောက်ဘက် ရေဘုတ်ကြီးရွာအနီးသို့အရောက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်တွင် ရုတ်တရက် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကာ မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
Feb 29, 2024
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယားဆိပ်ကမ်းဈေးအတွင်း၌ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက သွားရောက်တွေ့ဆုံ၍ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား စစ်တွေမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)သို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိသည်။
Feb 29, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Feb 29, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်ရာ ယနေ့တွင်လည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခန္တီးမြို့၊ ဖောင်းပြင်မြို့၊ ကလေးမြို့၊ မုံရွာမြို့နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တို့ရှိ နယ်မြေခံတပ်နယ်ခန်းမများ၌ အသီးသီးပြုလုပ်ရာ သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Feb 29, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Great Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Aiqar eQ3 အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊
Feb 29, 2024
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 29, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူများက စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Games of the Future 2024 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Burmese Ghouls အသင်း ကွာတားဖိုင်နယ်တက်လှမ်း
Feb 29, 2024
ရှရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ကျင်းပလျက်ရှိသော Games of the Future 2024 နိုင်ငံတကာ ဂိမ်းပေါင်းစုံပြိုင်ပွဲ၏ မိုဘိုင်းလက်ဂျန့်စ် ဘန်းဘန်း (Mobile Legends Bang Bang - MLBB) ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Burmese Ghouls အသင်းသည် ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
