၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်(၁၀၀)ပြည့်သည့် ရန်ကုန် တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ဖြစ်နေဆဲ ကာလဖြစ်၍ ရန်ကုန်တက္ကသိုလ်နယ်မြေတွင် မကျင်းပဘဲ ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(၁)တွင် Virtual စနစ်ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။ ။
ဂုဏ်ယူဖွယ်ရာ သမိုင်းဝင်ရာပြည့်တက္ကသိုလ်
ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ပညာရေးလောကတွင်သာမက လွတ်လပ်ရေးကြိုးပမ်းမှု မြန်မာ့နိုင်ငံရေး လောကတွင်ပါ သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် တက္ကသိုလ်ကြီးဖြစ်သည်။ ကိုလိုနီခေတ်တွင် မြန်မာတစ်မျိုးသားလုံး ပညာသင်ယူမှု အခွင့်အလမ်းမညီမျှမှု၊ နိမ့်ကျမှုနှင့် တစ်မျိုးသားလုံး အဆင့်မြင့်ပညာသင်ယူနိုင်ခွင့် နည်းပါးမှုတို့ကြောင့် မြန်မာလူငယ်များ အဆင့်မြင့်ပညာကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရရှိစေမည့် အမျိုးသားပညာရေးစနစ် ဖြစ်ထွန်း လာအောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။
ရောဂါကာကွယ်ထိန်းချုပ်ရေး အစဉ်လိုက်နာ
ကမ္ဘာတစ်ဝန်း၌ ကိုဗစ် - ၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည်မှာ တစ်နှစ်ပတ်လည်ပင် ပြည့်တော့မည်ဖြစ်သည်။ တစ်နှစ်တာကာလ ယနေ့အချိန်အထိ ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရသည့် ကမ္ဘာ့ပြည်သူသန်းပေါင်း ၆၀ ကျော်ရှိပြီး သေဆုံးသူပြည်သူ တစ်သန်းခွဲခန့်အထိ ရှိလာပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှ ပြည်သူအားလုံး ကိုဗစ် - ၁၉ ရောဂါအဆုံးသတ် မည့် ကာလသို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေဟု မျှော်လင့်ဆုတောင်းနေကြသည်။
စီးပွားရေး ပြန်လည်ဦးမော့အောင်ကြိုးပမ်း
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆက်တွဲဂယက်ရိုက်ခတ်မှုတွင် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းနှေးကွေးပြီး အချို့လည်း ရပ်တန့်နှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်နစ်နာကြသည့် စီးပွားရေးလုပ်ငန်းများတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပါဝင်ခဲ့သည်။
ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ လေးစားလိုက်နာ
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလအတွင်း ရောဂါပိုးမကူးစက်စေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရေး၊ လူမှုရေး၊ စီးပွားရေး လုံခြုံအဆင်ပြေရေး စသည်ဖြင့် ပြည်သူများ၏ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးကိစ္စ အဝဝတို့ကို အဘက်ဘက်တွင် လစ်ဟာမှု မရှိတန်သလောက် မရှိစေရအောင် နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
နိုင်ငံအချင်းချင်း ပူးပေါင်းမှုတိုးတက်ခိုင်မာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီးအစည်းအဝေးနှင့် (၁၅) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးများသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။
ကာကွယ်ထိန်းချုပ်ရေး မဖြစ်မနေလိုက်နာ
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲဖြစ်ပြီး လက်ရှိ၌ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုအခြေအနေမှာ တန်းနေသည့် သဘောရှိသည်။ ဓာတ်ခွဲစစ်ဆေးပြီး ရောဂါပိုးတွေ့ အတည်ပြုလူနာများမှာ နေ့စဉ် တစ်ထောင်ဝန်းကျင်ရှိနေဆဲဖြစ်ပြီး သေဆုံးသူ ဦးရေမှာမူ လျော့ကျလာရာ လာမည့်ရက်သတ္တပတ်ကာလများ၌ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အကောင်းအဆိုး အကြောင်း အကျိုး ပိုမိုသိလာနိုင်မည်ဖြစ်သည်။
နိုင်ငံအနာဂတ်နှင့် ဂုဏ်ပြုရမည့်ပြည်သူ
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနက် တက်တက်ကြွကြွ နိုးနိုးကြားကြား တာဝန်ကျေပွန်စွာ ပါဝင်ခဲ့ကြသော အဓိကကျသည့် ပြည်သူလူထုအပေါင်းတို့ကို ဦးစွာဂုဏ်ပြ ကျေးဇူးတင်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အားလုံးနှင့် ပါဝင်ကူညီ ဆောင်ရွက်ကြသော အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရမည်ဖြစ်သည်။
ရောဂါကာကွယ်ရေး ဆက်လက်အလေးထား
ယခုအခါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့ပေပြီ။ နိုင်ငံတော်နှင့် နိုင်ငံသားများ၏အရေးကို တာဝန်ကျေပွန်စွာ ဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်သော်လည်း တစ်နိုင်ငံလုံး၏ အရေးတစ်ခုဖြစ်သည့် မပြီးဆုံးသေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကို အားလုံးဆက်လက် ပူးပေါင်းပါဝင်ကြိုးပမ်းအားထုတ်ကြရဦးမည် ဖြစ်သည်။
ဆန္ဒမဲပေးကြဖို့ မဲရုံဆီသို့သွားကြစို့
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝန်းလုံး၌ ယနေ့ တစ်ပြိုင်တည်း ကျင်းပနေပြီဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် မင်္ဂလာရှိသော နေ့တစ်နေ့ အဖြစ် တောင်းဆုခြွေလိုက်ရပါသည်။ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်း ဖော်ဆောင်ရာ၌ ပိုမိုကောင်းမွန်သော ကဏ္ဍသစ်ကို ပြည်သူလူထုနှလုံးသားမှ အသစ်တစ်ဖန် ထပ်မံမွေးဖွား ပေးသောနေ့ဖြစ်၍ အောင်မြင်ခြင်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံသင့်ပါသည်။