Jan 12, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယမန်နေ့နံနက်ပိုင်းက ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။
Jan 12, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းသည် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများကြောင့် ရောဂါကူးစက်မှုကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးတို့ လိုက်ပါ၍ မြစ်ကြီးနားမြို့ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ မြစ်ကြီးနားမြို့ရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းအစီအစဉ်ကို သွားရောက်ကြည့်ရှုအားပေးသည်။
Jan 12, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကျောင်း ဧရာမြစ်ဆုံခန်းမ၌ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်ဦးစီးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံသည်။
Jan 12, 2024
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းရှိ မင်္ဂလာကန်တော် စိမ်းလန်းစိုပြည် ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
Jan 12, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် အမရပူရမြို့နယ် ၁၄၅လမ်း၊ ၆၅ x ၆၆ လမ်းကြား၊ စက်မှု(၂)၊ ရတနာရှင်ကုန်တင်/ချဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Justus Beer ၁၉၆၈ ဘူး၊ Oppa Soiju ပုလင်း ၂၀ အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၂၆၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jan 12, 2024
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တည်ထောင်ခြင်း နှစ် (၆၀) ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့် ကိုးနိုင်ငံယဉ်ကျေးမှုဖလှယ်ပွဲ (YUFL Cultural Exchanges 2024) အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်က ကျင်းပသည်။
ပို့ဆောင်စရိတ်သည် ဆီဈေးနှုန်းကို အခြေခံသည့်အတွက် စားသုံးသူများ သက်သောင့်သက်သာဖြစ်အောင်လုပ်ကြရမည်ဖြစ်
Jan 12, 2024
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီးစက်သုံးဆီလုပ်ငန်းရှင်များအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Jan 12, 2024
မြန်မာနိုင်ငံရှိ ရေသယံဇာတအရင်းအမြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 12, 2024
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ နယ်မြေဒေသအချို့တွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ ဘက်ပေါင်းစုံတွင် များစွာထိခိုက်နစ်နာလျက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အမှန်တရားအပေါ်တွင် ဦးစားမပေးဘဲ ပြည်တွင်း၊ ပြည်ပသွေးထိုးမြှောက်ပင့်ပေးမှုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အားပေးကူညီမှုများကြောင့် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများ၊ တိုက်ပွဲများ၏ဆိုးကျိုးများနှင့် ဆင်းရဲဒုက္ခများကို လက်တွေ့ခံစားနေကြရသူများမှာ တိုင်းရင်းသားပြည်သူများဖြစ်သည်။
Jan 12, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့် နေပြည်တော်အုတ်စက်ရုံသို့သွားရောက်၍ စက်ရုံအတွင်း အုတ်များထုတ်လုပ်နေသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အုတ်အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီအောင်အလေးအနက်ထား ထုတ်လုပ်ရန်၊ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုတိုးတက် အောင်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြု ရန်နှင့်လိုအပ်သည်များကို မှာကြားသည်။
Jan 12, 2024
ယနေ့ကျရောက်သည့် (၈၆) နှစ်မြောက် ကရင်နှစ် ၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေကြီး သာကေတမြို့နယ် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Jan 12, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့ မြို့ဦးအောင်စေတီဓမ္မာရုံ၌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ၊ တိုင်းဒေသကြီး သံဃနာယကဆရာတော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး ကျောက်ပန်းတောင်းမြို့ စိတ္တပါလဂူစာသင်တိုက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တဇဋိလထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်ထံမှ ဩဝါဒခံယူကာ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
Jan 12, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်သည် ယမန်နေ့က ကချင်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင် ကချင်ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် တည်ဆောက်ရေးအထူးအဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
Jan 12, 2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစား ကွင်း/အားကစားရုံများတွင် ကျင်းပလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။
Jan 12, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ ဇန်နဝါရီ ၁၄ ရက်တွင်ကျင်းပမည့် ၂၀၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်ကျင်းပရေး စီစဉ်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
Jan 12, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) မှ လေ့လာရေးခရီးလာရောက်ကြသည့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် (၁၆)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်သူဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ ၁၅၃ ဦး တက်ရောက် ကြသည်။
Jan 12, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများကို မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် ပုသိမ်မြို့များတွင်ဖွင့်လှစ်၍ သမဝါယမနှင့် စာရင်းရေးစာရင်းကိုင်ပညာရပ်များ သင်ကြားပို့ချပေးလျက်ရှိရာ ၎င်းကျောင်းများတွင် တက်ရောက်သင်ယူနေကြသော ကျောင်းသား ကျောင်းသူများအနေဖြင့် အချင်းချင်း ခင်မင်ရင်းနှီးမှုရရှိစေရန်၊ စာတွေ့လက်တွေ့လုပ်ငန်းများအပြင် ဒေသန္တရဗဟုသုတများ ရရှိစေရန်၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်လျက် နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေး ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
Jan 12, 2024
ဗုဒ္ဓဘာသာသည် ခရစ်တော်မပေါ်မီ (ဘီစီ) ၅၈၈ တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၂၆၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ အိန္ဒိယတိုက်ငယ်မှစတင် ပေါ်ထွန်းလာခဲ့သည့် ဗုဒ္ဓဘာသာသည် လူသားတို့ယုံကြည်ကိုးကွယ်ရာ ဘာသာတရားတစ်ခုအဖြစ် အာရှနှင့်ကမ္ဘာ့ဒေသအချို့သို့ ပျံ့နှံ့ရောက်ရှိခဲ့သလို နှစ်ပရိစ္ဆေဒများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဘာသာရေးသမိုင်းတစ်လျှောက် နိမ့်တုံ၊ မြင့်တုံလောကဓမ္မကို ကြိမ်ဖန်များစွာ ကြုံတွေ့ဖြတ်သန်းခဲ့ရသည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကာလမှာရော ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံပြီးသည့်နောက်တွင်ပါ ဗုဒ္ဓဘာသာသည်လည်းကောင်း၊ ယုံကြည်ကိုးကွယ်သူဗုဒ္ဓဘာသာဝင်များသည်လည်းကောင်း၊ ဗုဒ္ဓသာသနိကဆိုင်ရာ စေတီ ပုထိုး ဘုရားဆင်းတု ကျောင်းကန်ဇရပ်များသည်လည်းကောင်း သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်ဖျက်ဆီးမှုများ အကြိမ်ကြိမ်ခံခဲ့ကြရဖူးသည်မှာ မျက်မှောက်ခေတ်ကာလထိတိုင်ဖြစ်သည်။
Jan 11, 2024
စစ်ရေးဖြင့်သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လွတ်လပ်ရေး ပန်းခြံကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။
ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားနှင့် ရိုးရာကောက်သစ်စားပွဲတော် ကျင်းပ
Jan 11, 2024
နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင်ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားနှင့် ကရင်ရိုးရာကောက်သစ်စားပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
