Skip to main content

ပဒေသာပင်ပေါက်အောင်ဆိုရင်

မြန်မာတစ်နိုင်ငံလုံး ကိုလိုနီဘဝ ကျရောက်နေချိန်တွင် နိုင်ငံ့စီးပွားအရင်းအမြစ်များ အားလုံးမှာ နယ်ချဲ့တို့လက်ထဲမှာသာ ရှိခဲ့သည့်အလျောက် ရရှိသမျှ အကျိုးအမြတ်အားလုံးသည်လည်း နယ်ချဲ့နောက်တော်ပါ နိုင်ငံခြားသားအရင်းရှင်တို့အတွက်သာ ဖြစ်ခဲ့သည်။ သယံဇာတပေါများကြွယ်ဝသည့်မြေပေါ်တွင် ရှင်သန်နေထိုင်ရင်း ဆင်းရဲတွင်းနက်ခဲ့ကြသည့် မြန်မာတို့မှာ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး လွတ်လပ်ရေးရသည့်အခါတွင် မိမိတို့လည်း ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ကြမည်ဟု မျှော်လင့်ခဲ့ကြသည်။

တန်းတူရည်တူ၊ စိတ်တူကိုယ်မျှ

ကမ္ဘာ့မြင်ကွင်းတွင် စစ်၏ အနိဋ္ဌာရုံများကို မိမိတို့ မြင်တွေ့နေကြရသည်။ သေကျေခြင်း၊ ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ ကွဲကွာခြင်း၊ ငိုကြွေးခြင်း၊ ပူဆွေးခြင်း၊ သောက၊ ပရိဒေဝများ ဖြစ်ပေါ်လာစေသည့် စစ်သည် စတင်ရန်ထက် အဆုံးသတ်ရန် ခက်ခဲသည်။ မူလက နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စသည့်အကြောင်းရင်းခံ ပြဿနာတစ်ခုခုမှ စတင်သော်လည်း အပြန်အလှန်တိုက်ခိုက်မှုများကြောင့် အမုန်းတရားနှင့် ရန်ငြိုး၊ ဒေါသ၊ အာဃာတတို့ပါ ထပ်မံ ပေါ်ပေါက်လာသည်။

ဒေသနှင့်ဒေသခံများအကျိုးအတွက် ဒီမိုကရေစီနည်းလမ်းဖြင့်ဆောင်ရွက်

ဒေသတည်ငြိမ်အေးချမ်းမှုသည် ဒေသတွင်းနေပြည်သူများ အလိုလားဆုံးသော အခြေအနေတစ်ရပ်ပင် ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်‌အောင် ဆောင်ရွက်နိုင်သည်။ ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်သည်။ ဒေသများနည်းတူ နိုင်ငံသည်လည်း တည်ငြိမ်အေးချမ်းမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးလွှမ်းခြုံမှုမြင့်မားရေး ဝိုင်းဝန်းဆောင်ရွက်

အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် ကျောင်းအခြေပြု စတင်ထိုးနှံပေးလျက်ရှိပြီဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးဦးရေ တစ်သိန်းလျှင် သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားသူ ၁၃ ဒသမ ၃ ဦးရှိပြီး ရောဂါကြောင့်သေဆုံးမှုမှာ ၆ ဒသမ ၉ ဦးရှိရာ ရောဂါဖြစ်ပွားသူထက်ဝက်ကျော်တို့ သေဆုံးကြရသည်ကို တွေ့ရသည်။ တစ်ဖန် သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူများ၏ ရာခိုင်နှုန်း ၉၀ မှာ ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများမှ ဖြစ်ရာ သေဆုံးမှုနှုန်းမြင့်မားနေကြောင်း တွေ့ရှိရသည်။

ဈေးကွက်စီးပွားရေးစနစ်အားကောင်းမောင်းသန်အောင်မြင်ရေး

အတိတ်ကာလက ဗဟိုဦးစီးစနစ်နှင့် စီမံကိန်းချစီးပွားရေးစနစ်တို့ကို ကျင့်သုံးခဲ့ဖူးသော မိမိတို့နိုင်ငံ၏ မျက်မှောက်ကာလ စီးပွားရေးစနစ်မှာ ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်။ ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဝယ်လိုအားနှင့် ရောင်းလိုအားတို့ကသာ ဈေးကွက်စီးပွားရေးစနစ်ကို အဓိကမောင်းနှင်နေခြင်းဖြစ်ပြီး အစိုးရက ပါဝင်စွက်ဖက်မှု ကင်းနိုင်သမျှ ကင်းခြင်

အစဉ်အမြဲဖွင့်လှစ်ထားသည့် တံခါးဆီ

မိမိတို့နိုင်ငံကို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လိုအင် ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေးအတွက် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုတို့ မဖြစ်မနေလိုအပ်လျက်ရှိသည်။ ထို့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့်  တစ်ဆက်တစ်စပ်တည်း ဖြစ်နေသည့်အားလျော်စွာ နိုင်ငံတော်အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးအတွက် နည်းလမ်းပေါင်းစုံနှင့် ဆောင်ရွက်ခဲ့ကြသည်။

ပြည်သူအပေါ် အလေးထားဆောင်ရွက်မှုများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် နိုင်ငံရေးအရ နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီး နိုင်ငံတော်၏ တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစကာ အခက်အခဲ များစွာ၊ စိန်ခေါ်မှုပေါင်းများစွာတို့ကို ရင်ဆိုင်ကျော်လွှားပြီး နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မပျက်မကွက်ဆောင်ရွက်ခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်လာခြင်း၊ နိုင်ငံရေးသဘောထားကွဲလွဲမှုများမှ စတင်ကာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများနှင့် ဖျက်ဆီးမှုများဖြစ်ပေါ်လာခြင်းနှင့် နိုင်ငံ့စီးပွားရေးကျဆင်း လာနေသည့်အခြေအနေများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့ရသည့် ပထမတစ်နှစ်သက်တမ်းတွင် ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် စိန်ခေါ်မှုများပင် ဖြစ်သည်။

ကြီးထွားနေသည့် တရားမဝင်ကုန်သွယ်မှု လုံးဝပပျောက်သည်ထိ တိုက်ဖျက်နိုင်ရေး

တရားမဝင်ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှုတို့က နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ တွင် ကြီးမားသည့် အဟန့်အတား၊ အနှောင့်အယှက်များ ဖြစ်ပေါ်စေသည့်အတွက် နိုင်ငံတော်က အလေးအနက်ထားကာ ဟန့်တားနှိမ်နင်းမှုများ ပြုလုပ်လျက်ရှိသည်။ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) ကို ဇူလိုင် ၂၇ ရက်က ကျင်းပရာ “ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးရမိမှု များစွာတိုးတက်ခဲ့သော်လည်း တရားမဝင် ကုန်သွယ်မှုများ လျော့နည်းကျဆင်းသွားခြင်းမရှိဘဲ ဆက်လက် လုပ်ကိုင်ဆောင်ရွက် နေကြကြောင်း” ဦးဆောင်ကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

သတိပြုရမည့် သွေးလွန်တုပ်ကွေး

သွေးလွန်တုပ်ကွေးရောဂါသည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူသန်း ၄၀၀ ခန့်ကို ကူးစက်ဖြစ်ပွားလျက်ရှိရာ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံများတွင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ သီရိလင်္ကာ စသည်တို့နှင့်အတူ မြန်မာနိုင်ငံလည်း ပါဝင်နေသည်။ တစ်နှစ်ပတ်လုံး ကူးစက်ဖြစ်ပွားနိုင်သည့် ရောဂါဖြစ်သော်လည်း ယခုကဲ့သို့ မိုးဖြိုင်ဖြိုင်ရွာသည့်ကာလတွင် အဖြစ်များသည်။ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံများတွင် ယခုနှစ်ပထမနှစ်ဝက်ကာလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ယမန်နှစ်ကထက် မြင့်တက်နေကြောင်း သတင်းများတွင် တွေ့ရှိရာ မိမိတို့နိုင်ငံတွင်လည်း အထူးသတိပြုဖွယ်ဖြစ်သည်။

အာဇာနည်စိတ်ဓာတ်အမွေခံ

လွန်ခဲ့သည့် (၇၆)နှစ်။ ခေတ်သစ်မြန်မာနိုင်ငံ၏ သမိုင်းသည် နိဒါန်းပဏာမအစမှာပင် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုဖြင့် အရုပ်ဆိုးအကျည်းတန်စွာ ဖွင့်လှစ်ခဲ့ရာ လွတ်လပ်ပြီးနောက် မြန်မာနိုင်ငံအပေါ် အဆိုပါဖြစ်ရပ်က များစွာပြောင်းလဲသွားစေသည်ဟု မြန်မာနိုင်ငံသား အများအပြားတို့က ယနေ့ထက်တိုင် ယုံကြည်ကြသည်။ အကယ်၍သာ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် နိုင

Subscribe to """မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်