ရန်ကုန်တိုင်းဒေသကြီး

သာကေတမြို့နယ်တွင် ပြည်သူများ မဲစာရင်းမကျန်ရှိစေရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် ယနေ့နံနက်ပိုင်း (၉) နာရီက အမှတ် (၈) ရပ်ကွက်သို့ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းခြင်း ဆောင်ရွက်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား Smart Card များ ဆက်လက်ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိပြည်သူများအား Smart Card (Biomertric Card) များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာထားရှိမှုအား ပြည်သူများ လာရောက်ကြည့်ရှု

သန်လျင်ခရိုင် သန်လျင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာမှုကို နိုဝင်ဘာ ၂၂ ရက်မှစတင်ကာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာထားရာ ပြည်သူများ လာရောက်ကြည့်ရှုမှုရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ အငြိမ်းစားသက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ကုသရေးဦးစီးဌာနက ကြီးမှူး၍ ပင်စင်လစာများ ထုတ်ယူနေသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးသည်။

သန်လျင်မြို့နယ်၌ ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် တောင်သူများသို့ နေကြာမျိုးစေ့၊ ဓါတ်မြေသြဇာပေးအပ်ပွဲ ကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ဆီထွက်သီးနှံ(နေကြာ) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် တောင်သူများသို့ နေကြာမျိုးစေ့၊ ဓါတ်မြေသြဇာပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီတွင် သန်လျင်မြို့နယ် သူဌေးကွင်းကျေးရွာ တောင်သူ ဦးပေါ်ဆန်း၏ လယ်မြေ၌ကျင်းပသည်။

စမ်းချောင်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေး

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကြိုတင်မဲပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၆၇၈၆) ဦးအတွက် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇) ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုတို့ကို အတည်ပြုပေး

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်သည်။

ကျောက်တန်းမြို့နယ်၌ အခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၆/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၆/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ကျောက်တန်းမြို့နယ်၊ ကမာကလုတ်တိုက်နယ်၊ ကမာကလုတ်ကျေးရွာ၊   ကပ္ပပဿဒ္ဓိစောမုနိဓမ္မာရုံ၌ နို၀င်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

သုံးခွမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနေမှုအား ကွင်းဆင်းကြည့်ရှု

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် မဲစာရင်းများ ကပ်ထားကြေညာနေမှုကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ဆောင်းသီးနှံ (နေကြာ) အား မျိုးစေ့ချစက်ဖြင့်စိုက်ပျိုးပြသခြင်းနှင့် နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် နွေစပါးအားလက်တွေ့စိုက်ပျိုးပြသ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ရေဆင်းစပ်မျိုးနေကြာ (၁) အား မျိုးစေ့ချစက်ဖြင့် လက်တွေ့စိုက်ပျိုးပြသပေးခြင်းနှင့် နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဖြူကျေးရွာအုပ်စုရှိ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် ဧက (၁၅၀) တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး