Skip to main content

Jan 23, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-12 သို့ တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးသမိုင်း ပြခန်း၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဆေးသုတေသနဦးစီးဌာန အမှတ် (၅) ဇီဝကလမ်း ဒဂုံမြို့နယ် ရန်ကုန်မြို့တွင် ယနေ့နံနက်ပိုင်းကကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

ဘဏ်များနှင့်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများပူးပေါင်း၍ အများပြည်သူသို့ မိုဘိုင်းငွေပေးချေမှုလမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦးဆောင်၍ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၊ Grand Ballroom ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူဆောင်ရွက်မည့် အိမ်ရှင်ယူဂန်ဒါသမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ ယူဂန်ဒါနိုင်ငံကမ်ပါလာမြို့၌ ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးနှင့် ဇန်နဝါရီ ၁၉ ရက်မှ ၂၀ ရက် အထိ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

Basic Social Work Skills Development သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်းနှင့်အမှုထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး၊ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးတို့ကို ဆောင်ရွက်ရာ၌ ကျန်းမာသန်စွမ်းသော လူသားအရင်း အမြစ်များလိုအပ်သည်။ တိုးတက်ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရာတွင် ပညာအရည်အချင်းပြည့်ဝသည့် လူ့အရင်းအမြစ်များစွာလိုအပ်သည်။ ထိုအရင်း အမြစ်များကို မွေးထုတ်ပေးနိုင်ရန်အတွက် ကျန်းမာရေးသည် အဓိကအကျဆုံးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

နှစ်သစ်၏အစ ယခုလပိုင်းအတွင်းမှာ မူးယစ်ဆေးဝါးပမာဏ အမြောက်အမြားဖမ်းဆီးရမိသည့်သတင်းများ ခပ်စိတ်စိတ်တွေ့နေရသည်။ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုကင်းမဲ့နေခြင်း၊ နိုင်ငံ၏အတွင်းပိုင်းဒေသအချို့၌ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေခြင်း စသည်တို့ကိုအခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ပိုမိုပြုလုပ်လာ ကြခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့အပြင်အချို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများတွင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များ တိုက်ရိုက်ပါဝင်နေကြသလို အချို့မူးယစ်ဆေးဝါးအမှုများမှာ နောက်ကွယ်၌ အဆိုပါအဖွဲ့များက ကြိုးကိုင်ဆောင်ရွက်နေကြသည့် သဲလွန်စအချို့ရှိနေကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ မှ PNLO/ PNLA ဆက်ဆံရေးရုံး ကို တပ်မတော်မှ ဝင်ရောက်စီးနင်းပြီး PNLA အရာရှိ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2024

ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ဆက်လက်ဖတ်ရှုရန်

Jan 22, 2024

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ဆက်လက်ဖတ်ရှုရန်

Jan 22, 2024

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ပင်စည်ဈေးအား ၂၁ ရက်နေ့ကစ၍ ဖျက်သိမ်းရန် ပဲခူးမြို့စည်ပင်မှပြောကြားခဲ့ပြီးဈေးဖျက်သိမ်းတဲ့နေရာမှာ လမ်းနှင့်မလွတ်သော နေရာအဆောက်အဦများဖျက်ပေးရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာဖြစ်သည့် DVB မှ သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၅) ရပ်ကွက်ရှိ စစ်ရှောင်ပြည်သူများ၏ နေအိမ် (၅၀) လုံးထက်မနည်းအား ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တပ်ချထားခြင်းမရှိဘဲ တပ်မတော်က နေအိမ်ရှိပစ္စည်းများဝင်ခိုးပြီး မီးရှို့ဖျက်ဆီးသည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2024

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2024

(၂၃)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2024

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) (ရန်ကုန်)၊ ကလေးဆေးရုံကြီး (ရန်ကုန်)တို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ဇန်နဝါရီ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့သွားရောက်၍ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့် အတူဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 22, 2024

မန္တလေးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဇန်နဝါရီ ၁၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ချမ်းမြသာစည်မြို့နယ်ရပ်ကွက် ၁၄ ခုမှ ပြည်သူ ၄၆၄ ဦး၊ ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက် ၁၈ ခုမှ ပြည်သူ ၄၄၀ စုစုပေါင်း ၉၀၄ ဦး တက်ရောက်ပြီး လက်တွေ့ စမ်းသပ်မဲပေးလေ့လာခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်