Skip to main content

ပြည်သူပြည်သားများအပေါ်တွင် ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ကူညီ

တပ်မတော်သည် တိုင်းရင်းသား ပြည်သူအားလုံးတို့အပေါ်တွင် ရင်ဝယ်သားကဲ့သို့ တန်းတူထားကာ စောင့်ရှောက်ကူညီပေးလျက်ရှိသည်။ နိုင်ငံအတွင်း အေးချမ်းစွာ နေထိုင်ကြသော ပြည်သူပြည်သားများအပေါ်တွင် မည်သည့်အခြေအနေတွင်မျှ၊ မည်သည့် အခါတွင်မှ ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ဆက်ဆံခြင်း မပြုလုပ်ခဲ့ပေ။ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ၏အကျိုးစီးပွားကို ထာဝစဉ်ဦးထိပ်ပန်ဆင်ပြီး ပြည်သူသာအမိ၊ ပြည်သူသာအဖ စိတ်ထားဖြင့် စောင့်ရှောက်ကူညီပေးလျက်ရှိသည်။

ထာဝရငြိမ်းချမ်းရေးလမ်းသို့ အတူလျှောက်လှမ်း

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် နိုင်ငံဖြစ်၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေး အထူးလိုအပ်သည်။ ထာဝရငြိမ်းချမ်းရေး လမ်းကို လျှောက်လှမ်းနိုင်ရန်အတွက် ဦးစွာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုး၍ အတူလျှောက်လှမ်း နေကြသည်။

အစဉ်မဖောက်မပြန်မှန်ကန်သည့်တရား

လောကအကျိုးစီးပွားကို မဖောက်မပြန် မှန်ကန်စွာ ဆောင်ကြဉ်းနိုင်စေရန်အတွက် မြတ်စွာ ဘုရားရှင်သည် ကာလာမသုတ်တရားတော်ကို မေတ္တာရှေ့ထား၍ ကောသလတိုင်းသား ကာလာမအမျိုးကောင်းသားတို့အား ဟောကြားတော်မူခဲ့ပါသည်။

ရောဂါကာကွယ်ရေးကို ဝမ်းမြောက်ဂုဏ်ယူ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမဦးဆုံး စတင်ထိုးနှံမှု အစီအစဉ် စတင်လိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံအတွက်သာမက နိုင်ငံသူ နိုင်ငံသားများအတွက်ပါ ဝမ်းမြောက်ဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာကောင်းသော အချိန်ကာလ၊ မင်္ဂလာရှိသောကာလဟု ဆိုရမည်ဖြစ်သည်။

အသိတရားဖြင့် ပူးပေါင်းပါဝင်ကာကွယ်

လက်ရှိအချိန်သည် မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ၊ ဝမ်းသာစရာ၊ မင်္ဂလာ ရှိသောအချိန်အခါ ဖြစ်သည်။ ၂၀၂၁ နှစ်သစ်အတွက်ကောင်းခြင်းမင်္ဂလာများနှင့် အစပြုလိုက်ပြီဟု ဆိုရမည်။ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရောက်ရှိလာမည်ဖြစ်ကြောင်း မင်္ဂလာသတင်းကောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဇန်နဝါရီလ ၂၁ ရက်နေ့က အသိပေးခဲ့ရာ များစွာဝမ်းမြောက်ကြမည် ဖြစ်သည်။

ကျွမ်းကျင်မှုဖြင့် တိုးတက်သည့်နိုင်ငံထူထောင်

“နိုင်ငံတစ်နိုင်ငံရဲ့ အသက်မွေးဝမ်းကျောင်းပညာဟာ အမှန်တကယ်တိုးတက်ပါမှ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာနိုင်မှာ ဖြစ်တဲ့အတွက် ဒီလိုအသက်မွေး ပညာရပ်တွေကို သင်ကြားလေ့ကျင့်ပေးနေတဲ့ အင်းစိန်ဂျီတီအိုင် သိပ္ပံကျောင်းတွေရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဟာ တစ်နေ့တခြား အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ တည်ရှိလျက်ရှိပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဂျီတီအိုင်ပညာရေး (၁၂၅) နှစ်ပြည့်အထိမ်း အမှတ်ဖွင့်ပွဲတွင် ဗီဒီယိုဖြင့် ဂုဏ်ပြု ဝမ်းမြောက်စကားပြောကြားခဲ့သည်။

လွတ်လပ်ရေးအရှိန်အဝါ ထိန်ကာဝင်းလက်

“လွတ်လပ်ရေး အရှိန်အဝါသည် ထိန်ကာဝင်းမှည့်၊ တလက်လက်ပြောင်သည်။ မြန်မာ့မြေပေါ် တောက်ထွန်းခဲ့ပြီ၊ ထွန်းပါသောကော၊ ပြောပြမည်၊ မဟာဗန္ဓုလမှ စကာအတည်၊ ဗိုလ်ချုပ်တို့ နောက်ဆုံးဖြစ်တော့သည်။ တစ်ရာ့နှစ်ဆယ့်နဲ့ နှစ်နှစ်တိုင်တိုင် မြန်မာ့သွေးတွေလည်း တဖြိုင်ဖြိုင်ပေးကာ ရွေးယူတော့မှရသည်။ ဟယ် - လွတ်လပ်ရေး သင်ဘယ်ကိုပြေးတော့ မလွတ်နိုင်၊ လက်ဆုပ်လက်ကိုင် ပိုင်ဆိုင်ရပေပြီ။” ဤစာသား တေးသွားကား ၁၉၄၈ ခုနှစ်ဇန်နဝါရီလ၄ရက်နေ့တွင် ပထမအကြိမ် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံမှထုတ်လွှင့်ခဲ့သည့် တေးသီချင်း ဖြစ်သည်။

ပြည်သူယုံကြည်အားကိုး တရားဥပဒေစိုးမိုး

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သောနိုင်ငံဖြစ်သည်။ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် အချုပ်အခြာအာဏာ ခက်မသုံးဖြာတို့ တည့်မတ်မှန်ကန်ခိုင်မာစွာဖြင့် အပြန်အလှန် ထိန်းကျောင်းမှုအောက်တွင် ပြည်သူများ လုံခြုံစိတ်ချပြီး အေးချမ်းစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနေသည်။

လူထုပါဝင်မှ ရောဂါဖြစ်ပွားနှုန်းကျဆင်း

လက်ရှိကာလ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၆၈ သန်းကျော်နှင့် သေဆုံးသူ တစ်သန်းခွဲကျော် ရှိသည်။ မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်သိန်းကျော်နှင့် သေဆုံးသူ နှစ်ထောင်ကျော် ရှိသည်။ မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံး ရောဂါဖြစ်ပွားနှုန်းမှာ ကျဆင်းသွားခြင်းမရှိသေးဘဲ ဆက်လက်စံချိန်တင်ထားဆဲ ဖြစ်သည်။

အမျိုးသားအောင်ပွဲနေ့နှင့် အမျိုးသားအကျိုးစီးပွား

ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာခြင်းနှင့်အတူ အမျိုးသားရေးလှုပ်ရှားမှုလည်း တစ်ဆက်တည်း ဖြစ်ပေါ်လာခဲ့သည်။ ထိုအမျိုးသားရေးလှုပ်ရှားမှုကြီးသည် ယူနီဗာစီတီအက်ဥပဒေကို ကျောင်းသားများ နှင့် ပြည်သူတစ်ရပ်လုံး ကန့်ကွက်နေသည့်ကြားမှ အတည်ပြုပြဋ္ဌာန်းလိုက်သဖြင့် ပေါ်ပေါက်လာသော အမျိုးသားရေးလှုပ်ရှားမှု၊ အမျိုးသားရေး သမိုင်းမှတ်တိုင်၊ အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။
Subscribe to ကြေးမုံ,အယ်ဒီတာ့အာဘော်