ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေး
ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ စီးပွားရေးရာလုပ်ငန်းအဖြာဖြာတို့အနက် ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရိုးရာအစားအစာများ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကို ကမ္ဘာ့အလယ်မှာအများက သိအောင်လုပ်ဆောင်ပေးနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် နိုင်ငံခြားဝင်ငွေကိုလည်း ရှာဖွေပေးနေသောလုပ်ငန်းကြီးတစ်ခုဖြစ်ပါသည်။
