Jan 01, 2024
နှစ်သစ် နောက်တစ်ခါ ရောက်လာပြန်ပါပြီ။ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးကို ကြိုဆိုဖို့အတွက် ၂၀၂၃ နှစ်ဟောင်းကို ကျကျနနနှုတ်ဆက်ရပါလိမ့်မယ်။ ၂၀၂၃ က အင်မတန်မှ ခက်ခဲတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့တယ်။ ဒီဟာကို ဘုန်းဘုန်းတို့ လက်ခံဖို့အရေးကြီးတယ်။ အဲဒီလို အခက်အခဲတွေကြားထဲမှာ စိတ်ဖိစီးမှုတွေရှိတယ်။ တစ်ယောက်အပေါ်တစ်ယောက် ပြောမှားဆိုမှားတွေလည်း ရှိကောင်းရှိနိုင်တယ်။ မိသားစုထဲမှာလည်းရှိနိုင်တယ်။ သူငယ်ချင်းတွေနဲ့လည်းရှိနိုင်တယ်။ လုပ်ငန်းခွင်မှာလည်းရှိနိုင်တယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ ကိုယ့်ဟာကိုယ်သတိပေးဖို့ တစ်ခုလိုတာက I always still my best. ငါအကောင်းဆုံးကြိုးစားခဲ့တယ်။ အကောင်းဆုံးကြိုးစားခဲ့တာကို ပြန်သတိရပြီးတော့၊ အသိအမှတ်ပြုပြီးတော့၊ ပြန်ပြီးတော့ ဂုဏ်ယူပြီးတော့ နှစ်ဟောင်းကို နှုတ်ဆက်ဖို့ လိုအပ်ပါတယ်။
Jan 01, 2024
ဘဝတု သဗ္ဗမင်္ဂလာ မင်္ဂလာရှိကြပါစေ၊ မင်္ဂလာရှိအောင်နေကြပါ။ ဆုပေးစကားနဲ့ အဆုံးအမစကားနှစ်မျိုးမှာ ဆုပေးစကားကို နှစ်သက်ကြသလို အဆုံးအမစကားကိုလည်း တန်ဖိုးထားကြပါ။ မင်္ဂလာရှိအောင်နေပါ။ မြတ်စွာဘုရားရဲ့ မင်္ဂလသုတ္တံတရားတော်မှာ မင်္ဂလာရှိအောင်နေဖို့ (၃၈)မျိုး မိန့်တော်မူခဲ့တယ်။ အဲ့ဒီအထဲကမှ မာတာပိတုဥပဋ္ဌာနံ မိဘကိုပြုစုလုပ်ကျွေး၊ မေတ္တာဆိုတာ မိခင်/အမေပါပဲ။ ပညာဆိုတာ ဖခင်/ ဆရာသမားလည်းဟုတ်တယ်၊ ဖခင်လည်းဟုတ်တယ်၊ မိဘကို ပြုစုလုပ်ကျွေး၊ လောကမိဘကို ပြုစုစောင့်ရှောက်တာလည်း မင်္ဂလာရှိသလို မေတ္တာတရားလည်း မွေးမြူကြပါ စောင့်ရှောက်ကြပါ။ အားလုံးအပေါ် မေတ္တာထားကြပါ၊ ပညာဉာဏ်ကိုလည်းရှာဖွေကြပါ၊ တိုးပွားအောင်ကြိုးစားကြပါ၊ မိမိသန္တန်မှာ မေတ္တာ/ပညာကို ပြုစုစောင့်ရှောက်ကြီးပွားတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ လောကမိဘတွေကိုလည်း စိတ်ချမ်းသာကိုယ်ကျန်းမာဖြစ်အောင် ပြုစုစောင့်ရှောက်နိုင်တာဟာ အလွန်မင်္ဂလာရှိတဲ့တရားပါပဲ မင်္ဂလာရှိအောင် နေနိုင်ကြပါစေကုန်သတည်း။
Jan 01, 2024
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ၂-၁-၂၀၂၄ ရက်နေ့ ၀၄၀၀ အချိန်တွင် ပြည်သူ့ရင်ပြင်၌ အစမ်းလေ့ကျင့်ခြင်းနှင့် ၄-၁-၂၀၂၄ ရက်နေ့ ၀၄၀၀ အချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပစဉ်အတွင်း ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်သဖြင့်
Jan 01, 2024
ယနေ့သည် ၂၀၂၃ ခုနှစ်ဟုဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၂၀၂၄ ခုနှစ်ဟု ဆိုအပ်သော ကမ္ဘာ့နှစ်သစ်သို့ စတင်ရောက်ရှိသည့် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ယခုလို မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံသောနှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ နိုင်ငံသူ/သားများနှင့် ကမ္ဘာသူ/သားများအားလုံး ဘေးဥပဒ်အန္တရာယ်ရန်စွယ်အပေါင်း မကောင်းဟူသမျှကင်းစင်ပ၍ လိုရာဆန္ဒအဝဝတို့ ပြည့်စုံကြစေရန် ဆုမွန်သလျက် နှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ လိုက်နာကျင့်သုံးကြစေရန် ညွှန်ပြလိုသည်မှာ “သုစရိတ၊ ဓမ္မဟူသည်၊ လူတို့ပြည်ဝယ်၊ သက်ရှည်ချမ်းသာ၊ တေဇာကျော်ဟိုး၊ ဘုန်းတန်ခိုးကို၊ တက်တိုးစေတတ်၊ ဆေးမြတ်ဟုဆို၊ သမ္မမိုရ်တည့်”ဟူသော မှတ်တမ်းလင်္ကာနှင့်အညီ လူသားတိုင်းအသက်ရှည်ခြင်း၊ ချမ်းသာများခြင်း၊ ကျော်စောသတင်းနှင့် ပြည့်စုံခြင်း၊ ဘုန်းတန်ခိုးကြီးမားတိုးတက်ခြင်း စသောအကျိုးတရားများကို ခံစားရရှိစေနိုင်သည့် ဆေးကောင်းသဖွယ်ဖြစ်သော “ပါဏာတိပါတာ၊ အဒိန္နာဒါနာ၊ ကာမေသုမိစ္ဆာစာရဆိုအပ်သော ဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်တဲ့ ကာယသုစရိုက်သုံးပါး။ မုသာဝါဒါ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပဆိုတဲ့ ဝစီသုစရိုက်လေးပါးမှ ရှောင်ကြဉ်တဲ့ ဝစီသုစရိုက်လေးပါး။ အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိဟုဆိုအပ်သော မနောသုစရိုက်သုံးပါးဟူသော သုစရိုက် (၁၀)ပါး မြတ်တရားကို နေ့စဉ်အမြဲစိတ်ဝယ်စွဲ၍ ကြိုးစားအားထုတ်တော်မူကြပြီး နိုင်ငံသူ/သားများနှင့်တကွ ကမ္ဘာသူ/သားများအားလုံး ကောင်းကျိုးလိုရာဆန္ဒပြည့်ကြပါစေကြောင်း မေတ္တာရေလောင်း၍ ဆုတောင်းပတ္ထနာပြုအပ်ပါသတည်း။
Jan 01, 2024
(၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားအား နေပြည်တော်၊ မြို့တော်ခန်းမရင်ပြင်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် (ဝတ်စုံပြည့်) အစမ်းလေ့ကျင့်မည့် ၂.၁.၂၀၂၄ ရက်နေ့နှင့် အခမ်းအနားကျင်းပပြုလုပ်မည့် ၄.၁.၂၀၂၄ ရက်နေ့တို့တွင်
Jan 01, 2024
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်
Jan 01, 2024
ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေဟူသော ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်သံများနှင့်အတူ ၂၀၂၄ ခုနှစ်သည် နေ့သစ်နှင့်အတူ အစပြုပြီဖြစ်သည်။ မိမိတို့တစ်ဦးချင်းအတွက်ဖြစ်စေ၊ မိမိမိသားစု၊ မိမိလူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက်ဖြစ်စေ အစရှိသည်ဖြင့် ပျော်ရွှင်မှုရရှိစေရန်မှာ လူတိုင်းကိုယ်စီက ဝိုင်းဝန်းတည်ဆောက်ကြရန်လိုသည်။ မိမိတို့၏ လူ့အဖွဲ့အစည်းသည် ကောင်းသောလူ့အဖွဲ့အစည်းဖြစ်မှသာလျှင် လူတိုင်းပျော်ရွှင်မှုကို ရရှိနိုင်မည်ဖြစ်သည်။
Jan 01, 2024
ခရစ်နှစ် ၂၀၂၃ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ် နှစ်သစ်ကြိုဆိုခြင်းကို ယနေ့ညပိုင်းက ရန်ကုန်မြို့တွင် အများပြည်သူ အေးချမ်းပျော်ရွှင်စည်ကားများပြားစွာ ကြိုဆိုခဲ့ကြသည်။
Jan 01, 2024
၂၀၂၃ ခုနှစ်ဆိုတဲ့ အချိန်ကာလကုန်ဆုံးလို့ ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကူးပြောင်းရောက်ရှိတဲ့အချိန် အခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူ ကမ္ဘာသားများအားလုံးကိုလည်း ဘေးဘယာများ ဝေးကွာကြပါစေကြောင်းနဲ့ အေးချမ်းသာယာတဲ့ လူ့ဘောင်အသိုက်အဝန်းတစ်ခုမှာ ချစ်ခင်စည်းလုံးစွာ နေထိုင်နိုင်ကြပါစေကြောင်းလည်း ဆန္ဒပြုဆုတောင်းပေးလိုက်ရပါတယ်။
Jan 01, 2024
ယနေ့သည် ၂၀၂၃ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၄ နှစ်သစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ နှစ်ဟောင်း ၂၀၂၃ ခုနှစ် တစ်နှစ်တာလုံးတွင် မိမိတို့ဆောင်ရွက်ခဲ့သမျှကို ပြန်လည်သုံးသပ်ဆင်ခြင်ပြီး နှစ်သစ် ၂၀၂၄ ခုနှစ်တွင် ကောင်းသောကိစ္စအဝဝတို့ကို ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မင်္ဂလာရှိသောနှစ်သစ်တွင် မကောင်းမှုများကို ရှောင်ရှားပြီး ကောင်းကျိုးများကို ဆောင်ကြဉ်းကြရမည်ဖြစ်သည်။ အားနည်းချက်များကိုပြုပြင်၍ အားသာချက်များဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
Dec 31, 2023
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာနှင့် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာတို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးအဖွဲ့များအား ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သား ၆ ဦး ကျဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media - လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 31, 2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ညောင်လေးပင်အုပ်စု၊ လက်ပံပင်ပြန့်ကျေးရွာရှိ စာသင်ကျောင်းနှင့်ယာတဲများကို လုံခြုံရေးတပ်ဖွဲ့များက ဒီဇင်ဘာလ ၃၀ ရက်တွင်မီးရှို့ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။
Dec 31, 2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ပန်းယျကျေးရွာနှင့် လယ်ကောကြီးကျေးရွာအကြားရှိ ရှမ်းမြောင်းကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူအပါအဝင် အလုပ်သမား ၆ ဦးကို ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၁၀ အချိန်ခန့်က တပ်မတော်မှပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းနှင့် မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၅၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media နှင့် RFA တို့က လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 31, 2023
မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၏ (၁၃) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ကန်တော့ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star Hotel ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်သည်။
Dec 31, 2023
လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ရာတွင် အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း၊ ပန်းခင်းစီမံချက်လုပ်ငန်းများ၊ e-ID စနစ်လုပ်ငန်းနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ယနေ့နံနက် ၉ နာရီခွဲက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
Dec 31, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ရှိ ယူကေစိန်သင်ဖြူးဖျာလုပ်ငန်းသို့ရောက်ရှိပြီး သင်ဖြူးဖျာများရက်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
Dec 31, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Dec 31, 2023
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ (၆) ကြိမ်မြောက်ညီလာခံ (6th MFF Congress 2023) ကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီ က Video Conferencing ဖြင့် ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Shaikh Salman Bin Ebrahin1 Al Khalifa ၊ အာရှ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် ဘောလုံးအဖွဲ့ချုပ် ၁၉၀ မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်နှင့် ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ အဖွဲ့ချုပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်သည်။
Dec 31, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း၌ နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ဓာတ်အားစဉ်ဆက်မပြတ်ရရှိစေရေး စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
