Jan 12, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့သည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာတွင် မဲခေါင် - လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေမှ Green House စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဒေသထုတ်ကုန်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jan 12, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်း မဂျွယ်ခန်းမ၌ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းကကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် နှစ်သစ်ကူး ကျေးဇူးတော်ချီးမွမ်းပွဲသို့ တက်ရောက်သည်။
Jan 12, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပန်းတနော်မြို့နယ် ချောင်းကလေးကျေးရွာအုပ်စု အိုးဘို-ချောင်းကလေး လမ်းပေါ်ရှိ ကျုံပတောတံတား တည်ဆောက်ခြင်းလုပ်ငန်း (ပထမပိုင်း) A1 bore pile 5 လုံး၊ A2 bore pile 5 လုံး ဆောင်ရွက်ပြီးစီးမှုနှင့် P1 bore pile တူးရန် ဆက်လက်ဆောင်ရွက်မည့် အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 12, 2024
ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များ တည်ထောင်ရေး အသိပညာမျှဝေခြင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ ကျင်းပသည်။
Jan 12, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ရောက်ရှိရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ခရိုင်အတွင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
Jan 12, 2024
အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) အား အကောင်အထည်ဖော်ဆောင်မည့် မဟာဗျူဟာအစီအစဉ်များရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃) ရပ်၏ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Jan 12, 2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့၌ သံဃာတော်များ ဦးဆောင်၍ ဘာသာသာသနာ ချစ်မြတ်နိုးသည့် ပြည်သူများက အကြမ်းဖက်သောင်းကျန်းသူများမှ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲကို ယနေ့မွန်းလွဲ ၁ နာရီ အခက ခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 12, 2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများကိုးကွယ်သည့် ဘုရားစေတီများ ဖျက်ဆီးသူအကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 12, 2024
ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းက မကွေးမြို့ ကန်သာမင်္ဂလာကန်တော်၌ ပြုလုပ်ခဲ့သည်။
Jan 12, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jan 12, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jan 12, 2024
(၁) ပြည်ထောင်စုကြီးထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ် ဖြင့် ကာကွယ်စောင့်ရှောက်ရေး။
Jan 12, 2024
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
Jan 12, 2024
တပ်မတော်(ရေ)မှ မြန်မာ့ပင်လယ်ပြင်တွင် ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jan 12, 2024
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက စာပေနှင့်သတင်းမီဒီယာကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေရေးနှင့် စာကြည့်တိုက်များ အောင်မြင်စွာဆက်လက်ရပ်တည် နိုင်စေရေးတို့အတွက် ယနေ့နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဟင်္သာတမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဒေသခံစာပေသမားများ၊ သတင်း မီဒီယာအဖွဲ့အစည်းများ၊ စာကြည့်တိုက်ဖောင်ဒေးရှင်း မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
Jan 12, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယမန်နေ့နံနက်ပိုင်းက ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။
Jan 12, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းသည် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများကြောင့် ရောဂါကူးစက်မှုကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးတို့ လိုက်ပါ၍ မြစ်ကြီးနားမြို့ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ မြစ်ကြီးနားမြို့ရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းအစီအစဉ်ကို သွားရောက်ကြည့်ရှုအားပေးသည်။
Jan 12, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကျောင်း ဧရာမြစ်ဆုံခန်းမ၌ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်ဦးစီးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံသည်။
Jan 12, 2024
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းရှိ မင်္ဂလာကန်တော် စိမ်းလန်းစိုပြည် ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
