ကဆုန်လနှင့် ညောင်ရေသွန်းပွဲတော်
မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ကဆုန်လသည် ဒုတိယမြောက်လဖြစ်သည်။ ကဆုန်လ၏ သဘာဝအလှတို့ကား စာဖွဲ့မကုန်နိုင်ပါချေ။ မိုးရနံ့နှင့်အတူ ဖူးပွင့်လာသော စံကားဝါပန်းကလေးများ၏ မွှေးရနံ့လေးများသည် ရင်ကိုအေးမြစေပါသည်။ ကဆုန်လတွင်ကျင်းပသည့် ညောင်ရေသွန်းပွဲတော်သည် စည်ကားသိုက်မြိုက်လှသော ပွဲတော်တစ်ခုဖြစ်သည်။
