ရန်ကုန်တိုင်းဒေသကြီး

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူ သုံးရာငါးဆယ်ကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး၌ ၂၀၂၅ - ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ယနေ့အထိ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနောက်ဆက်တွဲစောင့်ရှောက်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ်သင်တန်းသားဦးရေ သုံးရာငါးဆယ်ကျော်အထိရှိပြီးဖြစ်ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ် သင်တန်းဆင်း သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ(၁၂/၂၀၂၅)အခမ်းအနားမှ သိရသည်။

ကမာရွတ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

သုံးခွမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို အမှတ်(၁)ရပ်ကွက် မင်းရဲကျော်စွာလမ်းရှိ မြို့နယ်အားကစားခန်းမတွင် နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီခွဲက ဖွင့်လှစ်ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်၌ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအား ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာနေထိုင်သူများ ကြိုတင်ဆန္ဒမဲ လာရောက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး မဲဆန္ဒပြုခန်းတွင် ယနေ့နံနက်ပိုင်းအချိန်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာနေထိုင်သူများ ကြိုတင်ဆန္ဒမဲ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ် တညင်းကုန်းလက်ကားစျေးအတွင်းရှိ စျေးဆိုင်ခန်းတစ်ခန်း မီးလောင်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်၊ တညင်းကုန်းလက်ကားစျေး၊ စျေးရုံးအမှတ် (၃) တွင်းရှိ စျေးဆိုင်ခန်းတစ်ခန်းသည် ယမန်နေ့ည ၈ နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်၊ မင်္ဂလာတောာင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့ ၁၂ နာရီက ‌အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

ကွမ်းခြံကုန်းမြို့နယ် နေရပ်စွန့်ခွာပြည်သူများအား ကြိုတင်မဲပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်ကော်မရှင်ရုံး၌ နေရပ်စွန့်ခွာ ပြည်သူများအား ကြိုတင်မဲပေးခြင်းကို ယမန်နေ့က ပြုလုပ်ဆာင်ရွက်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်သို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးများက သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းနှင့် စနစ်မှန်သွားတိုက်နည်း လက်တွေ့သရုပ်ပြခြင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဆရာဝန်ကြီး ဒေါက်တာကွန်စတန်ဦးဆောင်၍ အနောက်ပိုင်းဆေးရုံနှင့် သာကေတအထူးကုဆေးရုံတို့မှ သွားနှင့်ခံတွင်းဆရာဝန်များ၊ တိုက်ကြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်း၊ မြို့နယ်သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာသိန်းဇော်လတ်နှင့် ကျောင်းကျန်းမာရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စနစ်မှန်သွားတိုင်နည်း လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့ အ.မ.က (မာလာရုံ) ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲနှင့် သရုပ်ပြပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော မိုးရာသီ အခြေခံအလေးမ၊ တိုက်ကွမ်ဒို၊ မြန်မာသိုင်း၊ Fitness Dance အားကစားသင်တန်းဆင်းပွဲကို ယမန့်နေ နေ့လယ် ၁ နာရီအချိန် ပညာလင်္ကာရမဏ္ဍိုင်ဘုန်းတော်ကြီးစာသင်ကျောင်းတွင် ပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး