Skip to main content

ပညာအသိများဖြန့်ဝေပေးသည့် စာကြည့်တိုက်များ

ကျွန်တော်သည် ငယ်စဉ်ကပင် စာဖတ်ဝါသနာပါခဲ့ပါသည်။ ကျွန်တော့်ဖခင်မှာ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး လခထုတ်ရက်များတွင် ကျွန်တော်တို့ မောင်နှမများအတွက် လစဉ်ထုတ် ကာတွန်းစာအုပ်များ၊ ဂျာနယ်များနှင့် အမေ့အတွက် ထိုအခါက နာမည်ကြီးသည့် စာရေးဆရာကြီး၊ ဆရာမကြီးများ ရေးသားသည့် ဝတ္ထုစာအုပ်များကို ဝယ်ပေးလေ့ရှိပါသည်။ အလယ်တန်းကျောင်းသားဘဝမှစ၍ ပြန်ကြားရေးစာကြည့်တိုက်များသို့ သွားရောက်စာဖတ်သည့်အလေ့ စတင်ခဲ့ပါသည်။ ၁၉၇၃ ခုနှစ် မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ပထမနှစ် စတင်တက်ရောက်စဉ် ပင်မဆောင်တောင်ဘက်ရှိ ရာဇာတ်ဟော(လ်)အမည်ရှိ တက္ကသိုလ်စာကြည့်တိုက်တွင် စာကြည့်တိုက်ကတ်လုပ်ကာ စာအုပ်များကို စတင်ရှာဖွေဖတ်ရှုခဲ့ရာမှ တက္ကသိုလ်ဆရာဖြစ်သည်အထိ စာကြည့်တိုက်နှင့် ရင်းနှီးခဲ့ရပါသည်။ ဝန်ထမ်းဘဝ နိုင်ငံအသီးသီးသို့ သင်တန်းများ၊ အစည်းအဝေးများ တက်ရောက်ရန် သွားရောက်သည့် မြို့များတွင် စာကြည့်တိုက်ပြတိုက်များကို အားသည့်အချိန်များတွင် လေ့လာကြည့်ရှုခဲ့ပါသည်။ 

အကြိမ် (၃၀) မြောက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု

မြန်မာနိုင်ငံစာပေဆုများနှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်အမြင့်ဆုံးဆုမှာ “အမျိုးသားစာပေတစ်သက်တာဆု” ဖြစ်ပြီး အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများသည်လည်း စာပေဆုသက်တမ်းများ ရှည်ကြာလာခဲ့သည့်နည်းတူ စာပေဆုအစဉ်အလာများလည်း ကြီးမားကောင်းမွန်ခဲ့ကြပါသည်။

တိုင်းပြည်တိုးတက်ခြင်းအစ သန်းခေါင်စာရင်းက

သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ရန်အတွက် အခြေခံအုတ်မြစ်ချလိုက်ခြင်းဟု ဆိုရပါမည်။ တစ်နည်းအားဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် အမျိုးသားအဆင့်စာရင်းအင်းစနစ်တစ်ခု ဖြစ်ပေါ်လာစေရန် အခြေခံအုတ်မြစ်ချပေးခြင်းပင်ဖြစ်ပါသည်။

လူငယ်ကဏ္ဍမြှင့်တင်လို့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖန်တီးစို့

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လတ်တလောဆောင်ရွက်ရမည့် အစီအစဉ် များနှင့် ရေရှည်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သင့်လျော် ကောင်းမွန်သော အတွေးအမြင်၊ အယူအဆ၊ အကြံပြုချက်များရရှိနိုင်စေရန် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်သည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ်(၁၅)သို့ တက်ရောက်ခဲ့သည့် သင်တန်းသားအရာရှိကြီး ၁၅ ဦးနှင့် အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၇) သို့ တက်ရောက်ခဲ့သည့် သင်တန်းသားအရာရှိကြီး ၃၄ ဦးတို့အား အုပ်စု(၄)စု ခွဲ၍ ၄၅ မိနစ်ကြာ ဆွေးနွေးစေကာ အကြံဉာဏ်များ ရယူခဲ့ပါသည်။

အစဉ်အလာတည်စေ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့

“ယနေ့လူငယ်နောင်ဝယ်လူကြီး၊ သင်လည်းတစ်ဦး သားထူးသားမြတ်၊ ဖြစ်အပ်ရာသည် ရှေ့သို့ရည်၍၊ ငိုမြည်မတ သင်္ခါရဟု စိတ်ကမစော လောလောဆယ်ဆယ်၊ ဒုက္ခနယ်ကို ကယ်တင်နိုင်ကြပါစေသတည်း”လို့ ဆရာဇော်ဂျီက “အိုတက်လူတို့” ကဗျာမှာရေးသားခဲ့ပါတယ်။ လူငယ်ဆိုတာက နောင်တစ်ချိန်မှာ လူကြီးအရွယ်ကိုရောက်ရှိမှာဖြစ်လို့ ထူးချွန်ထက်မြက်ရပါမယ်။ သင်္ခါရသဘောတရားအရ ဒုက္ခကြုံတွေ့နေရတဲ့လောကကြီးကို ကယ်တင်နိုင်ပါစေလို့ ဆန္ဒပြုရေးဖွဲ့ထားတာဖြစ်ပါတယ်။ “လူငယ်ဆိုသည်မှာ အသက်အပိုင်းအခြား ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ မြန်မာနိုင်ငံသားများကိုဆိုလိုသည်”လို့ မြန်မာနိုင်ငံရဲ့လူငယ်ရေးရာမူဝါဒမှာ ပြဋ္ဌာန်းထားရှိပါတယ်။ လူငယ်ဆိုတဲ့စကားအတိုင်း ငယ်ရွယ်နုပျိုတာ၊ သွက်လက်ဖျတ်လတ်တာ၊ စူးစမ်းလေ့လာလိုစိတ်ရှိတာ၊ ကာယအား၊ ဉာဏအား အပင်ပန်းခံနိုင်တာ စတဲ့အရည်အချင်းတွေ ရှိကြပါတယ်။

အောင်မြင်မှုတွေပိုင်ဆိုင်ဖို့ စာဖတ်ကြပါစို့

စာဖတ်ခြင်းသည် လူတစ်ဦးတိုးတက်စေရန် အကောင်းဆုံးအလေ့အထပင်ဖြစ်သည်။ ကြီးပွားတိုးတက်သူအများစုသည် စာဖတ်သူများဖြစ်ကြသည်။ တန်ဖိုးမဖြတ်နိုင်သော သတင်းအချက်အလက်များကို စာအုပ်စာစောင်များမှ ရှာဖွေစုဆောင်းကြသည်။ ဗဟုသုတရှာဖွေကြသည်။ ထို့နောက် အကျိုးရှိစွာအသုံးချကြသည်။ ကမ္ဘာကျော်ပုဂ္ဂိုလ်များသည် အတွေးအခေါ်များကို စာအုပ်ထဲမှ ရှာဖွေခဲ့ကြသည်။ စာဖတ်ခြင်းသည် အသစ်အသစ်သော စိတ်ကူးစိတ်သန်းများ ရှင်သန်လာစေပြီး အဆုံးမရှိသောအကျိုးကျေးဇူးများ ရရှိစေနိုင်သည်။ အထူးသဖြင့် ဘဝတွင် တိုးတက်အောင်မြင်ကြီးပွားပြီး ကြွယ်ဝချမ်းသာစေနိုင်ပါသည်။ အောင်မြင်သူအများစုသည် ၎င်းတို့၏အချိန် ၈၀ ရာခိုင်နှုန်းခန့်ကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးလေ့ရှိကြသည်။

မြေပြိုမှုအန္တရာယ် သတိပြုစေလို

သဘာဝဘေးအန္တရာယ်သည် လူသားတို့ကို တစ်နေ့တခြား ပိုမိုခြိမ်းခြောက်လာလျက်ရှိရာ အထူးသဖြင့် မိုးရာသီတွင် ရေကြီးခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည်။ နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် ကျရောက်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပွားခဲ့သော သေကျေဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးတို့သည် လွန်စွာများပြားလျက်ရှိသည်။

ရေသည် နိုင်ငံ့အရေးနှင့် ကျေးလက်ရေရရှိရေးမဟာဗျူဟာကို ဆန်းစစ်ခြင်း

ကျေးလက်ဒေသများ၊ ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ရေးဆွဲအတည်ပြုခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် ကုန်ကျစရိတ်ပါဝင်သည့် Costed Plan ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (၂၀၁၆-၂၀၃၀)ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ယခုသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UNICEFတို့ပူးပေါင်း၍ အပိုင်း (၃) ပိုင်းခွဲပြီး လျာထားခဲ့ပါသည်။ အပိုင်း (၁) အနေဖြင့် (၂၀၁၇-၂၀၁၈) ခုနှစ်ကို အပြောင်းအလဲဆောင်ရွက်သည့် ကာလ၊ အပိုင်း (၂) အနေဖြင့် (၂၀၁၉-၂၀၂၃) ခုနှစ်သည် တိုးမြှင့်ဆောင်ရွက်သည့်ကာလနှင့် အပိုင်း(၃) အနေဖြင့် (၂၀၂၃-၂၀၃၀) ပြည့်နှစ်သည် အပြီးသတ်ဆောင်ရွက်မည့်ကာလဟူ၍ ရေးဆွဲသတ်မှတ်ခဲ့သည်။

အမိမြေသာယာဖို့... ငါတို့မြေကို ငါတို့ကာကွယ်စို့ …

မှန်တယ် ။ ဒီစကားက ရင်ကိုထိတယ်၊ အားရတယ်။ လောက်တွေရဲ့ ဆိုက်ဝါးအောက်မှာခံနေရတဲ့ ကျွန်တော်တို့တွေ ခံခဲ့ရတာများလှပြီ။ တစ်နိုင်ငံလုံး စစ်မျက်နှာပေါင်းစုံဖွင့်နေရတဲ့ အမိတပ်မတော်ကြီး အမှန်ပြောရရင် အားမလိုအားမရဖြစ်နေမိတာ။ ရန်သူကို ရန်သူလိုကျင့်ဖို့၊ ရန်ငါပြတ်ဖို့ ယခုမှ ကြားချင်တဲ့စကားကြားခဲ့ရပြီ။ ဘယ်တုန်းကနဲ့မှ မတူတဲ့ခေတ်ကြီး၊ တိုင်းပြည်နဲ့ပြည်သူ့ဘဝကို ဖျက်ဆီးနေကြတာရစရာမရှိ။ အမှန်ပင် စက်ဆုပ်ရွံရှာဖို့ကောင်းလှတယ်။ ရုရှား-ယူကရိန်း၊ အစ္စရေး-ဂါဇာစစ်ကလွဲလို့ ကမ္ဘာမှာမရှိဖူး၊ မကြားဖူးသေးတဲ့ အမြဲတမ်းအချိန်ပြည့်စစ်တိုက်နေရတဲ့ တပ်မတော်ကြီး ရှိနေပေလို့သာ..။

ကောင်းကျိုးအဖြာဖြာ ချည်မျှင်ရှည်ဝါ

လူဟူ၍ဖြစ်လာသည်နှင့် မလွဲမသွေ ရင်ဆိုင်ရမည့်အရာ ၃ မျိုးရှိနေသည်ကို ကျွန်ုပ်တို့အားလုံးသိရှိပြီးဖြစ်၏။ စားရေး၊ ဝတ်ရေး၊ နေရေးဟူသော ပြဿနာကြီးသုံးရပ်သည် လူသားတို့နှင့် နိစ္စဓူဝကြုံတွေ့နေရသည့် အရာများပင်ဖြစ်သည်။ စားသောက်ရေးနှင့်ပတ်သက်၍ “စားစရာမရှိ လျော်စရာရှိ”၊ နေထိုင် ရေးအခက်အခဲနှင့်ပတ်သက်၍ “သေရေးထက် နေရေးခက်” ဟူသည့် စကားတို့သည် အမှန်တကယ်ချို့တဲ့သူများအတွက် ခက်ခဲသော ပြဿနာပင်ဖြစ်သည်။ အဝတ်အထည် ဝတ်ဆင်ရေးနှင့် ပတ်သက်၍လည်း “တောင်းမှာအကွပ် လူမှာအဝတ်” စသည့် စကားများက မှတ်သားထိုက်ဖွယ် ကောင်းလှသည်။ စားဝတ်နေရေး ပြဿနာသုံးရပ်သည် လူတစ်ဦး၊ မိသားစုတစ်စု၊ နိုင်ငံတစ်နိုင်ငံတည်းသာ ကြုံတွေ့နေရသည့် ပြဿနာများမဟုတ်ပေ။ အချို့သောနိုင်ငံများနေရေးအတွက် ခက်ခဲနေကြသည်။ စားရေးအတွက်ခက်ခဲနေကြသည်။ ဝတ်ရေးအတွက်လည်း ချို့တဲ့နေကြသည်ကို တွေ့ရှိရသည်။ မိမိတို့နိုင်ငံသည် အလေ့ကျပေါက်ရောက်သော သီးပင်စားပင်များမှအစ စနစ်တကျစိုက်ပျိုးလျှင် ပို၍အောင်မြင်ဖြစ်ထွန်းသော သီးနှံပင်များစွာ ပေါက်ရောက်သဖြင့် အခြားသော နိုင်ငံများထက်များစွာ ကံကောင်းသည်ဟု ဆိုရပေမည်။
Subscribe to ဆောင်းပါး