နိုင်ငံတော်သမ္မတ

Feb 25, 2020
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့က တည်ခင်းဧည့်ခံသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်ဥပစာ မြက်ခင်းပြင်၌ ကျင်းပသည်။
Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့သည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်သည်။

Ref; Myanmar President Office

Feb 13, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်း၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်မိန့်ခွန်းပြောကြားသည်။

Feb 13, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်း

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်)

 

အားလုံးမင်္ဂလာနံနက်ခင်းပါ၊

Feb 12, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၁၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။

Feb 11, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၁

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ လမ်းညွှန် အမှာစကား ပြောကြားသည်။

Feb 08, 2020

တောင်ကြီး   ဖေဖော်ဝါရီ   ၈

ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်သို့ ရောက်ရှိကြသည်။

Feb 07, 2020

တောင်ကြီး ဖေဖော်ဝါရီ ၇

(၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို တို့ တက်ရောက်ချီးမြှင့်သည်။

Feb 06, 2020

နေပြည်တော် ဖေဖော်ဝါရီ ၆

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးအုန်းမောင်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာရာ ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးမြို့သို့ ရောက်ရှိကြသည်။