ကမ္ဘာတစ်ဝန်းမှာ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီမုန်ညင်း၊ ပန်းနှမ်းနှင့် ဆီအုန်းတို့ကိုအဓိက စိုက်ပျိုးလျက်ရှိပါတယ်။ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပဲပုပ်နဲ့ ပန်းနှမ်းတို့ကို ရှမ်းပြည်နယ်၊ ဆီမုန်ညင်းကို စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂဒေသနဲ့ ရှမ်းပြည်နယ်၊ ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူတစ်ဦးဟာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ဆီ ၂ ဒသမ ၂၅ ကျပ်သား စားသုံးလျက်ရှိပါတယ်။ နှစ်စဉ်စားသုံးဖို့နဲ့ လုပ်ငန်းသုံးအတွက် စားသုံးဆီလိုအပ်ချက်၏ ၆၀-၇၀ ရာခိုင်နှုန်းအထိ ပြည်ပမှ တင်သွင်းနေရပါတယ်။ နိုင်ငံတော်အကြီးအကဲက မိမိတို့နိုင်ငံကို ဆီတင်သွင်းတဲ့နိုင်ငံအဖြစ်မှ ဆီတင်ပို့တဲ့နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရေးလမ်းညွှန်ချက်ပေးထားပြီး ဖြစ်ပါတယ်။