ဘယ်သူ ပိုအရေးကြီးလဲ၊ ဘယ်သန်လား ညာသန်လား
ကျွန်တော်တို့သည် ဦးနှောက်ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း (Left Hand Brain နှင့် Right Hand Brain) အကြောင်း ကောင်းစွာသိရှိဖို့လိုသည်။ သို့မှသာ Left Hand Brain နှင့် Right Hand Brain တို့၏ အားသာချက်၊ အားနည်းချက်များကို နားလည်နိုင်မည်ဖြစ်သည်။ ထို့နောက် Left Hand Brain မှ Right Hand Brain ပြောင်းလျှင်ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ဆက်လက်နားလည်အောင်လေ့လာရပေမည်။ Left Hand Brain ဖြင့် အောင်မြင်ကျော်ကြားနေသော ကမ္ဘာကျော်ပုဂ္ဂိုလ်များ ဒုနှင့်ဒေးရှိသလို Right Hand Brain ဖြင့်အောင်မြင်ကျော်ကြားနေသော ကမ္ဘာကျော်ပုဂ္ဂိုလ်များလည်း ကျွန်တော်တို့ ကမ္ဘာပေါ်တွင် မရေမတွက်နိုင်အောင် ရှိပေသည်။
