မန္တလေးတိုင်းဒေသကြီး

ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်းခွဲ၌  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်းခွဲခန်းမ၌ ယနေ့နံနက် ၁၀ နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

မန္တလေးမြို့တွင် တိုင်းဒေသကြီးအဆင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အမရပူရမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်မှုသင်တန်း (ပထမ)အကြိမ် ဖွင့်လှစ်ပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ၏ လုပ်ငန်းလမ်းညွှန်မှုသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီူးဌာနနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိဒေါ်နွဲ့နွဲ့ခိုင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မဲရုံမှူး၊ ဒုတိယမှူးများ တက်ရောက်ခဲ့ကြသည်။

လူငယ်များ ဗလငါးတန်ပြည့်စုံရေး အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တွင် လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တွင် ယမန်နေ့မွန်းလွဲ ၂ နာရီက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနေမှုအား တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန် ကြည့်ရှုစစ်ဆေး

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာထားရှိရာ အဆိုပါကပ်ထားကြေညာထားရှိသည့် အမှတ်(၁)ရပ်ကွက် ချမ်းသာကြီးဓမ္မာရုံသို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်၊ ၂၄ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ အမှတ်(၁)အခြေခံပညာထက်တန်းကျောင်းရှိ အောင်ရာဇာခန်းမဆောင်၌ ယမန်နေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနှင့် တိုင်းဒေသကြီးကော်မရှင်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် ခရိုင်ကော်မရှင်အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကံဌေး၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးဇော်ထက်နှင့်(နည်းပြ) မြို့နယ်ရွေးကောက်ပွဲအဖွဲ့ဝင်များ၊ သင်တန်းသားဆရာ/ဆရာမများ စုစုပေါင်း ၂၃၀ ဦးခန့်တက်ရောက်ခဲ့ကြသည်။

နည်းပညာတက္ကသိုလ်(မန္တလေး) ဘွဲ့ကြို၊ဘွဲ့လွန် သင်တန်းများ စတင်သင်ကြားပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာ အနီးရှိ နည်းပညာတက္ကသိုလ်(မန္တလေး)၌ နိုဝင်ဘာလ ၂၄ ရက်နေ့ မှစတင်ကာ ကျောင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

‎မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ရာပြည့်သဘင် အလှူရှင်ဂုဏ်ပြုပွဲနှင့် ရာပြည့်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

‎မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ရာပြည့်သဘင် အလှူရှင်ဂုဏ်ပြုပွဲနှင့် ရာပြည့်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနားကို မန္တလေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

သာစည်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ မဲရုံမှူး၊ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲနှင့် တစ်ဆက်တည်း သင်တန်းပို့ချခြင်းကို နိုဝင်ဘာ ၂၄ ရက်နံနက် ၉ နာရီခွဲက သာစည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး