Jan 13, 2024
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့မှ အသက် ၈၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်ညီလာခံခန်းမ၌ ကျင်းပသည်။
Jan 13, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ (၁) ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Jan 13, 2024
ဟိုတယ်လုပ်ငန်းဆိုင်ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိကန်တော်ကြီးဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသင်တန်းကျောင်းတို့၌ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တက်ရောက်အမှာစကား ပြောကြားသည်။
Jan 13, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Alounkeo Kittikhoun နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော တည်ဆဲနိုင်ငံရေးပါတီများ တွေ့ဆုံပွဲများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပသည်။
Jan 13, 2024
“၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
Jan 13, 2024
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ ပထမနှစ်သင်တန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့တက်ရောက်လာကြသည့် သစ်လွင်ကျောင်းသားကျောင်းသူများ ကြိုဆိုပွဲအခမ်းအနားကို ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ယနေ့နံနက် ၉ နာရီ၌ ကျင်းပသည်။
Jan 13, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးကျော်စိုးမင်းအား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။
Jan 13, 2024
နိုင်ငံတကာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အထူးစီးပွားရေးဇုန်များကို အဓိကအားထားအကောင်အထည်ဖော်လျက်ရှိရာ အောင်မြင်မှုများရရှိနေသည်ကို မြင်တွေ့ရသည်။ မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်အဖြစ် သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိရာ သီလဝါအထူးစီးပွားရေးဇုန်မှာ အောင်မြင်လျက်ရှိပြီး ကျောက်ဖြူနှင့်ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်နိုင်ရေးကို နိုင်ငံတော်ကကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Jan 13, 2024
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးတို့က နယ်နိမိတ်ချင်းရှည်လျားစွာထိစပ်နေသည့် နှစ်နိုင်ငံလုံးအတွက် လွန်စွာအရေးပါသည်။ နှစ်နိုင်ငံနယ်စပ်များအကြား ငြိမ်းချမ်းမှုတည်တံ့ခိုင်မြဲသည်နှင့်အမျှ နှစ်ဖက်စလုံးရှိ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည့်အပြင် နှစ်နိုင်ငံစလုံးအတွက် အကျိုးတူစီးပွားတိုးတက်ဖွံ့ဖြိုးစေမည့် အလားအလာကောင်းများစွာလည်း ရှိနေသည်။
Jan 12, 2024
အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။
Jan 12, 2024
အကြမ်းဖက်သောင်းကျန်းသူများက စစ်ရေးဖြင့်သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။
Jan 12, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါသည်။
Jan 12, 2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ရှိ ဘော်မားကျေးရွာမှ အမျိုးသားတစ်ဦးမီးလှုံနေစဉ် တပ်မတော်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့သည့်ဖြစ်စဉ် ဇန်နဝါရီ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း ကောလာဟလ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jan 12, 2024
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အနီး ကြက်ရိုးကုန်းရွာကို ဇန်နဝါရီ ၁၂ ရက်နေ့ ယနေ့နံနက် ၇ နာရီအချိန် တပ်မတော်စစ်ကြောင်းတစ်ခုမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာကိုအကြောင်းမဲ့လာရောက်မီးရှို့ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jan 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ တောင်ပုကျေးရွာကို ဇန်နဝါရီ ၁၀ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒေသခံများထံမှ ငွေကြေးများ ခြိမ်းခြောက်ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jan 12, 2024
အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများ အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှစ်ခိုးကျောင်းများကို Drone များအသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများအတွင်းသို့ ဝင်ရောက်နေရာယူ၍ အခိုင်အမာခံစစ်စခန်း ပြုလုပ်ခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများဖြင့် ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ လုပ်ဆောင် လျက်ရှိသည်။
Jan 12, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee နှင့် ယနေ့ညနေပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။
Jan 12, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့ သာသနာ့ဗိမ္မာန်ရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားသည်။
Jan 12, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မော်လမြိုင်တက္ကသိုလ်သို့ရောက်ရှိပြီး စာသင်ခန်းများ၌ အေးချမ်းစွာပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။
Jan 12, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီး တည်ဆဲနိုင်ငံရေးပါတီများတွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကြံပြုချက်စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
