ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိရာ ယင်းအခက်အခဲများကို စီးပွားရေးဆိုင်ရာ အခက်အခဲနှင့် စီးပွားရေးနှင့် တိုက်ရိုက်မသက် ဆိုင်သော အခက်အခဲများဟူ၍ သုတေသီပညာရှင်တို့က ခွဲခြား ဖော်ပြကြသည်။ ထို့အပြင် ၎င်းတို့၏ လေ့လာတွေ့ရှိချက်များအရ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးမဖွံ့ဖြိုး၊ မတိုးတက်ရခြင်း အကြောင်းတရားများတွင် စီးပွားရေးဆိုင်ရာ အကြောင်းတရားများထက် စီးပွားရေးနှင့် တိုက်ရိုက်မသက်ဆိုင်သော အကြောင်းတရားများက ပို၍အရေးပါကြောင်း၊ ယင်းအခြေအနေမှာလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းနိမ့်ကျလေ ပို၍မှန်ကန်လေ ဖြစ်ကြောင်းဖြင့်လည်း ဆိုထားသည်။
စီးပွားဖြစ်ဝါးစိုက်ခင်းများ တည်ထောင်
မြန်မာနိုင်ငံသည် သဘာဝအလျောက် ပေါက်ရောက်သည့် ဝါးတောများ ကျယ်ပြန့်များပြားစွာ ပိုင်ဆိုင်သည့် နိုင်ငံဖြစ် သည်။ ကမ္ဘာနှင့်ချီ၍ ပြောရလျှင် တရုတ်၊ အိန္ဒိယတို့ပြီးလျှင် တတိယမြောက် အများဆုံးသော သဘာဝဝါးတောများကို ပိုင်ဆိုင်ထားသည်။ မြန်မာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်ဒေသနေ ပြည်သူလူထု၏ လူနေမှုဘဝတွင် ဝါးသည် ကဏ္ဍများစွာ၌ ပါဝင်လျက်ရှိနေပြီး မျှစ်နှင့် ဝါး ထုတ်ယူမှုများကြောင့် သဘာဝဝါးတောများ လျင်မြန်စွာ ပြုန်းတီးလျက်ရှိနေသည်။
အကြမ်းဖက်ခံနေရသည့် မြန်မာ့ရိုးရာ နှစ်ကူးသင်္ကြန်
နှစ်ဟောင်းတစ်ခုကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးပွဲတော်များ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ရိုးရာ ဓလေ့အလိုက် ပျော်ပျော်ရွှင်ရွှင်၊ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြစမြဲဖြစ်သည်။ တစ်နှစ်တွင် တစ်ခါသာ ကျင်းပရသည့် နှစ်သစ်ကူး ပွဲတော်များက လူတို့၏စိတ်နှလုံးကို ပျော်ရွှင်ကြည်နူးစေသည်။ ပျော်ပွဲရွှင်ပွဲများနှင့်အတူ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြပြီးနှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုကူးပြောင်းကြသည်။
ငါးသလောက်ငါး သယံဇာတမြှင့်တင်ရေး သားပေါက်ချိန် ရာသီအလိုက် တားမြစ်ချက်လိုက်နာ
“ငါးမှာ ငါးသလောက်” ဟူသည့် ဆိုရိုးစကားက ငါးသလောက်သည် အရသာအရှိဆုံး ငါးမျိုးဖြစ်ကြောင်း ဖော်ညွှန်းနေပြီး မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ငါးမျိုးထဲတွင် ပါဝင်ကြောင်း ကိုလည်း ပြဆိုနေခြင်းဖြစ်သည်။ ငါးသလောက်ကို ဘင်္ဂလားပင်လယ်အော် ပတ်ဝန်းကျင် သုံးနိုင်ငံဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့က အဓိကထုတ်လုပ်ပြီး နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချသည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ငါးသလောက် ဖမ်းဆီးရမိမှု ကျဆင်းလာပြီး ငါးအရွယ်အစားမှာလည်း သေးငယ်လာသည့် အခြေအနေသို့ ရောက်ရှိလာရာ ငါးသလောက်ငါး သယံဇာတမြှင့်တင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လာသည်။
အကြမ်းဖက်မှုကို သွယ်ဝိုက်အားပေးခြင်း
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်ပုဒ်မများအရ ပြစ်မှုထင်ရှားသဖြင့် တရားခံလေးဦးအား သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင်ခဲ့သည်။ လူ့အသက်များ သေကျေပျက်စီးရခြင်းသည် လူ့ကျင့်ဝတ်အရဖြစ်စေ၊ လူသားတို့၏ စိတ်ခံစားမှုအရဖြစ်စေ ဝမ်းသာကြည်နူးစရာမဟုတ်ဘဲ ဝမ်းနည်းဖွယ်သာဖြစ်သည်မှာ လွန်စွာမှပင်သေချာလှသည်။ သို့ရာတွင် ပြစ်ဒဏ်စီရင်ခံခဲ့ရသူများ ကျူးလွန်ခဲ့သည့် ပြစ်မှုများ၏ အခြားတစ်ဖက်တွင် ပြစ်မှုကျူးလွန်ခံခဲ့ရသူတို့၏ အသက်များ၊ ဘဝများ၊ မိသားစုများ၊ အစားထိုးမရသည့် နစ်နာဆုံးရှုံးမှုများ၊ ဝမ်းနည်းပူဆွေးမှုများ ရှိနေသည်။
ပြိုင်ပွဲတိုင်းတွင် အောင်လံလွှင့်ထူ
ဗီယက်နမ်နိုင်ငံတွင်ကျင်းပမည့်(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်မည့် အားကစားသမား ၂၉၃ ဦးတို့က အားကစားနည်း ၂၀ ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် ကြိုးပမ်းယှဉ်ပြိုင်သွားကြမည့် အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံကို အပ်နှင်းလိုက်ပြီဖြစ်သည်။ အားကစားနည်း ၄၀ထည့်သွင်းကျင်းပသွား မည်ဖြစ်သည့်ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက ဆုတံဆိပ်ရရှိရန် အလားအလာရှိသည့် အားကစားနည်း ၂၀ ၌သာ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ဦးတည်ပြင်ဆင်လေ့ကျင့်ခဲ့ကြခြင်းဖြစ်ရာ ရည်မှန်းချက် အတိုင်းအပြည့်အဝအောင်မြင်မှုရရှိနိုင်ရန် အားကုန်ထုတ်၍ အမြင့်မားဆုံးစိတ်ဓာတ်ဖြင့် ကြိုးပမ်းစွမ်းဆောင်ကြရမည်ဖြစ်သည်။