မန္တလေးတိုင်းဒေသကြီး

သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းများဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က အပျောက်ကျေးရွာ ဆုပြည့်ချမ်းသာ အထည်ချုပ်လုပ်ငန်းကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မန္တလေးဗဟိုအကျဉ်းထောင်ရှိ အချုပ်သားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ပြုလုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ မန္တလေးဗဟိုအကျဉ်းထောင်ရှိ အချုပ်သားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် ဇီဝအချက်အလက်စာရင်း (UID)ရိုက်ပေးခြင်းကို  နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါအကျဉ်းထောင်တွင် ပြုလုပ်ကြသည်။

ချမ်းမြသာစည်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) နှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ဘော်လီဘောအားကစားဆောင်၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်၌ မီးဖိုမီးအသုံးပြုဆောင်ရွက်ကြသည့် အကြော်ဖိုလုပ်ငန်းများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ မီးဖိုမီးအသုံးပြုဆောင်ရွက်လျက်ရှိသည့် အကြော်ဖိုလုပ်ငန်းများဖြစ်သည့် ပဲကြော်ဖိုများနှင့် အာလူးကြော်ဖိုများ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ လုပ်ငန်းလုပ်ကိုင်သည့် ရပ်ကွက်များအတွင်း ကွင်းဆင်ဆောင်ရွက်ခဲ့သည်။

ညောင်ဦးခရိုင်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာစီစာကုံး၊ ကျပန်းစကားပြော၊ ပုံပြင်ပြောနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင်ကျင်းပမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် စာစီစာကုံး၊ကျ ပန်းစကားပြော၊ စာစီစာကုံးနှင့်ကဗျာရွတ်ပြိုင်ပွဲကျင်းပခြင်းများကို ညောင်ဦးမြို့၊ ကျောက်ပန်းတောင်းမြို့၌ နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၉ နာရီအချိန်မှစတင်၍ နေရာဒေသအသီးသီးတွင် ပြိုင်ပွဲများကျင်းပလျက်ရှိကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနနှင့် စိုက်ပျိုး‌ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ” ကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်း တကောင်းသစ္စာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းရင်းသားရေးရာဝန်ကြီးဌာနဝန်ကြီး ဦးကျော်မင်းခိုင်မှ ပြည်ကြီးတံခွန်မြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည) ရပ်ကွက်၊ ၅၆လမ်း၊ ၁၄၂ (အေ) လမ်းထောင့်ရှိ စက်မှုမစိုးရိမ်ကျောင်းတိုက်တွင် ယမန်နေမွန်းလွဲ ၃ နာရီက မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှ ယာယီနေရပ်စွန့်ခွာလာသော အိမ်ထောင်စု ၃၇၀ စုတို့အား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

စဉ့်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်မှုသင်တန်း (ပတမအကြိမ်) ဖွင့်လှစ်ပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ၏ လုပ်ငန်းလမ်းညွှန်မှုသင်တန်းကို ယနေ့နံနက် ၉နာရီက ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ဖွင့်လှစ်ပို့ချရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကြူ၊ အတွင်းရေးမှူး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးတိုးတိုးအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၁၂၀) ဦး၊ စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ကဗျာ၊ ပုံပြင်ပြောနှင့် ကျပန်းစကားပြောပြိုင်ပွဲကျ င်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်တောင်းမြို့နယ်တွင် ကျင်းပပြုလုပ်မည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို မြို့နယ်အဆင့် ကဗျာ၊ ပုံပြင်ပြောနှင့် ကျပန်းစကားပြောပြိုင်ပွဲကို၊ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

 မိတ္ထီလာခရိုင်၌  မိုးစပါးစိုက်ပျိုးဧက ၉၄၆၈၉ ဧကစိုက်ပျိုးပြီး မိုးစပါးများ စတင်ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးဧက ၉၄၆၈၉ ဧက စိုက်ပျိုးပြီး ၎င်းမိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး