Skip to main content

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တက္ကသိုလ်

မြန်မာအမျိုးသားတို့၏ တောင်းဆိုမှုများဖြင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်ဒြပ်ကို မြှင့်တင်ပေးသည့် တက္ကသိုလ်ကြီး ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ပေါက်လာခဲ့သည်။ ရန်ကုန်တက္ကသိုလ် မွေးဖွားလာခြင်းသည် မြန်မာလူမျိုးတို့၏ ပညာအဆင့်အတန်း မြန်မာတို့၏ ဂုဏ်အသရေ တိုးပွားလာရေးအတွက် သာမက မြန်မာတစ်မျိုးသားလုံး ကျွန်အဖြစ်မှ သခင်ဖြစ်အောင်၊ မလွတ်လပ်သည့်ဘဝမှ လွတ်လပ်သည့်ဘဝရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သည်။

စိန်ခေါ်မှုကြားမှ ပြည်သူ့ဆန္ဒဖြည့်ဆည်း

ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲသည် ကနဦး အထူးအရေးကြီးသော လုပ်ငန်းစဉ် ဖြစ်သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တက်လှမ်းစ မြန်မာနိုင်ငံတွင် ဒီမိုကရေစီယဉ်ကျေးမှု အလျင်အမြန်ထွန်းကားနေသည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီစနစ်ကို အသက်ဝင်စေသည့် ရွေးကောက်ပွဲ အတွေ့အကြုံနုနယ်သေးသော်လည်း စိန်ခေါ်မှုများကြားမှပြည်သူ့ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းအားထုတ်နေသည်။ ။

ကိုယ်စိတ်ချမ်းသာ သီတင်းကျွတ်အခါ

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၏ သီတင်းကျွတ်ရာသီ ရောက်လာပြီဖြစ်သည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ သီတင်းကျွတ်ကာလ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ အများပြည်သူတို့အဖို့ သီတင်းကျွတ်ပိတ်ရက် ငါးရက်အတွင်း မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍လည်းကောင်း၊ မိသားစုများ စိတ်နှလုံး အေးချမ်းကြည်နူး ရွှင်ပျော်စေရန် အတွက်လည်းကောင်း မိမိတို့နေအိမ်၌ သီတင်းကျွတ် မီးထွန်းသဘင်ကို ဆင်ယင်ကျင်းပနိုင်ပြီဖြစ်သည်။

တက္ကသိုလ်ဂုဏ်ဒြပ်ကို ထိန်းသိမ်းမြှင့်တင်

ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံအတွက် သမိုင်းအစဉ်အလာကြီးမားသော ဗိမာန်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ကောလိပ် များအားလုံး၏ အုပ်ထိန်းသူဖြစ်သည်။ ပညာရည်နို့သောက်ခဲ့ရသော မိခင် ဖြစ်သည်။ စွမ်းရည်၊ သတ္တိ၊ အားမာန်များ ဖြည့်စွမ်းပေးခဲ့သော ဖခင်ဖြစ်သည်။ ဤသို့သော တက္ကသိုလ်ကြီး မြန်မာနိုင်ငံတွင် နှစ် ၁၀၀ တိုင် ထည်ထည် ဝါဝါ ရပ်တည်နိုင်သည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်။

ကျန်းမာရေးစည်းမျဉ်းများ ဆက်လက်လိုက်နာ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၃ ရက်နေ့ ည၈ နာရီအထိ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ ၅၇၉၉၂၁ ဦးရှိပြီး ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၄၂၃၆၅ ဦးရှိသည်။ ယင်းတို့အနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၂၄၅၄ ဦးရှိပြီး သေဆုံးသူ ၁၀၃၈ ဦးရှိသည်။

တစ်မျိုးသားလုံးနှင့်ဆိုင်သည့် ရာပြည့်သဘင်

ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် ၁၀၀ ပြည့်ပြီ ဖြစ်သည်။ ပင်မရန်ကုန်တက္ကသိုလ်ကြီးနှင့် ယင်းမှပေါက်ဖွား လာသော တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များသည် ကုန်လွန်ခဲ့သော နှစ် ၁၀၀ ကာလအတွင်း ဘဝအဖုံဖုံ မြင်ကွင်းအစုံစုံ ပြောင်းလဲကာ နိုင်ငံ၏ လွတ်လပ်ရေး တိုက်ပွဲတွင်လည်းကောင်း၊ နိုင်ငံပြုပြင်ပြောင်းလဲရေး တွင်လည်းကောင်း၊ နိုင်ငံတည်ဆောက်ရေးတွင်လည်းကောင်း ထင်ရှားပြောင်မြောက်သော အခန်းကဏ္ဍများမှ ပါဝင်ခဲ့သည်။

နိုင်ငံသူ နိုင်ငံသားများ၏ တာဝန် ကျေပွန်

“ပြည်သူပြည်သားများဟာ ရွေးကောက်ပွဲမှာ မဲပေးခြင်းဟာ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ တာဝန်ဆိုတာ သိပြီးသလို ကိုဗစ်ရောဂါ မကူးစက်အောင် -စည်းမျဉ်း စည်းကမ်းများကို လိုက်နာခြင်းဆိုတာလည်း နိုင်ငံသူ၊ နိုင်ငံသား များရဲ့ တာဝန်ဆိုတာ နားလည်စေချင်ပါတယ်” ဟု အောက်တိုဘာလ ၅ရက် -နေ့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

အခြေခံကျန်းမာရေး ကိုယ်စီတည်ဆောက်

ကျန်းမာရေးသည် လူတိုင်းလူတိုင်းအတွက် အရေးအကြီးဆုံး အခြေခံ လိုအပ်ချက်ဖြစ်ပါသည်။ အခြေခံကျန်းမာရေးကို ကိုယ်စီကိုယ်စီ တည်ဆောက်ထားနိုင်မှသာ ကြုံတွေ့လာရမည့် ရောဂါဘေးအန္တရာယ် အမျိုးမျိုးကို ကျော်လွှားသွားနိုင်မည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်အဖို့ အခြေခံ ကျန်းမာရေး ကောင်မွန်ခြင်းမရှိလျှင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ပညာရေး စသည့်ဘဝဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ ကျန်းမာရေး တဖြည်းဖြည်း ဆုတ်ယုတ်ကာ နောက်ဆုံးတွင် ဘဝကိုအရှုံးပေးသွားနိုင်ပေသည်။

စီးပွားရေးအလားအလာကောင်းများနှင့် မြင့်မားလာနိုင်သည့် အနာဂတ်လူမှုစီးပွား

ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏ ကျန်းမာရေးသာမက အသက် အန္တရာယ်ပါ ထိခိုက်ပျက်စီးမှု ရှိစေသော မကြုံဖူးသည့် ရောဂါဆန်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိပြည်သူများသည် ကိုဗစ်ရောဂါကြောင့် ဘဝများ၊ အသက်များ ပေးဆပ်ခဲ့ရပြီး ဆက်လက်၍လည်း ရင်ဆိုင်ကျော်လွှားအန်တုနိုင်ရန် ကြိုးပမ်းနေသည်။ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏ ကျန်းမာရေးအတွက်သာမက လူမှုစီးပွားများပါ ထိခိုက်ပျက်စီးစေသည်ကို လက်တွေ့ ကြုံတွေ့နေကြရပါသည်။

ကူညီဖြည့်စွမ်း စေတနာ့ဝန်ထမ်း

ကိုဗစ်-၁၉ ရောဂါကူးစက်မှုက မိမိတို့နိုင်ငံတွင် များလာနေသည်။ ရောဂါ ကူးစက်မှုများက လျော့မသွား တိုး၍သာ များနေသဖြင့် ရှေ့တန်းတိုက်စစ်မှူးများဖြစ်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများသည်လည်း ပင်ပန်းနွမ်းလျလာကြ၏။ ပိုးတွေ့လူနာ များပြားမှုကြောင့် ဆေးရုံနေရာ အခက်အခဲ၊ ကူညီစောင့်ရှောက်သူအင်အား အခက်အခဲများ ကြုံနေရသော်လည်း နည်းဗျူဟာအပြောင်းအလဲများ ပြုလုပ်ကာ မကြာမီကာလအတွင်း ထိန်းချုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
Subscribe to ကြေးမုံ,အယ်ဒီတာ့အာဘော်