(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် လူဦးရေအကန့်သတ် ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်သော်လည်း ယခင်နှစ်များကဲ့သို့ အားကစားပြိုင်ပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပ zတော့မည်မဟုတ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မှာကြားသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်နန်းကျေးရွာအုပ်စုအတွင်း ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု အတွင်း ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်မိ၊ ရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
တနိုင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ရေကြီးမှုကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုအပေါ် နိုင်ငံတော်အစိုးရ၏ (ပြည်ထောင်စု)အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ကြေးပေးအပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးသီးနှံပင်များ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ တောင်သူများ အနေဖြင့် ပျက်စီးဆုံးရှုံးများအတွက် သက်သာမှုရရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ (ပြည်ထောင်စု) အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့သည်။
ဝိုင်းမော်မြို့၌ ငါးလုပ်ငန်းဦးစီးဌာန သင်တန်းခန်းရုံးဖွင့်ပွဲနှင့်နှင့် အခြေခံငါးမွေးမြူရေး၊ ငါးဆေးထိုးသားဖောက် သင်တန်းဖွင့်ပွဲကျင်းပ
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး သင်တန်းခန်း ဖွင့်လှစ်ပွဲနှင့် အခြေခံငါးမွေးမြူရေး၊ ငါးဆေးထိုးသားဖောက် သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနား ကို ယမန်နေ့ နံနက် (၉)နာရီတွင် ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းစခန်းရုံး၌ ကျင်းပခဲ့သည်။