Skip to main content

ဂုဏ်ယူနွှဲပျော် ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီး ကျင်းပရန်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရာပြည့်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ ဆပ်ကော်မတီ အလိုက် ကျင်းပသွားမည့် အခမ်းအနားများနှင့် ပညာရေးကဏ္ဍ ပြန်လည်မြင့်မားစေရန် နိုင်ငံတကာနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုအခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်တက္ကသိုလ်၏ ၁၆ ဦးမြောက် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းအား မြန်မာ့ သတင်းစဉ်မှ ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

ရာပြည့်ကံ့ကော်မြိုင်နှင့် တွေ့ဆုံခြင်း

"ရန်ကုန်တက္ကသိုလ် ကံ့ကော်မြိုင်အငြိမ့် အနုပညာ အင်အားများနဲ့ ဖျော်ဖြေကန်တော့ ပန်ဆင် အလင်္ကာ တေးတစ်ပုဒ် ရွေးထုတ်ကာစီစဉ် ထောင့်ကိုးရာ နှစ်ဆယ်မှာ စတင်ပေါ်ခဲ့ပြီ... အလိမ္မာ စာမှာအရှိမို့ ပြောပါရစေ အတည် သမိုင်းကြောင်းအထောက်အထား အမြောက် အမြားရှိခဲ့ပြီ ထူးချွန်ထက်မြက်လှတဲ့ နိုင်ငံ့သားကောင်း များစွာပေါ်ခဲ့ပြီ . . ."

ရန်ကုန်တက္ကသိုလ်က အပ်နှင်းချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ

“ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း ချီးမြှင့်ထိုက်သူတို့ကို ချီးမြှင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။” မင်္ဂလသုတ် ဂုဏ်ထူးဆောင်ဘွဲ့ ကမ္ဘာ့တက္ကသိုလ်ကြီးများတွင် “ဂုဏ်ပြုထိုက်သူတို့အားဂုဏ်ပြုခြင်း”ဟူသော မွန်မြတ်သည့် အစဉ် အလာကောင်း တစ်ရပ်ရှိပေရာ ထိုအစဉ်အလာကောင်းနှင့် အညီ ထူးခြား၊ ထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်ကျော် များအား ထိုက်ထိုက်တန်တန် “ဂုဏ်ထူးဆောင်ဘွဲ့များ”ကို ပေးအပ်ချီးမြှင့်ခြင်း ပြုကြလေ့ရှိပါသည်။

ဦးနေအုပ်ပြောပြသည့် ရန်ကုန်တက္ကသိုလ် ပထမဆုံး ပါမောက္ခချုပ် ဒေါက်တာထင်အောင်နှင့် စပ်လျဉ်းသည့် အမှတ်တရများ

ရန်ကုန်တက္ကသိုလ်သည် တစ်ခေတ်တစ်ခါက အရှေ့တောင်အာရှတစ်ခွင်တွင် ဂုဏ်သတင်းကျော်ကြားကာ နာမည်တောက်ပသောတက္ကသိုလ်ကြီးဖြစ်ခဲ့သည်။ စာပေသင်ကြားမှု၌ လည်းကောင်း၊ စည်းကမ်းထိန်းသိမ်းရာ၌ လည်းကောင်း၊ အဆောက်အအုံများ နေသားတကျရှိမှုနှင့် တည်နေရာအနေအထားအကွက်အကွင်းကျမှု၌ လည်းကောင်း၊ သဘာဝအလှအပနှင့် လူတို့ကြိုးစားတည်ဆောက်မှုအလှအပတို့ ဟန်ချက်ညီစွာ ပေါင်းစပ် ထားသည့်အရာ၌ လည်းကောင်း သူမတူအောင် ထူးခြား​သောတက္ကသိုလ်ကြီးပင် ဖြစ်သည်။
Subscribe to ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်