နိုင်ငံတော်သမ္မတ

Jul 08, 2020

နေပြည်တော် ဇူလိုင် ၈

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံပြီး လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် လိုအပ် သည်များကို လမ်းညွှန်မှာကြားသည်။

Jun 22, 2020

နေပြည်တော် ဇွန် ၂၂

ဘဏ္ဍာရေးကော်မရှင် (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀  နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေး ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

Jun 22, 2020

နေပြည်တော် ဇွန် ၂၂

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၀) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ အမှာစကား ပြောကြားသည်။

Jun 05, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်)

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသူနိုင်ငံသားများခင်ဗျား-

ယနေ့ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခါသမယတွင် နိုင်ငံသူ နိုင်ငံသားများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

May 28, 2020

နေပြည်တော် မေ ၂၈

၂၀၂၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှုထူထောင်သည့် (၄၅) နှစ်မြောက် အခါသမယတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာ ငုယင်ဖူးကျောင့် တို့သည်လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု တို့သည်လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးအပြန်အလှန်ပေးပို့ခဲ့ကြသည်။

သတင်းစဉ်

May 21, 2020

နေပြည်တော်  မေ  ၂၀

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် ယနေ့ညနေ ၆ နာရီ ၁၀ မိနစ်တွင် စကားပြောကြေးနန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။

May 20, 2020

နေပြည်တော် မေ ၂၀

၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၄၅) နှစ်မြောက် အခါသမယတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်း နှင့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီး အပြန်အလှန် ပေးပို့ခဲ့ကြသည်။

သတင်းစဉ်

May 14, 2020

ပုသိမ် မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့  ကိုဗစ်−၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း စားနပ်ရိက္ခာ လုံလောက်မှုအားနည်း လျှက်ရှိသော ဘိုးဘွားရိပ်သာများသို့ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့် ဇနီး ဒေါ်ချိုချို၊ ပုသိမ်/ငပုတောမဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးစိုးမိုးဇနီး ဒေါ်ဖြူဖြူသင်း မိသားစု မှ အလှူငွေကျပ် (၁) သိန်း ၊ ဆန် (၅) အိတ် ၊ ကြက်သွန်(၁) အိတ် ၊ အာလူး (၁) အိတ် ၊ ငံပြာရည် (၁)ပုံး ၊ ပဲဆီသန့် (၃၆) ဘူးကို ပုသိမ်မြို့ ဘိုးဘွားရိပ်သာသို့ ယမန်နေ့ နံနက် (၉) နာရီက ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တစ်ဆင့် ပေးပို့လှူဒါန်း ခဲ့ကြောင်းသိရသည် ။

Apr 17, 2020

နေပြည်တော် ဧပြီ ၁၇

၁၃၈၂ခုနှစ် မြန်မာ့နှစ်သစ်ကူးတွင် နိုင်ငံသူနိုင်ငံသားများဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် COVID-19 ကပ်ရောဂါ ကင်းဝေးစေရန် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြန်မာ့ နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းကိုယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိနိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပရာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချိုတို့ တက်ရောက်၍ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူကြည်ညိုကြသည်။

Apr 17, 2020

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့

(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၇ ရက်)

ချစ်ခင်လေးစားအပ်တဲ့ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ နှစ်သစ်မင်္ဂလာ အခါသမယမှာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ဒီနှစ်အတာသင်္ကြန်မှာ လွတ်လပ်စွာ ပျော်ရွှင်ခွင့် မရကြတာကို များစွာစိတ်မကောင်း ဖြစ်ရပါတယ်။