ရန်ကုန်တိုင်းဒေသကြီး

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း‌ဆွေးနွေးပွဲ အခမ်းအနားကျင်းပ 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း‌ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ၌ အမှတ်(၈)ရပ်ကွက်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအား ယနေ့နံနက် ၆ အချိန်မှစတင်၍ ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၅)အုပ်စု‌၊ စုစု‌ပေါင်း(၆၂)တို့ရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားရာ‌ ရပ်ကွက်/ကျေးရွာနေပြည်သူများ လာရောက်ကြည့်ရှု‌နေကြကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်၌  ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်‌ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေငြာခြင်းကို ယနေ့နံနက် (၉)နာရီမှစတင်၍ အမှတ်(၁)ရက်ကွက်နှင့် အမှတ်(၂)ရက်ကွက် ကော်မရှင်ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌  ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယအကြိမ် မဲစာရင်းများ စတင်ကပ်ထား ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကပ်ထားကြေညာပေးလျက် ရှိသည်။

တိုက်ကြီးမြို့နယ် ဂဝံလမ်းဖောက်လုပ်မည့်အခြေအနေနှင့် ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ငါးလာချောင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းအဝင်လမ်းအား ဂဝံလမ်းဖောက်လုပ်မည့် အခြေအနေနှင့် ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် အခြေအနေတို့အား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

အလုံမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏လုပ်ငန်းတာဝန်များ မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်

အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်း၊ အထက(၇)ကျောင်း၊ သဇင်ခန်းမ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ မြို့နယ်အဆင့်နည်းပြသင်တန်းကို နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီအချိန်ခန့်က ကျင်းပသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့မှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၁၈ ရက် နံနက် ၉:၃၀ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့မှ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့မှ လမ်းအသုံးပြုသူများ သွားလာမှုလွယ်ကူချောမွေ့စေရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး ကာကွယ်ဆောင်ရွက်ရန်ရည်ရွယ်​၍ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့နံနက် ၉ နာရီက အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ကိုကိုးကျွန်းမြို့နယ်တွင် သရက်သီးနှင့်နာနတ်သီး အခြေခံအဆင့်မြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင်  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သရက်သီးနှင့်နာနတ်သီး အခြေခံအဆင့်မြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်လျက်ရှိရာ နေ့စဉ်နံနက် (၉) နာရီမှစ၍ ပုံမှန်ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး