နတ်လသဘင်ရောက်ပြန်လျှင်မူ၊ ဖျင်မျှအုံထပ်၊ ဘွဲ့အပ်မည်ပေး (၂)
စာကဗျာများကို ရေးကြ၊ ဖွဲ့ကြရာ၌ အရေးအသားပုံစံအရ စာပေဂုဏ်ဆယ်ပါး၊ စာပါအကြောင်းအရာ၊ အရေးအဖွဲ့ကပေးသော ချစ်၊ ရွှင်၊ သနား၊ တည်ကြား၊ ကြမ်းကြုတ်၊ စက်ဆုပ်၊ ကြောက်ရွံ့၊ ရဲဝံ့၊ အံ့ဩနောအရသာဟု စာဆိုနှင့်အညီ ဖတ်ရှုသူ၊ ကြားနာသူတို့ရင်၌ ခံစားမှုအရသာ (ရသ) ကိုးမျိုး ပေးနိုင်ခဲ့ကြသည်။
