Skip to main content

ဆီးချိုသွေးချိုအန္တရာယ်ကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိ ဆင်ခြင်စို့

ကမ္ဘာ​ပေါ်တွင် ဆီးချို​သွေးချို​ရောဂါသည် ကပ်​ရောဂါတစ်ရပ်အ​နေဖြင့် ဖြစ်ပွားလျက်ရှိသော ပြည်သူ့ကျန်းမာ​​ရေး အဓိကပြဿနာတစ်ရပ်ဖြစ်ပါသည်။ ဆီးချိုသွေးချိုရောဂါကြောင့် ခန္ဓာကိုယ်၏ သွေးကြောငယ်များထိခိုက်ကာ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ အာရုံကြောများပျက်စီး၍ ခြေလက်ထုံနာကျင်နာဖြစ်ခြင်း၊ ဆီးချိုနှင့် ယင်း၏ဆက်နွှယ်နေသော သွေးတိုး၊ သွေးတွင်း အဆီဓာတ်များခြင်းတို့ကြောင့် သွေးကြောကြီးများထိခိုက်ကာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းတို့ ခံစားရပါသည်။ ထို့အပြင် ဆီးချိုသွေးချိုရောဂါသည် အခြားမကူးစက်နိုင်သောရောဂါများဖြစ်သည့် လေဖြတ်လေငန်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါများနှင့် နှလုံးအားနည်းရောဂါ၊ ကျောက်ကပ်ရောဂါတို့နှင့် တွဲဖြစ်လျက်ရှိသည်ကို တွေ့ရပါသည်။

De-dollarization နှင့်အတူ…

De-dollarization ဆိုသည်မှာ ကမ္ဘာ့ကုန်သွယ်ရေး၊ ငွေကြေးလည်ပတ်စီးဆင်းမှုတို့တွင် ဒေါ်လာအစား အခြားသောငွေကြေးစနစ်များကို ပြောင်းလဲကျင့်သုံးခြင်းဖြစ်စဉ် ဖြစ်ပါသည်။ ယင်းဖြစ်စဉ်တွင် နိုင်ငံသုံးငွေကြေး၊ ပြည်တွင်းငွေပေးချေမှုနှင့် အရန်ငွေကြေးစနစ်တို့ကို ပြောင်းလဲပြင်ဆင်ကျင့်သုံးခြင်းတို့ ပါဝင်နေပါသည်။

“မုန်း”ကို အမြဲပြုံးစေချင်ပြီ

တစ်နေ့သောရုံးပိတ်ရက်တွင်- စာရေးသူသည် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်၌ ဆံပင်ညှပ်နေပါသည်။ အချိန်မှာ နံနက်ခင်း၊ နေရောင်နုနုသည် စိမ်းစိုသောသစ်ပင်၊ သစ်ရွက်များအပေါ်တွင် ပြေပြေလေး လှပစွာတောက်ပလျက်ရှိသည်။

ဘရူနိုင်းနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ဆောင်ရွက်ချက်များအား လေ့လာခြင်း

ဘရူနိုင်းဒါရုဆလမ်နိုင်ငံသည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၂၂၆ မိုင် ကျယ်ဝန်းပြီး အရှေ့တောင်အာရှအတွင်း ဘော်နီယိုကျွန်း၏ မြောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည်။ ဘရူနိုင်းသည် ဘော်နီယိုကျွန်းပေါ်တွင် တစ်နိုင်ငံလုံးရှိသော တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး ကျန်ရှိသောကျွန်း၏နယ်မြေများကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ပိုင်ဆိုင်သည်။

ဆီးချိုသွေးချိုအန္တရာယ်ကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိ ဆင်ခြင်စို့

ကမ္ဘာ​ပေါ်တွင် ဆီးချို​သွေးချို​ရောဂါသည် ကပ်​ရောဂါတစ်ရပ်အ​နေဖြင့် ဖြစ်ပွားလျက်ရှိသော ပြည်သူ့ကျန်းမာ​ရေး အဓိကပြဿနာတစ်ရပ်ဖြစ်ပါသည်။ ဆီးချိုသွေးချိုရောဂါကြောင့် ခန္ဓာကိုယ်၏ သွေးကြောငယ်များထိခိုက်ကာ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ အာရုံကြောများပျက်စီး၍ ခြေလက် ထုံနာကျင်နာဖြစ်ခြင်း၊ ဆီးချိုနှင့် ယင်း၏ဆက်နွှယ်နေသော သွေးတိုး၊ သွေးတွင်း အဆီဓာတ်များခြင်းတို့ကြောင့် သွေးကြောကြီးများထိခိုက်ကာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းတို့ ခံစားရပါသည်။ ထို့အပြင် ဆီးချိုသွေးချိုရောဂါသည် အခြားမကူးစက်နိုင်သောရောဂါများဖြစ်သည့် လေဖြတ်လေငန်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါများနှင့် နှလုံးအားနည်းရောဂါ၊ ကျောက်ကပ်ရောဂါတို့နှင့် တွဲဖြစ်လျက်ရှိသည်ကို တွေ့ရပါသည်။

မီဒီယာသတ်ကွင်းထဲက ယနေ့အစ္စရေးနှင့် ပါလက်စတိုင်း

ယနေ့ခေတ်သစ်စစ်ပွဲများဟာ စစ်သည်၊ လက်နက်ကျည်ဆန်ချင်း တိုက်ကြခိုက်ကြသည်သာ မဟုတ်တော့ဘဲ စပ်စစ်ပွဲ (Hybridwarfare)၊ အလုံးစုံ- ပေါင်းစပ်စစ်ပွဲ (Total Hybridwarfare) တွေဆိုပြီး သတိထားစရာတွေ၊ သင်ခန်းစာယူစရာတွေရှိလာပြီ ဖြစ်ပါတယ်။

ယခင်နှင့်မတူ စိမ်းလန်းစိုပြည်သာယာလှပနေသည့် မွေးရပ်မြေ

ရန်ကုန်မှအထွက် ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်မြို့တို့ကို ဖြတ်၍ ဟင်္သာတမြို့သို့ ရောက်ချိန်တွင် “ဟင်္သာတမြို့က လှိုက်လှဲစွာကြိုဆိုပါ၏” ဟူသည့် ဆိုင်းဘုတ်ကြီးကလည်း ယခင်နှင့်မတူ။ ခံ့ညားလှပ စိမ်းလန်းစိုပြည်နေသည့် ဆေးရိုးပင်တန်းများဖြင့် ပုံဖော်ထားသည်မှာ မျက်စိပသာဒဖြစ်လှသည်။ မြို့ထဲသို့ ဆက်လက်ဝင်ရောက်လာချိန်တွင် သပ်ရပ်လှပနေသည့် အဆောက်အအုံများက အစီအရီပင်။ မြို့တွင်းဝဲဘက်သို့ ချိုးကွေ့လိုက်စဉ်တွင် ရွှေရောင်တပြောင် ပြောင်နှင့် ခံ့ညားလှပနေသည့် ဟင်္သာတမြို့ အထိမ်းအမှတ် ဟင်္သာရုပ်အဝိုင်းကြီးဘေးတွင် We Love Hinthada Light Board နှင့် အာဇာနည်ပန်းခြံကို တွေ့ရ သည်။ ကျွန်မတို့ငယ်စဉ်က ခြံစည်းရိုး များ ကာရံထားပြီး အပြင်မှသာ ငေးမောကြည့်ရှုရသည့် အာဇာနည်ပန်းခြံသည် ယခုအချိန်တွင် ခြံစည်းရိုးများမရှိတော့ဘဲ အများပြည်သူ လမ်းလျှောက်အပန်းဖြေရန် ရင်ပြင်ကျယ်နှင့် ကျန်းမာရေး အတွက် (Outdoor Fitness) အားကစားလှုပ်ရှားမှုကိရိယာများ၊ စိတ်ကြည်နူးစရာ မြက်ခင်းစိမ်းစိမ်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်ကြီးကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။ ထိုမှရှေ့ဆက်၍ ပြည်သူ့ကျန်းမာရှေ့တွင် Public Toilet (အဆင့်မြင့်သန့်စင်ခန်း) တည်ဆောက်ပေးထားရာ အဝေးပြေးကားဂိတ်အနီးတွင်ဖြစ်သဖြင့် ခရီးသွားပြည်သူများ အလွယ်တကူ ကျန်းမာရေးကိစ္စဆောင်ရွက်နိုင်ကြပြီဖြစ်သည်။ 

ဂါဇာ ပဋိပက္ခနှင့်ဆက်စပ်၍ အကျပ်အတည်းနှင့် ရင်ဆိုင်လာရသည့်အီရတ်

အစ္စရေး နှင့် ပါလက်စတိုင်း အစ္စလာမ္မစ်တော်လှန်ရေးလှုပ်ရှားမှု (ဟားမားစ်) တို့အကြား တိုက်ပွဲများကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် မတည်ငြိမ်မှုများနှင့် ကြုံတွေ့နေရပြီး  အီရတ်နိုင်ငံသည်ပင်လျှင် အမေရိကန်နှင့် ရှီးယိုက်လက်နက်ကိုင်အုပ်စုတို့အကြား ကြားမညှပ်ဘဲ ဟန်ချက်ညီအောင် ထိန်းသိမ်းနေရသည်။

စွမ်းဆောင်ရည်မြင့်မားရေးနှင့် အသိပညာပြန့်ပွားရေးမှသည် လက်တွေ့အသုံးချရေးဆီသို့

ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထိုသို့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဟုဆိုရာတွင် နိုင်ငံအတွင်းရှိ ပြည်သူများအားလုံးနှင့် သက်ဆိုင်သဖြင့် အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ပြည်သူအားလုံးကို လေ့ကျင့်သင်ကြားရမည်ဖြစ်ပါသည်။

မြန်မာ့နိုင်ငံရေးပါတီများနှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်

နိုင်ငံရေးပါတီများသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည်။ နိုင်ငံရေးပါတီများတွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးဆောင်ရွက်မည့် နိုင်ငံရေးပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးဆောင်ရွက်မည့် နိုင်ငံရေးပါတီဟူ၍ရှိပါသည်။ နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ပါတီ၏ နိုင်ငံရေးဝါဒသဘောတရားနှင့်လုပ်ငန်းစဉ်၊ ပါတီဝင်အင်အားဖွဲ့စည်းပုံနှင့် အခြေခံစည်းမျဉ်း၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများ၊ ပါတီဌာနချုပ်နှင့်ပါတီရုံးခန်းများစသည်ဖြင့် ခိုင်မာစွာဖွဲ့စည်းတည်ဆောက်ကြရပါသည်။ တစ်နည်းအားဖြင့် နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူလူထုအတွင်းစည်းရုံးဆောင်ရွက်ပြီး ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်များအား ပြည်သူလူထု၏ ထောက်ခံမဲဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခွင့်ရမည့်အဖွဲ့အစည်းများဖြစ်ပါသည်။
Subscribe to ဆောင်းပါး