Jan 22, 2024
မန္တလေးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဇန်နဝါရီ ၁၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ချမ်းမြသာစည်မြို့နယ်ရပ်ကွက် ၁၄ ခုမှ ပြည်သူ ၄၆၄ ဦး၊ ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက် ၁၈ ခုမှ ပြည်သူ ၄၄၀ စုစုပေါင်း ၉၀၄ ဦး တက်ရောက်ပြီး လက်တွေ့ စမ်းသပ်မဲပေးလေ့လာခဲ့ကြသည်။
Jan 22, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ မဟာနာယက ကျောင်းတော်ကြီးဘုရားခန်းမ၌ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာ ပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တာဝန်ကျ တတိယအဖွဲ့ခွဲဆရာ တော်ကြီးများကို ဖူးမြော်ကြည်ညိုပြီး အဋ္ဌကထာ စာအုပ်များကို ဆဋ္ဌမူအတိုင်း ပုံနှိပ်ထုတ်ဝေမည့် ကိစ္စရပ်များ၊ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇)ပါးစုံညီ သောဠသမအစည်းအဝေးနှင့် အဋ္ဌမအကြိမ်နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေးများ ကျင်းပမည့်အခြေအနေများနှင့် စပ်လျဉ်း၍ လျှောက်ထားကာ ဆရာတော်ကြီးများထံမှ သြဝါဒခံယူသည်။
Jan 22, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ တောင်ကြီးမြို့၏ သာယာလှပသော ရှုခင်းများကို စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး - ပေါမူ - တောင်ကြီး (အသွား/အပြန်) ရထားခရီးစဉ်ကို အပတ်စဉ်တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ပြေးဆွဲပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးဘူတာမှ စတင်ပြေးဆွဲပေးသည်။
Jan 22, 2024
မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့နှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးလျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 22, 2024
အိန္ဒိယနိုင်ငံ၌ ရောက်ရှိနေသည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်တွင် ကိုလ်းကတ္တားမြို့မှ မော်တော်ယာဉ်များဖြင့် Duragapur သံမဏိစက်ရုံသို့ သွားရောက်လေ့လာသည်။
Jan 22, 2024
ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် အာရပ်စော်ဘွားများ ပြည်ထောင်စုကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Minister of State Mr. Khalifa Shaheen Almarar နှင့် ဇန်နဝါရီ ၁၉ ရက်တွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. Hasan Mahmud, MP နှင့် ယူဂန်ဒါ Minister of State for Foreign Affairs Hon. John Mulimba တို့နှင့် ဇန်နဝါရီ ၂၀ ရက်တွင်လည်းကောင်း ရန်ဇိုရီကွန်ဗင်းရှင်းစင်တာ၌ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
Jan 22, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများ၊ ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန်အမှတ်(၃)ရှိ ၃၃ ကေဗွီ EV Charging Station ဓာတ်အား ခွဲရုံအသစ် တည်ဆောက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 22, 2024
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉)ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ အိမ်ရှင်ယူဂန်ဒါသမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇန်နဝါရီ ၁၉ ရက်၊ ၂၀ ရက်များတွင် ယူဂန်ဒါနိုင်ငံကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
Jan 22, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ် (Electric Vehicle ၊ EV) သုံးစွဲသည့် ပြည်သူများအတွက် နည်းပညာ ပြန့်ပွားရေးဆိုင်ရာ အသိပညာပေးမှုများကို ဆက်စပ်ဌာန/ အဖွဲ့အစည်းများနှင့် ပူးပေါင်းမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အတူ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် ကျင်းပသည့် EV အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် နည်းပညာပြန့်ပွားရေး ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်သည်။
Jan 22, 2024
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “တရားမျှတမှုရရှိစေရေး၊ အားလုံးပါဝင်ဆောင်ရွက်ပေး” ဟူသည့် ဆောင်ပုဒ်ဖြင့် တတိယအကြိမ်မြောက် “တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)” ကို အကောင်အထည်ဖော်လျက်ရှိပါသည်။ မဟာဗျူဟာစီမံကိန်းရည်မှန်းချက်များ အောင်မြင်စေရေးအတွက် နှစ်စဉ်မဟာဗျူဟာလုပ်ငန်းအစီအစဉ်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ “တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)” ၏ ၂၀၂၄ ခုနှစ်အတွက် ဒုတိယနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။
Jan 22, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃ - ၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Jan 22, 2024
နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူသားအရင်းအမြစ်များ အဆင့်ဆင့် ပျိုးထောင်မွေးထုတ်ရေးကို စဉ်ဆက်မပြတ်ပြုလုပ်ပေးလျက်ရှိသည်။ ပျိုးထောင်ထားသည့် လူသားအရင်းအမြစ်ကောင်းများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်ကြသည်။ နိုင်ငံအတွက် အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာတွင် နိုင်ငံ့ဝန်ထမ်း ဆရာဆရာမများ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးသည်။
Jan 22, 2024
မြန်မာနိုင်ငံတွင် ပြည်သူတို့၏ မျှော်မှန်းသက်တမ်းမှာ ၂၀၂၂ ခုနှစ် ကိန်းဂဏန်းများအရ အမျိုးသား ၆၃ ဒသမ ၄ နှစ်၊ အမျိုး သမီး ၇၂ ဒသမ ၂ နှစ်ဖြစ်ပြီး ပျမ်းမျှသက်တမ်း ၆၇ ဒသမ ၇ နှစ်ဖြစ်သည်။ ယင်းအခြေအနေသည် အရှေ့တောင်အာရှနိုင်ငံများတွင် အနိမ့်ဆုံးအခြေအနေဖြစ်သည့်အလျောက် ပြည်သူများ၏ မျှော်မှန်းသက်တမ်းပိုမိုမြင့်မားလာစေရန် အခြေခံကျန်းမာရေးကောင်းမွန်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်စားသောက်ကြရေး၊ ရောဂါများကြိုတင်ကာကွယ်ရေးနှင့် ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာမြင့်မားလာစေရေးဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည်။
Jan 21, 2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ ဘုရားစေတီ(၁၁)ဆူမှ ဘဏ္ဍာ တော်ထိန်းဂေါပက အဖွဲ့ဝင် ၇၂ ဦး၊ အုပ်ချုပ်သူ ၂ ဦးနှင့် နတ်တလင်းခရိုင်အတွင်းရှိ ဘုရားစေတီ(၈)ဆူမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် ၃၇ ဦး၊ အုပ်ချုပ်သူ ၂ ဦး စုစုပေါင်း ၁၁၃ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင်တည်ထား ပူဇော်သည့်ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Jan 21, 2024
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရာအိမ်မှူးအချို့ စစ်သင်တန်းတက်ခိုင်းသဖြင့် နုတ်ထွက်စာတင်နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
Jan 21, 2024
ဆားလင်းကြီးမြို့နယ်၊ ကျွဲခိုတောကျေးရွာအား ဇန်နဝါရီလ ၂၀ ရက်နေ့က တပ်မတော်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူအချို့သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာဖြစ်သည့် Khit THit က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jan 21, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jan 21, 2024
အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်၊ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူပိုင် အဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင်ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အဦများအပါအဝင် အခြားဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများအား Drop Bomb များပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့်ဖျက်ဆီးခြင်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်သိရှိပြီးဖြစ်သည်။
Jan 21, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးခရိုင်၊ ဟိုပုံးမြို့နယ်တွင် တရားမဝင် လက်နက်/ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများဆောင်ရွက်နေစဉ် ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စံဖူးကျေးရွာသို့ရောက်ရှိလာသည့် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများလိုက်ပါ၍ Canter ယာဉ် ၂ စီး၊ Honda Fit ယာဉ် ၁ စီး၊ ဖိုးဝှီးယာဉ် ၂ စီး စုစုပေါင်းမော်တော်ယာဉ် ၅ စီးပါယာဉ်တန်းအားတွေ့ရှိသဖြင့် လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးက သေနတ်စတင်ပစ်ဖောက်မှု ဆောင်ရွက်လာသည့်အတွက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
