နိုင်ငံတော်သမ္မတ

Apr 16, 2020

နေပြည်တော် ဧပြီ ၁၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မြန်မာ နှစ်သစ်ကူး နှုတ်ခွန်းဆက်မိန့်ခွန်းကို ဧပြီ  ၁၇ ရက် ( မြန်မာနှစ်ဆန်းတစ်ရက်နေ့ ) နံနက် (၈) နာရီ၊ မွန်းတည့် (၁၂) နာရီနှင့် ည (၈) နာရီ သတင်းများတွင် ထုတ်လွှင့်သွားမည် ဖြစ်သည်။

Apr 07, 2020

နေပြည်တော် ဧပြီ ၇

ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

Mar 23, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့် က (၄၆) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
Mar 08, 2020

နေပြည်တော် မတ် ၈

၂၀၂၀ ပြည့်နှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့  တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များဆက်ကပ်ပူဇော်ကြသည်။

Mar 05, 2020

နေပြည်တော် မတ်  ၆

နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတော်များနှင့် ၂၀၂၀ ပြည့်နှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ တက်ရောက်ကြည်ညိုပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

Feb 29, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၉

အိန္ဒိယနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် အိန္ဒိယနိုင်ငံ အဂရာမြို့ရှိ တာ့ဂ်ျမဟာ၊ AKLAKRITI ရွှေချည်ထိုးနှင့် ကျောက်ဆစ်လုပ်ငန်းများကို သွားရောက်ကြည့်ရှုလေ့လာကြသည်။

Feb 28, 2020

ဂယာ ဖေဖော်ဝါရီ ၂၈

အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ယနေ့တွင် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂယာမြို့ရှိ ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်တွင် ထားရှိအပူဇော်ခံရန် ဉာဏ်တော် ၃၆ လက်မ အမြင့်ဆောင်သည့် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်အား ပေးအပ်လှူ ဒါန်းပြီး သတ္တသတ္တာဟ (၇)ဌာနအား လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။

Feb 28, 2020

နယူးဒေလီ ဖေဖော်ဝါရီ ၂၈

အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နှင့် တွေ့ဆုံဆွေးနွေးပြီး အိန္ဒိယ သမ္မတက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အဖွဲ့ဝင်များနှင့်အတူ ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတအိမ်တော်သို့ ရောက်ရှိရာ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။

Feb 26, 2020

နယူးဒေလီ ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့  ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ  အိန္ဒိယနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့နံနက်ပိုင်တွင်း အထူးလေယာဉ်ဖြင့် နေပြည်တော် မှ ထွက်ခွာရာ ဒေသစံတော်ချိန် မွန်းလွဲ  ၂ နာရီ ၅၅ မိနစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Palam လေတပ် စခန်းသို့ရောက်ရှိကြသည်။

Feb 26, 2020

ညောင်ရွှေ     ဖေဖော်ဝါရီ   ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ကျားတွန်ကျေးရွာတွင် (၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။